၁။ ဘုရား၊ တရား၊ အဆုံးအမတွေကို နားလည်ရုံမက လိုက်နာသူဖြစ်ရပါမယ်။ ဒါမှမဟုတ် လိုက်နာချင်စိတ်ရှိသူ၊ သောဝစ္စဿတာဂုဏ်(ဆိုဆုံးမလွယ်ခြင်း၊ မှားမှန်းသိရင် အမျက်မထွက်ဘဲ ပြုပြင်စိတ်ရှိခြင်း) နဲ့ ပြည့်စုံရင် အကောင်းဆုံးပါ။ ကံ ကံ၏ အကျိုးကို ယုံကြည်သူလည်း ဖြစ်ရပါမယ်။
၁။ အကောင်းမြင်စိတ်၊ စိတ်ထားကောင်းသူဖြစ်ရပါမယ်။ ကိုယ်၊ နှုတ် အမူအရာ ပြေပြစ်သူလည်း ဖြစ်ရပါဦးမယ်။
၁။ အမှန်အမှား၊ မျှမျှတတ တွေးခေါ်တတ်သူ၊ တွေးခေါ်နိုင်သူ၊ ပွင့်လင်းတဲ့သူ၊ အခြေအတင် ဆွေးနွေးနိုင်သူ ဖြစ်ရပါမယ်။
၁။ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းလည်း လိုအပ်ပါတယ်။ (တစ်ခါတစ်ရံ ကားနဲ့ သွားလို့ အကျိုးသိပ်မဖြစ်နိုင်တဲ့နေရာမှာ လေယာဉ် ဒါမှ မဟုတ် မော်တော်ဘုတ်က မရှိမဖြစ်လိုအပ်ပါတယ်)
၁။ စဉ်းစားနိုင်သူ၊ စဉ်းစားချင်စိတ်ရှိသူ ဖြစ်ရပါမယ်။
အဲဒါလောက်ဆို အတိုင်းထက်အလွန်ပါပဲ။ ရုပ်ရည်ကတော့ ပြောစရာမလိုပါဘူး။ ဘာလို့လဲဆို ကျွန်တော်က ကြည့်မကောင်းရင်တော့ ကြိုက်မှာမဟုတ်ဘူးး) အချက်တွေအားလုံးက တစ်ခု နဲ့ တစ်ခု ဆက်စပ်နေပါတယ်။ တစ်ခုနဲ့ လွတ်ရင်နောက်တစ်ခုနဲ့ ညိပါလိမ့်မယ်။ ဒါမှသာ အကောင်းဆုံး ဖြစ်လိမ့်မယ်။း)
ဒေါသကြီးရင် တော့မကြိုက်ဘူး။ ဒါပေမယ့် ခေါင်းဆောင်အရည်အချင်းရှိတဲ့သူတွေမှာ ဒေါသက Built in မောင်းနှင်အားဆိုတော့ နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် မလွန်ကဲရဘူးပေါ့။ ခေါင်းဆောင်အရည်အချင်း ပြောပြောနေလို့ နောက်ကလိုက်မယ်တော့ မဟုတ်ပါဘူး။ လိုအပ်တဲ့ အရည်အချင်းက အားလုံးရှိ ထားတာကောင်းလို့ပါ။ ကျွန်တော်လည်း ဟင်းဝိုင်းချက်မှာ။ မဟုတ်လို့ သူမရှိရင် ငတ်မှာပေါ့။ ကျန်တာတွေလည်း လုပ်နိုင်ပါတယ်။ လုပ်ချင်စိတ်ရှိပါတယ်။ မျှမျှတတပေါ့။
စကားတစ်ခု ခဏခဏပြောရင် လုံးဝ မကြိုက်ဘူး။ ဒါပေမယ့် အဲဒါက နားလည်ပြီးနားထောင်ပေးနိုင်ပါတယ်။ ကျွန်တော်လည်း တစ်ခါတစ်ခါ မေ့တတ်တာကိုး။
ဒါပေမယ့် အဲဒီစကားက အပြစ်တစ်ခု (ဘယ်သူ့အပြစ်ဖြစ်ပါစေ၊ ကိုယ်နဲ့ ဘာမှ မဆိုင်ဘဲ သူများ ရုန်းကန်ရတာကို သနားစိတ်နဲ့ အပြစ်တင်လေ့ရှိကြတယ်)၊ ပြီးသွားခဲ့တဲ့ အမှားတစ်ခုကို ထပ်ခါထပ်ခါပြောတာမျိုး ဆိုရင်တော့ သည်းမခံနိုင်လောက်အောင် ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်သည်းခံနိုင်တာထက် အမြဲတမ်း နည်းနည်းပိုပြီး သည်းခံနိုင်ပါတယ်။ နောက် ကျွန်တော်က အိုသွေးပါ။ ဘာလို့ဆို ဖော်ဝဒ်မေးလ်က ဗေဒင်မှာ အရမ်းမှန်လို့။း)
ပြီးပါပြီ။ ဒီစာဖတ်ပြီး ကွာလီဖိုင်း မဖြစ်ဘူးဆိုပြီး စိတ်ဓာတ်မကျနဲ့နော်။ :P နောက်တာ