It was on 31 Aug 09.
In the morning,
Played Paratta 11 and went to work as usual. Took the bus 169. Oh.. the sky was so clear and looked so great. Saw a girl who singled out of the crowd as usual. The plants on each sides of the road are also so green. After 20 mins traveled, arrived the work place. Then had a breakfast and wondered about the net.
Had a great morning.
It was in the after noon,
Went for lunch. Had a fried rice, which is good everyday. Came back and drank coffee in the office. Till late after noon, there was no ones but me in the office.
It was at 3:30,
Colleagues arrived back from sites, I took a fresh air for a while in the turf area outside the room.
Saw something interesting: the black ants. Actually, seeing the black ants didn't attract to me but what they are doing.
I approached them curiously. You know something? They were digging the earth to make a tunnel or whatever in that each soldiers went into the hole and came out while carrying the earth as big as its butt. Then make the earth they carried a pile somewhere around outside the hole. I couldn't know since when they had been doing that. But I could guess seeing the much earth they had piled. There was no one who didn't do anything; every soldiers was doing its job. Nonetheless, I saw one looking around the hole and the heap of earth as if he is the guard.
What if someone teases and plays with you all and destroys your work done? Or will the rain wash down the earth and drown you all? I don't think you all consider those soul-destroying stuffs that will kill your vigorous effort.
Oh... The Big Black Ants, you all deserve my salute.
Then went in to the office with the look of the Chariot who found the best strategy to win the great victories and did the things as usual with the different look.
It was on six o' clock,
I fell out from the office. Met with the girl in the morning. :) Happy ending!
Sunday, August 30, 2009
Friday, August 28, 2009
Japanese a bit
Where are you going?
anata wa doko ni ikimasu ka?
အာနထ၀ ဒို့ခို နိ အိကိမတ်စ် ကာ့?
You - anata; wa - is/are; doko - where; ni - to; ikimasu - go (polite form); ka - ? (question form)
Do you speak English?
eigo o hanashimasu ka?
အဲ့အိဂို အို ဟာနရှိမတ်စ် ကာ့?
(eigo - English; o - ကို (object proposition); hanashimasu - speak (polite); ka - ?)
What did you say?
nani o oshaimashita ka?
နန်းနိ အို အိုရှာအိမာရှ်တ ကာ့?
(nani - what; o - ကို (object proposition); oshaimashita - said; ka - ?)
What did you say?
nani wo iuta?
နန်းနိ အို အိအုတာ့?
I don't know / understand.
wakarimasen
ဝါကားလိမာစန့်
Yes
hai
ဟိုက် (နဖူးကိုတော့ လက်ဖြင့် မရိုက်မိပါစေနှင့်)
No
iie
အိအိအဲ့ (အိအဲ့)
Where is the restroom?
otearai wa doko desu ka?
အိုတဲ့အရအိ ၀ါ့ ဒို့ခို ဒက်စ် ကာ့?
မှားတယ် / မှန်တယ် / ဘယ်လိုဆို ပိုကောင်းတယ် ၀င်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
အာနထ၀ ဒို့ခို နိ အိကိမတ်စ် ကာ့?
You - anata; wa - is/are; doko - where; ni - to; ikimasu - go (polite form); ka - ? (question form)
Do you speak English?
eigo o hanashimasu ka?
အဲ့အိဂို အို ဟာနရှိမတ်စ် ကာ့?
(eigo - English; o - ကို (object proposition); hanashimasu - speak (polite); ka - ?)
What did you say?
nani o oshaimashita ka?
နန်းနိ အို အိုရှာအိမာရှ်တ ကာ့?
(nani - what; o - ကို (object proposition); oshaimashita - said; ka - ?)
What did you say?
nani wo iuta?
နန်းနိ အို အိအုတာ့?
I don't know / understand.
wakarimasen
ဝါကားလိမာစန့်
Yes
hai
ဟိုက် (နဖူးကိုတော့ လက်ဖြင့် မရိုက်မိပါစေနှင့်)
No
iie
အိအိအဲ့ (အိအဲ့)
Where is the restroom?
otearai wa doko desu ka?
အိုတဲ့အရအိ ၀ါ့ ဒို့ခို ဒက်စ် ကာ့?
မှားတယ် / မှန်တယ် / ဘယ်လိုဆို ပိုကောင်းတယ် ၀င်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
Wednesday, August 26, 2009
ကျွန်တော့် ကြက်တူရွေး မလိမ်ပါဘူး
လူငယ်တစ်ယောက်က ဆိုင်တစ်ခုမှာ ကြက်တူရွေးလေး တစ်ကောင်ဝယ်လိုက်တယ်။ ဆိုင်ရှင်ကပြောတယ်၊ ဒီကြက်တူရွေးလေးက သူကြားသမျှကို ပြန်ရွတ်ပြနိုင်တယ်တယ်။ ဒီလိုနဲ့ ဝယ်သွားပြီး တစ်ပတ်လောက်နေတော့ လူငယ်ပြန်ရောက်လာတယ်။ ကျွန်တော် ပြောတာတွေ ခင်ဗျားကြက်တူရွေးက ဘာမှလည်း ပြန်မပြောဘူးတဲ့။ ဆိုင်ရှင်က သူမလိမ်ပါဘူးတဲ့။ သူပြောတာလည်း အမှန်ပါလို့ ပြောတယ်။ ဘာကြောင့်လဲ... ဖြေပါ။
Tuesday, August 25, 2009
Blaming that covers the truth (မာနတံခါးလေးဖွင့်လိုက်ပါ)
တစ်ခါတုန်းက မြို့စွန်လေး တစ်ခုမှာ သားအဖသုံးယောက် နေကြတယ်။ တစ်နေ့ကြတော့ လေဒဏ် မိုးဒဏ်ကြောင့် ပေါက်ပြဲ နေတဲ့ ထရံတွေကို သားကြီးဖြစ်သူကို ပြင်ခိုင်းလိုက်တယ်။ သားကြီးဖြစ်သူက ဒီလောက်လွယ်တာ ခိုင်းမနေပါနဲ့၊ အဖေ့ဘာသာ ရိုက်လိုက်ပေါ့ လို့ပြောတယ်။ ဒီတော့ အဖေက အဖေလက်နာနေလို့ပါ။ မင်းရိုက်ပေးပါဆိုတော့ ရိုက်ပေးတယ်။ ပထမတစ်ခေါက် - အားထည့်ရိုက်လိုက်တယ် သံကွေးသွားတယ်။ ဒုတိယတစ်ခေါက် - အားဖျော့ပြီး ရိုက်ကြည့်တယ်။ မဝင်ဘူး၊ ကြာတော့ သံကွေးသွားပြန်တယ်။ ဒီတော့ ဘယ်ရမလဲ အဖေ့ သံက မကောင်းဘူး။ ဒါနဲ့ အဖေဖြစ်သူက သံကိုလဲပေးတယ်။ တတိယအကြိမ် နဲ့ စတုတ္ထအကြိမ် ထပ်ရိုက်တယ် အတူတူပဲ၊ အဖေက မကောင်းတဲ့ သံတွေ တူတွေနဲ့ ကျွန်တော့်ကို ရိုက်ခိုင်းနေတယ်။ ဘယ်လိုလုပ် ရမှာလဲ။ ဒါနဲ့ အဖေဖြစ်သူက မဟုတ်ဘူး ငါ့သား၊ မင်းရိုက်ပုံ ရိုက်နည်းက မှားနေလို့ မရတာ။ လမ်းထောင့်က လက်သမား ဆရာကြီးကို သွား၊ မေးပြီး သင်လာခဲ့ချေ။ လို့ပြောတော့ ဟာမဟုတ်ပါဘူး၊ သံလေးရိုက်တာ သူ့ဆီက သင်စရာလိုလို့လား၊ ကျွန်တော်က ပညာတတ်တစ်ယောက်ပါ အဖေရဲ့။ အဖေ့သံနဲ့ တူတွေကသာ မကောင်းတာ။ ဒါနဲ့ သားငယ်ရော အဖေ့ကို ကူညီနိုင်မလား မေးတော့ သားငယ်က ကောင်းပါပြီ။ သားလုပ်ကြည့်ပါ့မယ် ဆိုပြီး ရိုက်တယ်။ အဖြေက အတူတူပဲ။ ဒီတော့ သားကြီးက အားတက်သွားတာပေါ့။ ကျွန်တော်ပြောသားပဲ မရပါဘူးဆိုတာ။ အဲဒီ့ပစ္စည်းတွေကိုသာ လဲလိုက်ပါ။ လို့ပြောတယ်။ လဲပြီးသားတွေလေ ဆိုတော့ မရသေးဘူး မကောင်းသေးဘူးတဲ့။ အဲဒီ့တော့ အဖေလုပ်သူက သားငယ် သွား၊ လက်သမား ဆရာကြီးကို သွားခေါ်ချေ။ ဆိုပြီး အခေါ်လွှတ်လိုက်တယ်။ လက်သမားဆရာကြီးရောက်လာတော့ ကိုင်း ဆရာကြီးရေ ကျွန်တော်သားတွေကို သံရိုက်နည်းလေး သင်ပေးပါဗျာ လို့ တောင်းဆိုတဲ့အခါ။ လက်သမားဆရာက နှစ်ယောက်လုံးကို သင်ပေးလေရဲ့။ သားငယ်လေးက တော့ သူမရိုက်တတ်မှန်းသိတယ်ဆိုတော့ တလေးတစားနဲ့ သင်ယူလေရဲ့၊ သားကြီးကတော့ ပညာတတ်ပေပဲကိုး၊ ဒါလေးကို သင်မှ ရမယ်ဆိုတော့ သူ မယုံကြည်ဘူး။ ဘယ်လိုဘယ်ပုံရိုက်၊ အနေအထားတွေ သင်ပြပေးပြီးတော့ သားနှစ်ယောက်ကို ရိုက်ခိုင်းလိုက်တယ်။ သားနှစ်ယောက် ပြန်ရိုက်ကြတော့ သံအတူတူ၊ တူတစ်လက်တည်းနဲ့ တစ်ယောက်တစ်လှည့် ရိုက်ကြတော့ သားငယ်လေးက နှစ်ကြိမ်မြောက်မှာ ရိုက်လို့ ရသွားတယ်။ သားကြီးကတော့............
Puzzle
A doctor and a bus driver are both in love with the same woman, an attractive girl named Sarah. The bus driver had to go on a long bus trip that would last a week. Before he left, he gave Sarah seven apples. Why?
I will put the answer on the next day. Feel free! :)
I will put the answer on the next day. Feel free! :)
Thursday, August 20, 2009
ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့
သင်၏အပြင်းပြဆုံး အာသာဆန္ဒများကို ဆန့်ကျင်တုံ့ပြန်ဖို့ ချက်ချင်းလက်ငင်းအတွေးများ ဖြစ်၏။ ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ များသည် သင် စိတ်ဆင်းရဲမှုမဖြစ်အောင် သင့်စိတ်က သင့်အား အကာအကွယ်ပေးနည်း တစ်နည်းဖြစ်၏။ သင့်ကိုယ်တွင်းရှိ ဝေဖန်ရေးသမားက သင်၏ ရမ္မက် ဆန္ဒ မီးပွားကလေးကို အေးစက်သော ရေခဲရေ ပုံးပေါင်းများစွာဖြင့် ဖျန်းပက် ငြိမ်းသတ်ပစ်ပါလိမ့်မည်။
သူတို့သည် ဆင်ခြင်တုံတရားပြည့်ဝပြီး လက်တွေ့ကျသော သက်ကြီးရွယ်အိုများလို ပြုကျင့်ပါလိမ့်မည်။ သူတို့က သင်ဖော်ထုတ်တွေ့ရှိထားသော အလားအလာများကို အသေသတ်ပစ်ပါလိမ့်မည်။
`ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ ငါက အသက်ကြီးလွန်းနေပြီ၊ ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ ငါက နောက်ကျလွန်းနေပြီ၊ ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ ငါ့မှာ လိုအပ်တဲ့ပညာမှ မရှိဘဲ´
စာရင်းရေးချရင်တော့ ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်တော့မည်။
ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ များကို တစ်ခုပြီးတစ်ခု မဟာဗျူဟာကျကျ ထိပ်တိုက်ရင်ဆိုင်ပစ်ပါ။ အပြတ်ရှင်းပစ်ပါ။ ဥပမာ သင့်ဆန္ဒသည် သင့်ကုမ်ပဏီတွင် အမှုဆောင်အရာရှိချုပ်ဖြစ်ဖို့ဆိုလျှင် ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ နှင့် ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ။ ဖြစ်နိုင်ဖို့ အလားအလာမရှိ ဟူသော အပျက်မြင် ယုံကြည်ချက်ကို အလွယ်တကူ အလျှော့မပေးပါနှင့်။ ထိုသို့ အလျှော့မပေးမီ သင့်အာရုံခံအမြင်ကို သေသေချာချာ ပတ်ပတ်နပ်နပ် ပြန်လေ့လာပါ။ သင့်ရည်မှန်းချက်က တကယ်ပဲ အဓိပါယ်မဲ့ပြီး ရယ်ဖွယ်ဖြစ်နေသလား။ သင့်ဆန္ဒသည် ကောင်းကင်တမွတ် ကြယ်ကိုဆွတ်ဖို့ ဖြစ်နေသလား။ အမှန်တကယ်ပဲ မတန်မရာဖြစ်နေသလား။ ထိုသို့မဟုတ်ဘူးဆိုလျှင် သင် မဖြစ်ဖြစ်အောင် တကယ်ပဲ ကြိုးစားချင်သလား။ ထိုရာထူးကို သင်တကယ်ပဲလိုချင်သလား။
ဤအလေ့အကျင့်၏ ရည်မှန်းချက်သည် သင့်ဘဝကို အတင်းအကျပ် သွင်သွင်ပြောင်းပစ်ခိုင်းဖို့မဟုတ်။ ထို့အတူ အကျိုးသင့် အကြောင်းသင့် အကြောင်းတရားအားလုံးကို မျက်ကွယ်ပြုခိုင်းဖို့လည်း မဟုတ်။ ထို့အတူ သင့်ကျောပေါ်တွင် ဝတ်ရုံနီကြီးချည်ပြီး တိုက်အမြင့်ကြီးပေါ်က ခုန်ချကာ ပျံနိုင်မလား စမ်းကြည့်ခိုင်းဖို့လည်းမဟုတ်။
စင်စစ်၊ ရည်မှန်းချက်အစစ်အမှန်မှာ ဖြစ်နိုင်ခြေအားလုံးကို သင့်စိတ်က လက်ခံစဉ်းစားကြည့်စေဖို့ ဖြစ်၏။ သင့်အနေဖြင့် `ငါ ဘယ်တော့မှ ဖြစ်မှာမဟုတ်´ ဆိုသည့် အတွေးကို ဖောက်ထွက်ပြီး `ဟုတ်တယ်၊ ငါ လုပ်လို့ ဖြစ်မယ်´ ဟု တွေးရပါမည်။ `အဲဒီအတွက် လိုအပ်တာတွေ ငါ့မှာမှ မရှိဘဲ´ ဆိုသည့် အတွေးကို ခေါက်သိမ်းပြီး `စိန်ခေါ်ချက်တွေကို ငါ ရင်ဆိုင်ဖို့ အသင့်ပဲ´ ဆိုသည့် အတွေးကို ပွဲထုတ်ရပါမည်။ ထိုသို့ ဖောက်ထွက်ချင်သည်ဆိုလျှင် သင့်အား ကန့်သတ် ဟန့်တားနေသည့် ဆုံးဖြတ်ချက်များနှင့် ယုံကြည်ချက်များထဲမှ ဖောက်ထွက်ရပါမည်။
ဘယ်သူ ဘာ ပြောနိုင်ပါမည်လဲ။ သင်၏ ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ ကပင် ပိတ်ပင်ဟန့်တားလို့ မရနိုင်သည့် အလားအလာတစ်ရပ်ကိုပင် သင် စိတ်ကူးမိချင် စိတ်ကူးမိမှာပေါ့။
The quote at the moment
သင်လုပ်နိုင်တယ်လို့ထင်ရင် သင်မှန်ပါတယ်၊ သင်လုပ်နိုင်ပါတယ်။ သင်မလုပ်နိုင်ဘူးထင်ရင်လည်း သင်မှန်ပါတယ်၊ သင်မလုပ်နိုင်ပါဘူး။ ဟင်နရီဖို့ဒ်။
Either you think you can or you can't--you're right! ----- Henry Ford
Either you think you can or you can't--you're right! ----- Henry Ford
Wednesday, August 19, 2009
Warning: Don't drink water while you are reading this
Question : "What would you like to have ..Fruit juice, Soda, Tea,
Chocolate, Milo, or Coffee?"
Answer: "tea please"
Question : " Ceylon tea, Herbal tea, Bush tea, Honey bush tea, Ice tea
or green tea ?"
Answer : "Ceylon tea "
Question : "How would you like it ? black or white ?"
Answer: "white"
Question: "Milk, Whitener, or Condensed milk ?"
Answer: "With milk "
Question: "Goat milk, Camel milk or cow milk"
Answer: "With cow milk please.
Question: " Milk from Freeze land cow or Afrikaner cow?"
Answer: " Um, I'll take it black. "
Question: " Would you like it with sweetener, sugar or honey?"
Answer: "With sugar"
Question: " Beet sugar or cane sugar ?"
Answer: "Cane sugar "
Question:" White , brown or yellow sugar ?"
Answer: "Forget about tea just give me a glass of water instead."
Question: "Mineral water or still water ? "
Answer: "Mineral water"
Question: "Flavored or non-flavored ?"
Answer: "I'll rather die of thirst....
Chocolate, Milo, or Coffee?"
Answer: "tea please"
Question : " Ceylon tea, Herbal tea, Bush tea, Honey bush tea, Ice tea
or green tea ?"
Answer : "Ceylon tea "
Question : "How would you like it ? black or white ?"
Answer: "white"
Question: "Milk, Whitener, or Condensed milk ?"
Answer: "With milk "
Question: "Goat milk, Camel milk or cow milk"
Answer: "With cow milk please.
Question: " Milk from Freeze land cow or Afrikaner cow?"
Answer: " Um, I'll take it black. "
Question: " Would you like it with sweetener, sugar or honey?"
Answer: "With sugar"
Question: " Beet sugar or cane sugar ?"
Answer: "Cane sugar "
Question:" White , brown or yellow sugar ?"
Answer: "Forget about tea just give me a glass of water instead."
Question: "Mineral water or still water ? "
Answer: "Mineral water"
Question: "Flavored or non-flavored ?"
Answer: "I'll rather die of thirst....
Tuesday, August 18, 2009
ဥပုသ်
မနက်ဖြန် Wed. day ဥပုသ်နေ့ မှာ တတ်နိုင်သူတွေ ကိုးပါးမရလည်း ရှစ်ပါး (မွန်းလွဲညစာ စားခြင်းမှတပါး) ဆောက်တည်လို့ရနိုင်ပါကြောင်း သောတာပန် မိတ်ဆွေများကို ဖိတ်ခေါ်လိုက်ရပါတယ်။
ဥာဏ်စမ်း
ဥာဏ်စမ်းလေးပေါ့၊
Jack က ဆေးရုံတစ်ခုမှာ သူ့မှာ ရောဂါလည်းမရှိ ခြေထောက်တွေ လက်တွေလည်း အားလုံးကောင်းပါရက်နဲ့ သုံးရက်နေခဲ့ရတယ်၊ ဆင်းရမယ့်အချိန်ရောက်တော့လည်း သူ့ကိုသယ်ပြီး ခေါ်သွားကြတယ်။ ဘာလို့လဲ။ ဖြေပါ။း)
Jack က ဆေးရုံတစ်ခုမှာ သူ့မှာ ရောဂါလည်းမရှိ ခြေထောက်တွေ လက်တွေလည်း အားလုံးကောင်းပါရက်နဲ့ သုံးရက်နေခဲ့ရတယ်၊ ဆင်းရမယ့်အချိန်ရောက်တော့လည်း သူ့ကိုသယ်ပြီး ခေါ်သွားကြတယ်။ ဘာလို့လဲ။ ဖြေပါ။း)
Saturday, August 15, 2009
ကျွန်တော်ကြိုက်တဲ့ ကျွန်တော့်ရဲ့အစောဆုံး ကွန်မန့်များ
ဉာဏ်စမ်း (http://nineninesanay.blogspot.com/2008/02/blog-post_15.html)
တစ်နေ့မှာ လူတစ်ယောက် အရက်ဆိုင်ထဲ ဝင်လာတယ်။ အဲဒီလူရဲ့နောက်မှာ ဝက်တစ်ကောင်ပါတယ်။ ဝက်မှာ ခြေလက်မပါဘူး။ တုတ်လေးချောင်းကို ခြေလက်သဖွယ် လုပ်ပြီး လမ်းလျှောက်ရတယ်။ အဲဒီအဖြစ်ကို စားပွဲထိုးတစ်ယောက်က မြင်တော့ ထူးဆန်းအံ့သြပြီး ဝက်ပိုင်ရှင်ကို မေးတယ်။ “ဒီဝက်က ထူးဆန်းလိုက်တာ.. ဘာဖြစ်လို့ ခြေလက် မရှိရတာလဲ” “ကျွန်တော့်ရဲ့ဝက်က အရမ်းလိမ္မာတယ်။ ကျွန်တော်အရင်က အရမ်းဆင်းရဲတယ်။ တစ်နေ့မှာ အိမ်နောက်မှာ မွေးထားတဲ့ ဒီဝက်က ဟိုဆွ ဒီဆွနဲ့ ရေနံတွင်းတစ်တွင်းကို ဆွမိတယ်။ အဲဒီနောက် ကျွန်တော် အရမ်းချမ်းသာသွားတယ်” စားပွဲထိုးမှာ ဝက်ပိုင်ရှင်ရဲ့ စကားကို ကြားတော့ အံ့သြပြီးရင်း အံ့သြနေတယ်။ “အော်... ဒါနဲ့ သူ့ခြေတွေ လက်တွေက ဘယ်လိုဖြစ်ရတာလဲ” “ကျွန်တော့်ဝက်က လိမ္မာတယ်။ တစ်နေ့မှာ ငါးနှစ်အရွယ် ကျွန်တော့်သားလေး ရေနစ်တော့ ဒီဝက်က ဆင်းကယ်တယ်သိလား” “ဟာ... ထူးဆန်းလိုက်တာဗျာ.. ဒါနဲ့ သူ့ခြေလက်တွေက ဘာဖြစ်တာလဲ” “ကျွန်တော်ပြောပြီးပြီပဲ။ ကျွန်တော့်ဝက်က အရမ်းလိမ္မာတယ်လို့.. တစ်ညမှာ ကျွန်တော်တို့အိမ် မီးလောင်တယ်ဗျာ။ ဒီဝက်က ကျွန်တော်တို့ကို လာနိူးတယ်ဗျ။ ပြီးတော့ မီးဝိုင်းငြိမ်းသတ်ပေးသေးတယ်” ဝက်ပိုင်ရှင်က စိတ်မရှည်တော့တဲ့ လေသံနဲ့ ပြောပြန်တယ်။ “ဒီမှာ လူကြီးမင်း... ကျွန်တော်မေးတာက ခင်ဗျားဝက်မှာ ဘာဖြစ်လို့ ခြေလက်တွေ မရှိတော့တာလဲ” ဝက်ပိုင်ရှင်က မနှစ်မြိုတဲ့ လေသံနဲ့ ပြန်ဖြေပါတယ်။ “တကယ်လို့ ခင်ဗျားမှာ ဒီလိုလိမ္မာတဲ့ ဝက်တစ်ကောင်ရှိတယ်ဆိုရင် တစ်ကြိမ်တည်းနဲ့ သူ့ကို ခင်ဗျား အကုန်စားလိုက်မလား” ဒီစာက ဉာဏ်စမ်းနဲ့တော့ မတူဘူး။ ဟာသနဲ့တူနေတယ်။ ခြေလက်တွေ တဖြေးဖြေး ဖြတ်စားတော့ ဝက်က သေမသွားဘူးလားလို့ မေးတဲ့သူကလဲ ရှိသေးတယ်။ တကယ်တော့ ဒီနေရာမှာ အဓိက ပြောချင်တာက “ဝက်” မဟုတ်ဘူး။ ဝက်နေရာမှာ အခြားအကောင် တစ်ကောင်လဲ ဖြစ်နိုင်ပါတယ်။ ဆိုလိုချင်တာက လိမ္မာတဲ့ ဝက်ရဲ့ အရည်အချင်းကို ဝက်ပိုင်ရှင်က တဖြေးဖြေး သဲ့ယူ အသုံးချသွားတာဖြစ်တယ်။ ဝက်ပိုင်ရှင်လို သူဌေးမျိုးလဲ လောကကြီးမှာ ရှိပါတယ်။ ခိုင်းလို့ကောင်းတဲ့၊ အားနာတတ်တဲ့ ဝန်ထမ်းကို ပေးတဲ့လခနဲ့ မတန်အောင် ခိုင်း၊ အမြတ်ကြီးစား၊ နည်းနည်း နည်းနည်းစီ ညာညာခိုင်းပြီး မသုံးမဝင်တော့တဲ့ တစ်နေ့မှာ ကုမ္ပဏီကနေ ကန်ထုတ်တာမျိုးပေါ့။ တစ်ခါခါမှာ ကိုယ်က ဝက်ဖြစ်မှန်း မသိဖြစ်သွားရတယ်။
Comment: libratun said... ညံ့လိုက်တဲ့သူဌေးပဲ၊ ကျွန်တော်သာ သူ့နေရာမှာ ဆိုရင် အဲဒီဝက်လည်း ဝက်မှန်းသိမှာမဟုတ်ဘူး၊ ဆိုင်ရှင်ကတောင် ဟား.. ခင်ဗျားဝက်ကြီးက တောင့်လို့တင်းလို့ ကြည့်ကောင်းလှချည်လား လို့ချီးကျူးမယ်ထင်တယ်။ တကယ်လို့ ဝက်ကသာ အဲဒီ့ စကားတွေနားလည်ခဲ့မယ်ဆိုရင် ရွှေတွေ စိန်တွေရှာမယ့် ပညာတွေတောင် သူခဲရာခဲဆစ်သင်ပြီး ကျွန်တော့်ကို ကျေးဇူးပိုပြုလိမ့်မယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~
ပျော်ရွှင်ခြင်း သော့ (http://nineninesanay.blogspot.com/2009/05/blog-post_21.html)
ငယ်ငယ်လေးကတည်းက ဘိလပ်ရည်နဲ့ ပတ်သက်တဲ့ ထူးဆန်းမှုတစ်မျိုး ကျွန်တော့်မှာ ရှိခဲ့တယ်။ အဲဒီထူးဆန်းမှုက ဘိလပ်ရည်သောက်လို့ ကောင်းမကောင်းဆိုတာထက် ဘိလပ်ရည် မသောက်နိုင်လို့ပဲဖြစ်တယ်။ မိသားစုများတဲ့ ကျွန်တော်တို့မှာ ဘိလပ်ရည်သောက်ဖို့ မပြောနဲ့ အစားအစာကိုတောင် လောက်အောင် ဘယ်တော့မှ မစားနိုင်ဘူးဆိုတာ ကျွန်တော့်မှတ်ဉာဏ်ထဲမှာ မှတ်မိနေခဲ့တယ်။ ကျွန်တော်တို့ ဘိလပ်ရည်သောက်ရတဲ့ အချိန်သုံးချိန်ရှိတယ်။ တစ်ချိန်က မင်္ဂလာပွဲ၊ တစ်ချိန်က နှစ်သစ်ကူးညနဲ့ နောက်တစ်ချိန်က အလှူတွေမှာဖြစ်တယ်။ အိမ်မှာ ဘိလပ်ရည်ရှိတိုင်းလည်း ကျွန်တော်တို့ လောက်အောင် မသောက်ရပါဘူး။ ဘိလပ်ရည်သောက်တဲ့ နေ့ကောင်းနေ့မြတ် ရောက်ပြီဆိုရင် ဖန်ခွက်ဆယ်လုံးကျော်ကို စားပွဲခုံပေါ် တင်ပြီး အစဉ်လိုက် ကျွန်တော်တို့ ဘိလပ်ရည်ထည့်ကြတယ်။ ဝေစုရတဲ့ ဘိလပ်ရည် တစ်ငုံ့စာကို သောက်ပြီး အားလုံးက နုတ်ခမ်းကို လျှာနဲ့သပ်ကြတယ်။ ပြီးတော့ ဘိလပ်ရည်ရဲ့ ချိုအေးတဲ့အရသာကို တဝကြီး ခံစားကြတယ်။ တစ်ခါက ကျွန်တော်လမ်းလျှောက်နေတုန်း ဘိလပ်ရည် အဝသောက်ပြီး တံစက်မြိတ်အောက်မှာ လေတက်နေတဲ့ ကလေးတစ်ယောက်ကို တွေ့လိုက်မိတယ်။ အေ့….. လို့ ခပ်ရှည်ရှည်ဆွဲလိုက်တဲ့ လေတက်သံက အနားမှာ ရပ်နေတဲ့ ကျွန်တော်ကို ငေးမောသွားစေခဲ့တယ်။ ကျွန်တော် အားကျလိုက်တာ… ကျွန်တော့်ကိုယ်ကျွန်တော် မေးမိပါတယ်။ “ငါ ဘယ်အချိန်မှ ဘိလပ်ရည် တစ်ဝသောက်ရမလဲ? ဘယ်အချိန်မှ လေတက်အောင် ဘိလပ်ရည်သောက်ရမလဲ?” မူလတန်းတက်တဲ့အချိန်အထိ ဘိလပ်ရည်သောက်ပြီး လေတက်တဲ့အရသာကို ကျွန်တော်မခံစားခဲ့ဖူးဘူး။ ဘိလပ်ရည်ကို လေတက်လောက်တဲ့အထိ သောက်ရရင် ဘယ်လောက်များ ပျော်စရာကောင်းလိမ့်မလဲလို့ ကျွန်တော် အခါခါ စဉ်းစားခဲ့မိတယ်။ အဲဒီတုန်းကအိမ်မှာ ရေနံဆီမီးခွက်ကို အသုံးပြုနေတဲ့အချိန်ဖြစ်တယ်။ တစ်ခါက ရေနံဆီတွေကို ဘိလပ်ရည်ပုလင်းထဲ ထည့်ပြီး စားပွဲေအောက်မှာ အမေသိမ်းထားတယ်။ ဒါကို ကျွန်တော်က ဘိလပ်ရည်အထင်နဲ့ လူကြီးတွေအလစ်မှာ ပုလင်းကိုယူပြီး အားရပါးရ မော့ချလိုက်တယ်။ ချက်ချင်းပဲ မျက်ဖြူလှန်၊ ပါးစပ်အမြုပ်ထပြီး ကျွန်တော်ဆေးရုံရောက်သွားခဲ့တယ်။ ဆရာဝန်တွေ အသက်လုကယ်ခဲ့လို့ ကျွန်တော်အသက်ရှင်ခဲ့ရတယ်။ ဘိလပ်ရည်ကြောင့် အသက်ဆုံးရှုံးလုဖြစ်ခဲ့တဲ့ ကျွန်တော်ကို မိသားစုတွေက ဝိုင်းလှောင်ခဲ့ကြပေမယ့် ဘိလပ်ရည်သောက်ချင်တဲ့ ကျွန်တော့်ဆန္ဒက ကုန်ခမ်းမသွားခဲ့ဘူး။ ကျွန်တော်တတိယတန်း တက်တဲ့နှစ်မှာ အစ်ကိုဝမ်းကွဲ မင်္ဂလာဆောင်တယ်။ မင်္ဂလာနေ့မရောက်ခင် ရှေ့တစ်ညမှာ ကျွန်တော်လုံးဝ အိပ်မပျော်ခဲ့ဘူး။ အိပ်ရာပေါ်မှာ လူးလွန့်ရင်း နောက်တစ်ရက် ဘိလပ်ရည်အဝသောက်မယ်၊ လေတက်အောင် သောက်မယ်လို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ နောက်တစ်နေ့ ခြံထဲကနေပြီး ဘိလပ်ရည် ရောက်မရောက်ကို ကျွန်တော်ချောင်းကြည့်နေခဲ့တယ်။ မနက် ၉နာရီမှာ ဘိလပ်ရည်လာပို့တဲ့ ကားကို ကျွန်တော်မြင်လိုက်တယ်။ ဘိလပ်ရည်တွေ တစ်နေရာမှာ သေတ္တာလိုက် ပုံထားတာကို မြင်တော့ ကျွန်တော်အပြေးသွားပြီး ဘိလပ်ရည်နှစ်ပုလင်း ကောက်ယူလိုက်တယ်။ ပြီးတော့ အိမ်သာဖက်ကို ကျွန်တော်ပြေးသွားခဲ့မိတယ်။ ကျွန်တော်တို့ ရွာအိမ်သာကို နေအိမ်နဲ့ တော်တော်အလှမ်းဝေးတဲ့နေရာမှာ ဆောက်ထားကြတယ်။ အိမ်သာတွင်းကြီးတစ်ခု တူးထားပြီး လအတော်ကြာမှာ သန့်ရှင်းရေးတစ်ခါ လုပ်ကြတယ်။ မခံမရပ်နိုင်တဲ့ အနံ့ဆိုးကြောင့် ကျွန်တော်တို့ ကလေးတွေက အများအားဖြင့် အိမ်သာထဲ မဝင်ဘဲ ကိစ္စကို အပြင်မှာ ရှင်းလိုက်ကြတာများတယ်။ ဒါပေမယ့် အဲဒီနေ့က အိမ်မှာရှိတဲ့ တစ်ခုတည်းသော အကောင်းဆုံး ပုန်းခိုနိုင်တဲ့နေရာ အိမ်သာထဲမှာပဲ ဘိလပ်ရည်သောက်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ အိမ်သာထဲရောက်တာနဲ့ တံခါးကို ကျွန်တော်ကန့်လန့်ချလိုက်တယ်။ ပြီးတော့ အဖုံးကိုဖွင့်ပြီး လေးစားကြည်ညိုတဲ့ စိတ်ထားနဲ့ ဘိလပ်ရည်ကို ကောက်မော့လိုက်တယ်။ ဂလု… ဂလုနဲ့ တစ်ကြိုတ်ထဲ ပုလင်းတစ်ခုလုံး ကျွန်တော်သောက်ပစ်လိုက်တယ်။ တဆက်တည်း နောက်တစ်ပုလင်းကို ကျွန်တော် ကောက်မော့လိုက်ပြန်တယ်။ ကျွန်တော့်ဝမ်းဗိုက်တစ်ခုလုံး ဘိလပ်ရည်တွေနဲ့ ဖောင်းထလာခဲ့တယ်။ အိမ်သာထဲ ကျွန်တော်ငြိမ်ငြိမ်လေး ထိုင်နေပြီး ပါးစပ်ထဲက လေအတက်ကို စောင့်နေခဲ့တယ်။ ကျွန်တော့်ဗိုက်ထဲ တဖြေးဖြေး လှုပ်ရှားလာခဲ့တယ်။ ဗိုက်ထဲက လေတွေ ရုန်းထလာသလို ခံစားတဲ့ တခဏ…… အေ့…… ကျွန်တော့်နှာခေါင်း၊ ပါးစပ်ထဲကနေ လေတွေ ထိုးထွက်လာခဲ့တယ်။ မျက်ရည်တွေ ဝဲသွားတဲ့အထိ ကျွန်တော် လေတက်နေခဲ့တယ်။ အဲဒီနောက် သက်ပြင်းရှည်ကြီးတစ်ချက် ကျွန်တော်ဆွဲချလိုက်တယ်။ “ဘိလပ်ရည်ကို လေတက်တဲ့အထိ တစ်ဝသောက်ရတဲ့ အပျော်မျိုး ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူးထင်တယ်” အိမ်သာတံခါးကို ဆွဲဖွင့်ပြီး အပြင်ကို ကျွန်တော်ထွက်လာခဲ့တယ်။ ကောင်းကင်ပေါ်ကနေ လူ့လောကထဲ ကျွန်တော်ပြန် ခြေချသလိုမျိုး နေရောင်ခြည်က ခါတိုင်းထက် ပိုနွေးထွေးနေတယ်လို့ ကျွန်တော်ခံစားမိတယ်။ အိမ်သာထဲ ဘိလပ်ရည်သောက်တုန်းက ဆိုးဝါးတဲ့အိမ်သာနံ့ကို ကျွန်တော်မေ့သွားခဲ့တယ်။ လူ့လောကရဲ့ စိတ်ညစ်မှုတွေကို မေ့သွားခဲ့ပြီး ဒီလောကမှာ ကျွန်တော်အပျော်ဆုံးလို့ ထင်ခဲ့မိတယ်။ အဲဒီအဖြစ်ကို ဒီနေ့ထက်ထိ ကျွန်တော်မှတ်မိနေခဲ့တယ်။ “ဘိလပ်ရည်ကို လေတက်တဲ့အထိ တစ်ဝသောက်ရတဲ့အပျော်မျိုး ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူးထင်တယ်” ဆိုတဲ့စကားကို ကျွန်တော်တစ်ခါထပ်ပြောမိတိုင်း မျက်ရည်ဝဲလောက်အောင် အပျော်တွေက ကျွန်တော့်ရင်ထဲမှာ အုံကြွနေခဲ့တယ်။ ဆင်းရဲဒုက္ခရောက်နေချိန်မှာ လူတွေလည်း ပျော်ရွှင်မှုကို ခံစားနိုင်ပါတယ်။ ထမင်းပူပူ တစ်ပန်းကန်ထဲ ဆီဆမ်းထည့်၊ ငံပြာရည်ထည့်ပြီး အိမ်ရှေ့တံစက်မြိတ်အောက်မှာ မွှေးကြိုင်တဲ့ ဆီထမင်းနယ် စားရတဲ့အရသာကို ကျွန်တော်အမြဲ အမှတ်တရရှိနေခဲ့တယ်။ ထမင်းတစ်စေ့ချင်းထဲမှာတောင် ပျော်ရွှင်တဲ့ ရနံ့တွေ မွှေးကြိုင်နေခဲ့တယ်။ တစ်ခါတလေမှာ ဒီလိုပျော်ရွှင်ခြင်းက အစားအသောက်က လာတာမဟုတ်ဘူး။ စိတ်လွတ်ကိုယ်လွတ် လယ်တောထဲ တစ်ညနေလုံး လဲလျောင်းနေလည်း ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ တစ်ခါတလေ ခြံထဲကမျိုးထားဖို့ ချန်ခဲ့တဲ့ အပင်တွေကနေ ပန်းပွင့်လာတာလည်း ပျော်ရွှင်ခြင်းတစ်မျိုး ဖြစ်တယ်။ တစ်ခါတလေ အိမ်မှာမွေးထားတဲ့ခွေးမ သားပေါက်ပြီး အရောင်မတူတဲ့၊ အမွေးဖွားခွေးလေးတွေ မွေးဖွားလာတာလည်း ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ ဘဝရဲ့ပျော်ရွှင်ခြင်းတွေက ပတ်ဝန်းကျင်၊ ရာထူးအနိမ့်အမြင့်၊ ဥစ္စာအနည်းအများနဲ့ မဆိုင်ပါဘူး။ ကိုယ့်စိတ်ကို ပတ်ဝန်းကျင် အနေအထားနဲ့လိုက်ပြီး ဘယ်လိုနေထိုင်မယ်ဆိုတာနဲ့ပဲ ဆိုင်ပါတယ်။ ဥစ္စာပစ္စည်းတွေနဲ့ ပျော်ရွှင်ခြင်းကို ကန့်သတ်လို့ မရပါဘူး။ ဆင်းရဲတဲ့သူ၊ ချမ်းသာတဲ့သူ၊ ရာထူးမြင့်သူ၊ ရာထူးနိမ့်သူမှာလည်း ပျော်ရွှင်ခြင်းတွေ ရှိနိုင်ပါတယ်။ ပျော်ရွှင်ခြင်းတွေ ကိုယ့်စီဝင်လာအောင် ပျော်ရွှင်ခြင်းတံခါးသော့ကို ဘယ်လိုစိတ်ထားနဲ့ ကိုယ်ဖွင့်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ စင်ကာပူထုတ် "သဇင်မဂ္ဂဇင်း" အတွက် ပို့ခဲ့တဲ့ ဘာသာပြန်လေးပါ။ မေလမှာ ဖော်ပြမဖော်ပြတော့ မသိပါဘူး း) မူရင်း- ထိုင်ဝမ်စာရေးဆရာ (Lin Ching Xuan) ၏ “ပျော်ရွှင်ခြင်း သော့” နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Comment: gadone said... စာထဲကလို ကိုယ်အလုပ်လုပ်ရမယ့် အလုပ်ပတ်ဝန်းကျင် မကောင်းတာနဲ့ပဲ ထွက်ပြေးပြီး မလျော်မညီလုပ်တာ မဖြစ်ဖို့လိုမယ်။ အမှန်တကယ်တော့ သူတို့လုပ်နိုင်ပါတယ်။ စည်းကမ်းဖောက်ချင်လို့ အကြောင်းပြချက် ရှာလိုက်ခြင်းပဲဖြစ်တယ်။ ကျွန်တော်တို့ခံစားမိမယ် ထင်တယ်။ အိမ်သာထဲကို ပထမဆုံးစဝင်တုန်းက အရမ်းနံပြီး နည်းနည်းကြာလာတော့ စဝင်တုန်းကလောက် ဘာလို့ မနံတော့တာလဲ။ သတ္တဝါတွေ ရဲ့ထူးခြားတဲ့ အချက်က မွေးကတည်းက ပတ်ဝန်းကျင်နဲ့ လိုက်ရောညီထွေနေထိုင်နိုင်ဖို့ အရည်အချင်းတွေ ပါလာခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့်လုပ်ချင်တဲ့စိတ်နဲ့ ကိုယ်ကျင့် တရားမပျက်ဖို့ကလည်း အရေးကြီးတယ်လို့ထင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရွေးချယ်ခွင့် (http://nineninesanay.blogspot.com/2009/05/blog-post_19.html)
သူ့ကို အီတလီ ပေါင်မုန့်ဖုတ်ဆရာတစ်ဦးမှ မွေးဖွားခဲ့တယ်။ ဖခင်က အော်ပရာကြိုက်နှစ်သက်သူဖြစ်ပြီး သူ့အတွက် နာမည်ကြီးအဆိုတော်တွေရဲ့ သီချင်းခွေကို အမြဲ ဝယ်လာပေးတတ်တယ်။ သီချင်းတွေ အမြဲနားထောင်ဖြစ်ခဲ့လို့ ငယ်ငယ်ကတည်းက သီချင်းဆိုတာကို သူဝါသနာပါခဲ့တယ်။ အသက်အရွယ် ကြီးပြင်းလာချိန်ထိ သီချင်းဆိုတာကို သူစွဲစွဲမက်မက် တပ်မက်နေခဲ့တယ်။ ဒါပေမယ့် ကလေးတွေကို သူချစ်တယ်။ ကျောင်းဆရာကောင်းတစ်ဦး ဖြစ်ဖို့လည်း သူမျှော်မှန်းထားခဲ့တယ်။ ဒါကြောင့် ဆရာအတတ်သင်ကျောင်းတက်ရင်း Arrigo Pola လို့ခေါ်တဲ့ အဆိုတော်ဆီမှာ သူတပည့်ခံခဲ့တယ်။ ကျောင်းပြီးတဲ့အချိန် သူက ဖခင်ကို "ကျောင်းဆရာနဲ့ အဆိုတော် ကျွန်တော်ဘာကိုရွေးသင့်သလဲ ဖေဖေ"လို့ မေးခဲ့တယ်။ ဖခင်က လေးလေးနက်နက်နဲ့ "တကယ်လို့ ထိုင်ခုံနှစ်လုံးကို သားတစ်ပြိုင်ထဲထိုင်ခဲ့ရင် ထိုင်ခုံနှစ်လုံးကြားထဲ သားပြုတ်ကျသွားလိမ့်မယ်။ ဒါကြောင့် ထိုင်ခုံတစ်လုံးကိုပဲ သားသေချာရွေးရလိမ့်မယ်" လို့ ဖြေခဲ့တယ်။ အဖေ့စကားကို နားထောင်ပြီး ကျောင်းဆရာအလုပ်ကို သူရွေးခဲ့တယ်။ စာသင်ရင်း ကျောင်းဆရာအလုပ်မှာ သူမဖြစ်ထွန်းနိုင်မှန်း သိခဲ့လို့ ကျောင်းကိုကျောခိုင်းပြီး သီချင်းဆိုဖို့ သူရွေးခဲ့ပြန်တယ်။ သူအသက် (၁၇)နှစ်အရွယ်မှာ ဖခင်ကသူ့ကို Rossini တီးဝိုင်းထဲ စာရင်းသွင်းပေးခဲ့တယ်။ တီးဝိုင်းသွားလေရာတစ်လျှောက် သူလိုက်ပါသီဆိုခဲ့တယ်။ များသောအားဖြင့် အခမဲ့ ဖျော်ဖြေတင်ဆက်မှုတွေမှာ သူအမြဲလိုက်ပါပြီး လူတွေ သူ့ကိုသတိထားမိလာအောင် ကြိုးစားခဲ့တယ်။ ဒါပေမယ့် ၇နှစ်သာကြာသွားတယ်။ သာမန်အဆိုတော် ဘဝကနေ သူမတက်ခဲ့ဘူး။ သူ့ပတ်ဝန်းကျင်က မိတ်ဆွေအပေါင်းအသင်းတွေက အသီးသီး အောင်မြင်နေရာ ရသွားခဲ့ပေမယ့် သူ့မှာ မိသားစုကို ရှာကျွေးနိုင်တဲ့ အင်အားတောင် မရှိခဲ့ဘူး။ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုသလို ဒီအချိန်မှာပဲ သူ့လည်ချောင်းမှာ အကျိတ်တစ်ခုပေါက်ခဲ့တယ်။ Ferraraမှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတစ်ခုမှာ သူအားရပါးရ သီဆိုဖျော်ဖြေခဲ့ပေမယ့် ပရိသတ်တွေရဲ့ မလိုလားတဲ့ အော်သံတွေကြောင့် စင်ပေါ်ကသူဆင်းခဲ့ရတယ်။ ဒီလိုအချိန်မှာ လမ်းတစ်ဝက်မှာပဲ နောက်ဆုတ်ဖို့ သူရွေးချယ်နိုင်သလို မရပ်မနား ဇွဲလုံ့လနဲ့ ရှေ့ဆက်သွားဖို့လည်း သူ့မှာရွေးချယ်ခွင့်ရှိခဲ့တယ်။ ဖခင်ပြောခဲ့ဖူးတဲ့ စကားကို သူပြန်ကြားယောင်ပြီး ဇွဲလုံ့လနဲ့ ရှေ့ဆက်ဖို့ သူရွေးခဲ့တယ်။ လအတန်ကြာပြီးတဲ့နောက် ပြိုင်ပွဲတစ်ခုမှာ "La Bohème" ဆိုတဲ့ အော်ပရာသီချင်းတစ်ပုဒ်နဲ့ သူဝင်ပြိုင်ခဲ့တယ်။ ပြိုင်ပွဲအပြီးမှာ ပရိသတ်ဆီက မိုးခြိမ်းသံထက်ပြင်းတဲ့ လက်ခုတ်သံကို သူအောင်နိုင်ခဲ့တယ်။ အဲဒီနောက် သူ့အောင်မြင်မှုတွေ တရှိန်ထိုး တက်လာခဲ့တယ်။ ကမ္ဘာ့အော်ပရာ ပြဇာတ်ခုံပေါ်မှာ အအောင်မြင်ဆုံး သီဆိုသူအဖြစ် သူကျော်ကြားခဲ့တယ်။ သူ့အောင်မြင်မှုကို သတင်းထောက်တစ်ယောက် တွေ့ဆုံမေးမြန်းခဲ့ရာမှာ သူက "မပြတ်ရွေးချယ်မှုမှာ ကျွန်တော်အရွေးမှန်ခဲ့လို့ အောင်မြင်ခဲ့တာပါ" လို့ ဖြေခဲ့တယ်။ ရွေးချယ်မှုမှန်ခဲ့လို့ အောင်မြင်မှုလမ်းကြောင်းပေါ် သူရောက်ခဲ့တယ်။ အဲဒီကမ္ဘာ့တစ်ဝန်းကို ကိုင်လှုပ်နိုင်ခဲ့တဲ့ အီတလီအော်ပရာ အဆိုတော်က Luciano Pavarotti ပဲ ဖြစ်ပါတယ်။ လူတိုင်းမှာ ရွေးချယ်ပိုင်ခွင့်ရှိခဲ့ကြတယ်။ ရွေးချယ်မှုတွေထဲမှာ သာမန်အဆင့် နေ့စဉ်စားဝတ်နေရေးကနေ အမြင့်ဆုံးအဆင့် ပညာသင်၊ အလုပ်ရှာ၊ လင်ယူသားမွေးအထိ ရွေးချယ်ခွင့် ရှိခဲ့ကြတယ်။ ဒါပေမယ့် ဘဝမှာရွေးချယ်ခွင့် မရခဲ့တာ တစ်ခုရှိပါတယ်။ အဲဒါက ကိုယ်ရဲ့ မွေးဖွားရာနေရာ၊ ဒေသပဲဖြစ်တယ်။ ကျန်တာအားလုံးကို ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခွင့် ရှိခဲ့ကြတယ်။ ရွေးချယ်ခြင်းက ကမ္ဘာပေါ်မှာ အကြီးမားဆုံးအင်အားဖြစ်တယ်။ လူ့လောက၊ လူ့ဘဝအောင်မြင် ကျရှုံးမှုတွေကို ဆုံးဖြတ်နိုင်တယ်။ အထီးကျန်ခြင်းထဲက ရွေးချယ်ခွင့်ရှိခဲ့ရင် စိတ်ရဲ့နှစ်သိမ့်မှုကို ရနိုင်တယ်။ ယုံကြည်မှုကို ပိုခိုင်မာစေတယ်။ နာကျင်ခြင်းထဲက ရွေးချယ်ခွင့်ရှိခဲ့ရင် ကုစားတဲ့ နည်းလမ်းကို ရနိုင်တယ်။ ကြံခိုင်မှုအင်အားကို ရစေနိုင်တယ်။ အမှောင်ထဲက ရွေးချယ်ခွင့်ရှိခဲ့ရင် အမှောင်ထွက်လမ်းကို ရနိုင်တယ်။ အလင်းကို ရင်ဆိုင်ကြုံတွေ့စေတယ်။ ကျဆုံးခြင်းထဲက ရွေးချယ်ခွင့်ရှိခဲ့ရင် ဆင်းရဲဒုက္ခကို လမ်းကြောင်းလွဲနိုင်မယ်။ အသစ်တစ်ဖန်ပြန်စဖို့ အင်အားဖြစ်စေတယ်။ အောင်မြင်ခြင်းထဲက ရွေးချယ်ခွင့်ရှိခဲ့ရင် အမြင့်ကို ပိုတက်လှမ်းနိုင်မယ်။ လူ့တန်ဖိုးကို အကောင်အထည်ဖော်ချင်ရင် ရွေးချယ်ခြင်းကို သတ္တိရှိရှိရင်ဆိုင်ရမယ်။ ရွေးချယ်ဖို့ တွန့်ဆုတ်မနေသင့်ဘူး။ ရွေးချယ်ခြင်းရှိမှ ဘဝက မပြတ်လှုပ်ရှားတက်ကြွမှုတွေ ရှိနေမယ်။ ရွေးချယ်ခြင်းရှိမှ ဘဝကံတရားရဲ့ ကြီးမားတဲ့အင်အားကို ဆုတ်ကိုင်နိုင်မယ်။ ရွေးချယ်ခြင်းရှိမှ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်တယ်။ ရွေးချယ်ခြင်းနှစ်မျိုးရှိတယ်။ မှန်ကန်တဲ့ရွေးချယ်ခြင်းနဲ့ မှားယွင်းတဲ့ရွေးချယ်ခြင်းတွေဖြစ်တယ်။ မှန်ကန်တဲ့ ရွေးချယ်ခြင်းက ပေးဆပ်ခဲ့တဲ့ကြိုးစားမှုတွေအတွက် လှပတဲ့အဆုံးသတ်ကို ရရှိစေတယ်။ ဒါမှအောင်မြင်တဲ့ လမ်းကြောင်းပေါ်က မချော်ထွက်နိုင်ဘူး။ စစ်မှန်တဲ့ လူ့တန်ဖိုးကို သိရှိခံစားစေနိုင်တယ်။ မှားယွင်းတဲ့ ရွေးချယ်ခြင်းက ဘဝကို မပျော်ရွှင်စေတဲ့ ရင်းမြစ်ဖြစ်တယ်။ ကိုယ့်ကြိုးစားမှုကို အလာဟသဖြစ်စေတယ်။ ကိုယ့်အပြုအမှုကို အမြင်ရိုင်းစေတယ်။ ဘဝတစ်ခုလုံးကို အမှောင်ဖုံးစေနိုင်ပြီး ကိုယ့်နာမည်ကို အမည်းစက်စွန်းစေနိုင်တယ်။ နာမည်ကြီး အောင်မြင်နေသူတွေကမှ ထူးကဲတဲ့ရွေးချယ်ခြင်းတွေကို ရွေးချယ်ခွင့်ရှိတာ မဟုတ်ပါဘူး။ သာမန်မှာလည်း ထူးကဲတဲ့ရွေးချယ်ခြင်းတွေကို ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ နျူကလီးယားတင် ရေငုပ်သဘောၤ Kurskကြီး အေးခဲနေတဲ့ Barents ပင်လယ်ထဲ နစ်မြုပ်ချိန် သင်္ဘောစစ်သည်တွေရဲ့ ပထမဆုံး ရွေးချယ်ခြင်းက နျူကလီးယားတွေ ပင်လယ်ထဲယိုဖိတ်ပြီး ကမ်းစပ်နေပြည်သူတွေကို မထိခိုက်မိအောင် နျူကလီးယားဓာတ်ပေါင်းအိုးကို ပိတ်လိုက်ဖို့ပဲဖြစ်တယ်။ ဒီလိုရွေးချယ်ခဲ့လို့ သူတို့ရဲ့ အသက်ရှင်ခွင့်တွေ မျှော်လင့်ချက်မဲ့ခဲ့ရပေမယ့် ရုရှားပြည်သူတို့ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်။ ရွေးချယ်တတ်ဖို့ သင်ယူပြီး လူ့ဘဝတက်လမ်းအတွက် ရွေးချယ်ပါ။ ပျော်ရွှင်တာကို ရွေးမလား? သောကကိုရွေးမလား? အောင်မြင်တာကိုရွေးမလား? ကျရှုံးတာကို ရွေးမလား? ရွေးချယ်ခွင့်က ကိုယ့်လက်ထဲမှာပဲရှိပါတယ်။ မူရင်း - ရွှေလီရောက်တုန်း ဝယ်ခဲ့တဲ့ စိတ်အဟာရ ကြက်ပေါင်းရည် စာအုပ်တွေထဲက တစ်ပုဒ်ပါ။ မူရင်းရေးသားသူကို ဖော်ပြမထားပါဘူး။ အင်တာနက်မှာ ရှာကြည့်တော့လည်း မတွေ့ပါဘူး။ နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Comment: libratun said... အစ်မက စာတစ်ကယ်ဖတ်နိုင်တာပဲ။ ချီးကျူးပါတယ်ခင်ဗျာ။ ပထမကွန်မန့်က ရုံးကနေဆိုတော့ မြန်မာလိုမရလို့ အသုံးအနှုန်းမကောင်း မှာစိုးလို့ ကျွန်တော်ဆိုလိုချင်တာ ရွေးချယ်ခွင့်မှာ ကောင်းတာရွေးချယ်ခဲ့မိရင် အကောင်းဆုံးပေါ့။ ဒါပေမယ့်မှားယွင်းတာလည်း ရွေးမိနိုင်တယ်၊ ဒါပေမယ့် အချည်းအနှီးမဖြစ်ပါဘူး၊ ဘာလို့လည်းဆိုတော့ လူတွေက အမှားကသာ သင်ခန်းစာယူနိုင်ဖို့ အလေ့အကျင့်ရှိကြတာကလား၊ ဇာတ်ကောင်တောင်မှ မှားယွင်းတဲ့ ရွေးချယ်မှုသူလုပ်မိတာပဲ။ ဒါပေမယ့် သူကျိန်းသေပေါက် ကောင်းတဲ့သင်ခန်းစာတော့ ရခဲ့မှာပါ။ ဒါကြောင့် မှားခဲ့ရင်လည်း ဝမ်းနည်းစိတ်ပျက်မနေဘဲ ရည်မှန်းချက်ကိုသာ ဆက်သွားသင့်ပါတယ်။
gadone said... ""မှားယွင်းတဲ့ ရွေးချယ်ခြင်းက ဘဝကို မပျော်ရွှင်စေတဲ့ ရင်းမြစ်ဖြစ်တယ်။ ကိုယ့်ကြိုးစားမှုကို အလာဟသဖြစ်စေတယ်။ ကိုယ့်အပြုအမှုကို အမြင်ရိုင်းစေတယ်။ ဘဝတစ်ခုလုံးကို အမှောင်ဖုံးစေနိုင်ပြီး ကိုယ့်နာမည်ကို အမည်းစက်စွန်းစေနိုင်တယ်။"" အဲဒီစာကြောင်းကို ကျွန်တော်တော့ သဘောမကျနိုင်ဘူးဖြစ်နေတယ် း)... အစ်ကိုကြီး ဘီနိုကပြောတယ်... "I married my wife without choice..." တဲ့ his words definitely gave him away. မရွေးချယ်(ရွေးချယ်လို့မရ)တဲ့အတွက် မှားတဲ့အမှားကို မှားယွင်းတဲ့ရွေးချယ်မှုလို့ ခေါ်လို့ရမလား.... အဲဒီဥပမာနဲ့ဆိုရင် အစ်ကိုကြီး ဘီနိုက (အဲဒီ့ without choice ဆိုတဲ့စကားလုံးကို) သိရက်နဲ့ရွေးခဲ့တာလား... မဖြစ်နိုင်ဘူးထင်ပါတယ် (သိရက်နဲ့တော့ မမှားနိုင်ပါဘူး).. ဒါကြောင့် အဲဒါဟာ မသိပဲရွေးခဲ့တဲ့ မှားယွင်းတဲ့ရွေးချယ်မှုပါပဲ။ ဒါဆိုရင် နောက် ဒီလိုအခြေအနေမျိုးကြုံမယ်ဆိုရင် အဲဒီ့ စကားလုံးကို အစ်ကိုကြီး ပြန်ရွေးပါဦးမလား... ရွေးဦးမယ်ဆိုရင်တော့ ပြောစရာမရှိတော့ပါဘူး. မရွေးဘူးဆိုရင်တော့ အဲဒါဟာ မှားယွင်းစွာ ရွေးချယ်မှုက ရတဲ့သင်ခန်းစာဆိုတာ သေချာမယ်ထင်ပါတယ်... ဒီမှာကြည့်ရတာ စာရေးသူနဲ့စာဖတ်သူ လုံး၀ အမြင်တွေတူနေတယ်ထင်တယ် း)။ စိတ်တူကိုယ်တူ အရမ်းများလို့နေမှာပါ။ ကြာရင် ကျွန်တော်တစ်ယောက်တည်း ကန့်လန့်တိုက်တယ်လို့ ထင်မှာဆိုးရတယ် း).. ကျွန်တော်ကတော့ ဆွေးနွေးပြီးမှပဲ သဘောတူချင်တယ်..
Tuesday, August 11, 2009
တစ်ချိန်က စဉ်-၁
နေ့တစ်နေ့ရဲ့ နေညိုချိန်မှာ.....
ကျွန်တော်တို့လမ်းမနဲ့ ထောင့်မှန်ကျလမ်းဘေးမှာ ရေမြောင်းလေးက တသွင်သွင်စီးဆင်းနေတယ်။
ကျွန်တော်တို့လမ်းမရဲ့မြောင်းကြီးကတော့ တဝေါဝေါနဲ့ ဒလကြမ်း စီးဆင်းနေလေရဲ့။
ဟော.. ဟိုကောင်တွေ ပွဲတောင် စနေပါလား...
``ဟေ့ကောင်တွေ... ငါလည်းပါမယ်ဟေ့။´´
``အေး... ပါမယ်ဆို.. ကျွန်ခံ´´ အားလုံးက တက်ညီလက်ညီ ပြန်ပြောလိုက်တယ်။
``ဒါလေးများ....´´ { ကိုယ့်လက်ကို ကိုယ်ယုံပြီးသားပဲ }
``ဟေ့ကောင်..ဟိုကောင်... မင်းတို့ ဒူး သွားပြီ။ ငါ့အလှည့် လာထား....´´
/* { ဒူး တယ်ဆိုတာ နှစ်လုံးပူးသွားတာကိုခေါ်ပါသည်။ ဘာလို့ခေါ်လဲ ဘယ်လိုပေါင်းသလဲတော့ မသိ၊း)
ဘာနှစ်လုံးလဲ ဆိုတာ ဆက်ဖတ်တော်မူကြပါး) } */
``မင်းကို သယ်လိုက်မယ်´´
``ဖြောင်း´´
`` ဒီကောင့်ကို ထိပ်ခေါက်လိုက်မယ်။´´
``ချောက်´´
``ပြီးရင် ဒီလို ၀င်´´
``မင်းကို နောက်တစ်ချက်၊ ဟိုရှေ့ကိုသွားထား´´
``ဖြောင်း´´
``ဒီလို ၀င်တယ်´´
``မင်း အလှည့်.. လာထား´´
``ဖြောင်း´´ { အဲဒီ့ကောင်က ပေါက်ဒိုး ကောင်းတယ်ကွ }
``ကိုးကျင်း...´´
``လာထား... ဆယ်ကျင်း´´
``၀ိုး...ဟိုး.. ဆယ်ကျင်းသမားကွ´´
``လုပ်ကြ.. မင်းတို့အလှည့်... နောက်ဆုံးကျန်တဲ့ကောင်တော့ သေပြီသာမှတ်´´
``ဟား..ဟား.. ဘိုကြီး.. မင်း ခံရပြီပေါ့ကွာ.. လုပ်.. လုပ်.. ကျင်းစိန်.. မ၀င်ရင်တော့.. အကွဲပဲ´´
``ဟာ.. သွားပြီကွာ´´
``ငလုံး...မင်းအရင်ရိုက်ပြီး ငါတို့ဘက် ပို့လိုက်´´
``ဖျောက်... ဖြောင်း´´
``လာထား... တစ်ချက်´´ // ကျွန်တော့် လက်ချက်ပေါ့
``ချောက်´´
``လာထား... နောက်တစ်ချက်´´
``ဂွက်´´ // အုပ်ပြီးထုလိုက်ခြင်း
``နောက်ဆုံးတစ်ချက်ပဲဟေ့´´
``ဖြောင်းးးးး´´ `` ပလုံ ´´
``ဟာ မြောင်းကြီးထဲကျသွားပြီ´´
``လက်နဲ့နှိုက်ကြည့်မယ်´´
``စွပ်... စွပ်´´ ``စွပ်...စွပ်´´
``မတွေ့ဘူးကွ...´´ ``ငန်းပြားရှိတယ်.. ရော့´´
``မတွေ့တော့ဘူးကွ... သွားပြီကွာ´´
လမ်းထဲကလူကြီးတစ်ယောက်က အော်ပြောတယ် `` ဟာ... ဒီကောင်လေးတွေ တယ်ဟုတ်ပါလား... မြောင်းတွေတောင်ကော်နေကြလို့ပါလား´´
``အာ... ဦးလေးကြီးကလည်း မသိဘဲနဲ့ ဂေါ်လီ ကျသွားလို့ဗျ´´
မျက်နှာချင်းဆိုင်က အဘွားကြီးတစ်ယောက်က
``ဟေ့ကောင်လေးတွေ (******) မပြီးကြသေးဘူးလား.. အိမ်ရှေ့လာပြီးဆူညံဆူညံနဲ့´´
{ အာ..ဒီအဘွားကြီးကတစ်မျိုး.. သူ့အိမ်နဲ့ အဝေးကြီးကို } `` ခဏလေးပါ အဘွားရဲ့ ပြီးပြီ ´´
``တော်ပြီကွာ...နောက်မှ ဒိုးအသစ်ဝယ်ပြီး.. တွေ့ကြသေးတာပေါ့ကွာ....´´
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
// ဒါကတော့ ဂေါ်လီရိုက်ပွဲပေါ့။ တခြားဟာကတော့ နောက်တစ်ပုဒ်တွင် ဖတ်ရှုပါရန်.....
အတိတ်ကို တစ်ခါတစ်ရံတော့ ပြန်ကြည့်သင့်ပါတယ်။ ကျွန်ုပ်တို့ ပေါ့ပါးကြည်နူးစေရန်အတွက်ဖြစ်ပါသည်။
ကျွန်တော်တို့လမ်းမနဲ့ ထောင့်မှန်ကျလမ်းဘေးမှာ ရေမြောင်းလေးက တသွင်သွင်စီးဆင်းနေတယ်။
ကျွန်တော်တို့လမ်းမရဲ့မြောင်းကြီးကတော့ တဝေါဝေါနဲ့ ဒလကြမ်း စီးဆင်းနေလေရဲ့။
ဟော.. ဟိုကောင်တွေ ပွဲတောင် စနေပါလား...
``ဟေ့ကောင်တွေ... ငါလည်းပါမယ်ဟေ့။´´
``အေး... ပါမယ်ဆို.. ကျွန်ခံ´´ အားလုံးက တက်ညီလက်ညီ ပြန်ပြောလိုက်တယ်။
``ဒါလေးများ....´´ { ကိုယ့်လက်ကို ကိုယ်ယုံပြီးသားပဲ }
``ဟေ့ကောင်..ဟိုကောင်... မင်းတို့ ဒူး သွားပြီ။ ငါ့အလှည့် လာထား....´´
/* { ဒူး တယ်ဆိုတာ နှစ်လုံးပူးသွားတာကိုခေါ်ပါသည်။ ဘာလို့ခေါ်လဲ ဘယ်လိုပေါင်းသလဲတော့ မသိ၊း)
ဘာနှစ်လုံးလဲ ဆိုတာ ဆက်ဖတ်တော်မူကြပါး) } */
``မင်းကို သယ်လိုက်မယ်´´
``ဖြောင်း´´
`` ဒီကောင့်ကို ထိပ်ခေါက်လိုက်မယ်။´´
``ချောက်´´
``ပြီးရင် ဒီလို ၀င်´´
``မင်းကို နောက်တစ်ချက်၊ ဟိုရှေ့ကိုသွားထား´´
``ဖြောင်း´´
``ဒီလို ၀င်တယ်´´
``မင်း အလှည့်.. လာထား´´
``ဖြောင်း´´ { အဲဒီ့ကောင်က ပေါက်ဒိုး ကောင်းတယ်ကွ }
``ကိုးကျင်း...´´
``လာထား... ဆယ်ကျင်း´´
``၀ိုး...ဟိုး.. ဆယ်ကျင်းသမားကွ´´
``လုပ်ကြ.. မင်းတို့အလှည့်... နောက်ဆုံးကျန်တဲ့ကောင်တော့ သေပြီသာမှတ်´´
``ဟား..ဟား.. ဘိုကြီး.. မင်း ခံရပြီပေါ့ကွာ.. လုပ်.. လုပ်.. ကျင်းစိန်.. မ၀င်ရင်တော့.. အကွဲပဲ´´
``ဟာ.. သွားပြီကွာ´´
``ငလုံး...မင်းအရင်ရိုက်ပြီး ငါတို့ဘက် ပို့လိုက်´´
``ဖျောက်... ဖြောင်း´´
``လာထား... တစ်ချက်´´ // ကျွန်တော့် လက်ချက်ပေါ့
``ချောက်´´
``လာထား... နောက်တစ်ချက်´´
``ဂွက်´´ // အုပ်ပြီးထုလိုက်ခြင်း
``နောက်ဆုံးတစ်ချက်ပဲဟေ့´´
``ဖြောင်းးးးး´´ `` ပလုံ ´´
``ဟာ မြောင်းကြီးထဲကျသွားပြီ´´
``လက်နဲ့နှိုက်ကြည့်မယ်´´
``စွပ်... စွပ်´´ ``စွပ်...စွပ်´´
``မတွေ့ဘူးကွ...´´ ``ငန်းပြားရှိတယ်.. ရော့´´
``မတွေ့တော့ဘူးကွ... သွားပြီကွာ´´
လမ်းထဲကလူကြီးတစ်ယောက်က အော်ပြောတယ် `` ဟာ... ဒီကောင်လေးတွေ တယ်ဟုတ်ပါလား... မြောင်းတွေတောင်ကော်နေကြလို့ပါလား´´
``အာ... ဦးလေးကြီးကလည်း မသိဘဲနဲ့ ဂေါ်လီ ကျသွားလို့ဗျ´´
မျက်နှာချင်းဆိုင်က အဘွားကြီးတစ်ယောက်က
``ဟေ့ကောင်လေးတွေ (******) မပြီးကြသေးဘူးလား.. အိမ်ရှေ့လာပြီးဆူညံဆူညံနဲ့´´
{ အာ..ဒီအဘွားကြီးကတစ်မျိုး.. သူ့အိမ်နဲ့ အဝေးကြီးကို } `` ခဏလေးပါ အဘွားရဲ့ ပြီးပြီ ´´
``တော်ပြီကွာ...နောက်မှ ဒိုးအသစ်ဝယ်ပြီး.. တွေ့ကြသေးတာပေါ့ကွာ....´´
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
// ဒါကတော့ ဂေါ်လီရိုက်ပွဲပေါ့။ တခြားဟာကတော့ နောက်တစ်ပုဒ်တွင် ဖတ်ရှုပါရန်.....
အတိတ်ကို တစ်ခါတစ်ရံတော့ ပြန်ကြည့်သင့်ပါတယ်။ ကျွန်ုပ်တို့ ပေါ့ပါးကြည်နူးစေရန်အတွက်ဖြစ်ပါသည်။
Thursday, August 6, 2009
ကျွန်တော်
August 6, 2009 (22:15)
နိစ္စဓူဝ ဖုန်းအသံကိုမကြားမဖြစ် နားကိုစွင့်လို့
အားအင်သစ်တွေ မွေးခဲ့တဲ့
ကျွန်တော်...။
ဖုန်းသံကို ပိတ်
အခန်းမီးကို မှိတ်လို့
အလုံးစုံ တိတ်ဆိတ်
ဆိတ်ဆိတ်သာ နေချင်လာတဲ့
ကျွန်တော်...။
မာနကိုခွာချ ပညာထုတ်ယူ
မောဟကိုပယ် သူချစ်ခင်လို့
ဒေါသဖယ်ခွာ အဆင်ပြေလာတဲ့
ကျွန်တော်...။
ကောင်း မကောင်း ခွဲခြား
အမှန် အမှား စဉ်းစားပြီး
အများ တကာ စိတ်မှာ မရှိ
အားလုံးကို ပစ်ခွာ
ငြိမ်းချမ်းစွာ တစ်ကိုယ်တည်း
ဥပေက္ခာ ပါရမီ နဲ့ နေတဲ့
ကျွန်တော်...။
ခုမှ ဂရုပြုမိလာတဲ့
သာသနာကာလ ၀ါတွင်းပါပ
တရား အဆုံးအမ
ဆင်ခြင်ကြည့်ကာမှ
သြော်....
မေတ္တာထား ကူညီတာလည်း
မြတ်ဗုဒ္ဒရဲ့
အတုမဲ့ စေတနာလမ်းစဉ်
ကျင့်သုံးထိုက်တဲ့ နည်းလမ်းစစ်ပင်
သိမြင်လာခဲ့တဲ့
ကျွန်တော်...။
အားလုံးပဲ စိတ်ရောကိုယ်ပါ
ငြိမ်းချမ်းစွာဖြင့်
လုပ်ကိုင်ရကြ
လုပ်ကိုင်ရှိလည်း အောင်မြင်ပြီးမြောက်
တတ်သိပညာ ကျွမ်းကျင်လှဖို့
စစ်မေးခြင်းတွေ ပြေပါစေကြောင်း
ဆုမွန်ကောင်းပေးနေတဲ့
ကျွန်တော်...။
Subscribe to:
Comments (Atom)