တစ်ခါက အရမ်းချစ်ကြတဲ့ သူငယ်ချင်း နှစ်ယောက်ရှိသတဲ့၊ တစ်ယောက်ကအရမ်းချမ်းသာပြီး နောက်တစ်ယောက်က ချို့တဲ့ရှာတယ်ပေါ့။ အပြင်ထွက်တဲ့အခါတိုင်း ချမ်းသာတဲ့သူငယ်ချင်းကပဲ အမြဲကျွေးသတဲ့၊ နည်းနည်းချို့တဲ့သူက တွေးတယ် “ ငါ့သူငယ်ချင်းကအရမ်း ချမ်းသာတော့ သူပဲကျွေးပေါ့ ”။ တစ်ကယ်လည်း အမြဲတမ်းကျွေးပါတယ်၊ ဒါပေမယ့် တစ်ခါ တစ်ခါတော့ စဉ်းစားမိတာပေါ့...တစ်ခါတစ်ရံ စဉ်းစားရင်း ဟိုတွေးဒီတွေး ပြဿနာလေးတွေလည်း ပေါ်တာပေါ့။ နောက်ဆုံးတော့ ဒီသူငယ်ချင်းနှစ်ယောက် ကွဲသွားခဲ့ပါတယ်။ အဲဒီ ချမ်းသာတဲ့ သူက နောက်တစ်ယောက်ကို ဘယ်လိုပြောပြလဲဆိုတော့ “သူကွာ ငါ့သူငယ်ချင်းဖြစ်တာ နှစ်(၂၀)ကျော် ကြာပြီ၊ ငါ့ကို တစ်ခေါက်တစ်လေ ဟမ်ဘာဂါလေး ရေလေးတစ်ဗူး တောင် ၀ယ်မကျွေး၊ ၀ယ်မတိုက်ဖူးဘူး၊ သူချို့တဲ့တယ်ဆိုပေမယ့် နည်းတာ များတာ ထားပါကွာ.. ငါက ငါချစ်တဲ့ သူငယ်ချင်းကျွေးတာ တစ်ခါတစ်လေတော့ စားချင်တာပေါ့” တဲ့။
ကျွန်တော် လေးတန်းပြီးသွားတော့ ငါးတန်းရောက်တဲ့အခါ ကျွန်းတောလမ်းပေါ်က အ.လ.က (၃) လို့ခေါ်တဲ့ နှစ်ထပ်ကျောင်းဆောင်လေးကိုပြောင်းတက်ရတယ်။ ဖေကြီးက အဲဒီကျောင်းက ကျောင်းသားဟောင်းကိုး။ အရင်တုန်းကတော့ အဲဒီကျောင်းကို အလကား ၃ လို့ခေါ်ကြတဲ့အထိ နာမည်ဆိုးခဲ့တဲ့ကျောင်းလေးပေါ့။ ကျွန်တော် မတက်ရခင် နှစ်အနည်းငယ်ကမှ နာမည်ပြန်ကောင်းလာလို့ အဲဒီကျောင်းကို ဖေကြီးက ပို့လိုက်တယ်။ ကျောင်းတက်တဲ့အချိန် နှစ်တိုင်းထူးခြားတာတစ်ခုရှိတယ်။ စတက်တဲ့နေ့တိုင်း မိုးရွာတာပဲ။ ကျောင်းစတက်တဲ့နေ့ စာစီစာကုံးရေးမယ်ဆို ကျွန်တော့်စာပိုဒ်တွေမှာ စိုရွှဲလို့။ မိုးနံ့တောင် သင်းနေရော။ ပြောင်လက်နေတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီ အစိမ်းရောင် တောက်တောက်လေးတွေ ကလည်း မိုးစက်လေးတွေနဲ့ ပဏံသင့်လို့။ နောက်မိုးကာအကြည်လေးတွေ၊ အရောင်လေးစုံလေးတွေ ကိုယ်စီနဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ မိဘတွေနဲ့ အတူ အားလုံး ကျောင်းတံခါးကြီး ဖွင့်ချိန်ကို မျှော်တလင့်လင့်နဲ့ စောင့်နေလေရဲ့။ `ကလောင်´ ..... `ကလောင်´ ...... `ကလောင်´ ကျောင်းခေါင်းလောင်းထိုးပြီ။ အေးစက်နေတဲ့ ခေါင်းလေးတွေ ထောင်သွားတယ်။ ဗွက်တွေဆော့ ထားတဲ့ ခြေထောက်လေးတွေ လှုပ်ရှားလာတယ်။ ဟော... ဆီမထည့်ရသေးတဲ့ ကျောင်းတံခါးကြီး တစ...
Comments
it's a cute idea indeed !