အခုဆို ဒီမှာ တုပ်ကွေးက နှုန်းနည်းနည်း မြင့်လာပြီ။ သတိပေးစံနှုန်း မြင့်တက်လာတော့မယ် လို့ခန့်မှန်းရတယ်။
နောက်တုပ်ကွေးနဲ့ပတ်သက်လို့ သတိရတာတစ်ခုက တုပ်ကွေးတို့ ငှက်ဖျားတို့ မိရင် အာပူရှာပူ သောက်ရင် မြန်မြန် ပျောက်တယ်။ ဒါကတော့ ဥာဏ်ရှိသလိုသုံး။
ကိုယ်ကို ကျန်းမာအောင်နေပါ။ ဆီး၊ ၀မ်း၊ သွေး၊ လေ မှန်ရင် ဘာရောဂါမှ မ၀င်နိုင်ဘူး။
ဆီးအတွက်က ရေသောက်ဖို့ ခဏခဏသတိရပါ။
ဝမ်းအတွက်က ၀မ်းနှုတ်ဆေး တစ်ပါတ် ၃ ကြိမ်လောက်သောက်ပေါ့ နောက်တစ်ချက်က မနက်စောစောထ။
သွေး နဲ့ လေ ကတော့ နှေးနှေးပြေးတဲ့လေ့ကျင့်ခန်း ဖြစ်ဖြစ် မြန်မြန်လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းဖြစ်ဖြစ် အေရိုးဗစ် ဖြစ်ဖြစ် တခြားနှစ်သက်ရာ လှုပ်ရှားရတဲ့ အားကစား၊ လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။
တစ်ကိုယ်ရည်သန့်ရှင်းဖို့ကတော့ တစ်ခုခု မလုပ်ခင်နဲ့ လုပ်ပြီးတိုင်းမှာ လက်ကိုဆပ်ပြာနဲ့ သေချာဆေး၊ ပြီးရင် လက်ကိုအောက်စိုက်ထားလို့ ရေဖွင့်ပြီးဆေးချပါ။
နောက်ဆုံးတစ်ချက်ကတော့ ဓမ္မကို မမေ့ပါနဲ့၊ အကြွင်းမဲ့ယုံပါ၊ သေချာလိုက်နာ ကျင့်သုံးပါ။

Comments
စီဘောက်မတွေ့လို့ တွေ့တဲ့နေရာ ဝင်အော်သွားပါတယ်။လာလည်တာကျေးဇူးနော်။
ခင်တဲ့
မေလေး