ဘုန်းတော်၊ ဉာဏ်တော်ကြီးမားတော်မူသော မြတ်စွားဘုရားကို ရှိခိုးပူဇော်ပါ၏။ ၂၆ ရက်၊ စက်တင်ဘာလ၊ ၂၀၀၉ ခုနှစ် (စနေနေ့) မနေ့က တိုပါးရိုးဘုန်းကြီးကျောင်းကိုသွားတော့ တရားပွဲမှီလိုက်တယ်။ တရားက ဘာလဲဆို လူတွေ စိတ်ချမ်းသာချင် ကြတယ်။ ဒါပေမယ့် စိတ်မချမ်းသာကြရဘူး။ မိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်ကြတယ်။ ဒါပေမယ့် မပျော်ကြရပြန်ဘူး။ ဘာလို့ပါလဲတဲ့။ မနာလိုခြင်း နဲ့ ဝန်တိုခြင်းကြောင့်ပါတဲ့။ မနာလိုခြင်းဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ကောင်းစားသွားတာ၊ အဆင်ပြေသွားမှာ ကြည့်လို့မရ၊ မခံနိုင်ကြတာဖြစ်ပါတယ်။ များသောအားဖြင့် ရုပ်ဝတ္ထု ပစ္စည်းတွေကြောင့် သံယောဇဉ်တွေ ကြောင့်ဖြစ်ပါတယ်။ (လူမျိုးတူချင်းတွေ တစ်ယောက်နဲ့တစ်ယောက် အောင်မြင်သွားမှာ မဖြစ်စေလိုဘူးဆိုတော့ အဲဒီလူမျိုး အောင်မြင်ဖို့ ဘယ်တော့မှ မဖြစ်နိုင်ဘူးမြင်ပါတယ်။) တစ်ယောက်နဲ့ တစ်ယောက် လုပ်ဖော်ကိုင်ဖက်တွေ သူငယ်ချင်းတွေ တွန်းလိုက်တိုက်လိုက် ဘာကြောင့်လုပ်လဲဆို အဲဒီ့ မနာလိုခြင်းကြောင့်ဖြစ်ပါတယ်တဲ့။ (မှန်ပါတယ်၊ တရားတွေ မေ့ ပစ်လိုက်ကြတဲ့ သေးသိမ်တဲ့ သူတွေလို့ပဲပြောချင်ပါတယ်။) နောက်တစ်ခုဖြစ်တဲ့ ဝန်တိုခြင်းကတော့ ကိုယ့်ထက်သာသွားမှာစိုးပြီး ကိုယ့်မှာရှိတာကို မဝေမျှချင်တာပါ။ သူငယ်ချင်းအချင်းချင်းလည်း အဲဒီတရားနဲ့ အစစ်အမှန် ဟုတ်မဟုတ် စစ်ဆေးလို့ရပါတယ်။ ကိုယ့်ကိုပေးတဲ့သူကို ပြန်မပေးဘူးချင်ဆိုတာ မျှတတဲ့ ကြင်နာတဲ့ ဘယ်ဘာသာဝင်မှ မတွေ့ဖူးသေးပါဘူး။ (ဘာသာတိုင်း ကောင်းတာတွေ တူညီလေ့ရှိတယ်။ ဘာလို့ဆို အားလုံးဟာ အခြေခံဖြစ်တဲ့ စိတ်၊ ကိုယ် တွေ အတူတူ ရရှိထားလို့ပါ။) ကိုယ့်ဆီကအမြဲလိုလို ယူတယ်၊ ဒါပေမယ့် သူ့ဆီက နည်းနည်း ကိုယ်လိုတဲ့အခါ ပေးဖို့ ၂ ခါ ၃ ခါ လောက် ငြင်းရင် ရှောင်ဖယ်သွားရင် အစစ်လား အတုလား ကွဲပြားပါတယ်။ အဲဒီ့ တရားနှစ်ပါးကတော့ ဖြစ်ဖို့ လွယ်သလို ပယ်သတ်ဖို့တော်တော်ခက်တယ်။ နှစ်ခုလုံးကို ဖယ် နိုင်ရင် ကိုယ်လုပ်မှကိုယ်ရတဲ့ အကြောင်း မြင်လာနိုင်သလို၊ သူများတွေနဲ့ ယှဉ်ပြီး စိတ်ဆင်းရဲတာတွေ ပျောက်လို့ နေပျော်လာလိမ့်မယ်။ (ကိုယ်တိုင်က စိတ်ထားမှန်ပြီး သူတို့အတွက် သူငယ်ချင်း အစစ်ဖြစ်လို့ သူတို့ဟာလည်း ကိုယ့်အတွက် ရတနာ အစစ် တွေဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်တော့ အသေအချာပြောနိုင်ပါတယ်။ သူငယ်ချင်းတို့အတွက် လည်း မှန်ပါလိမ့်မယ်။ မှန်အောင်လုပ်ဖို့တော့ လိုတာပေါ့။) ဒီလိုနဲ့ တရားသိမ်းလိုက်ပါတယ်။ ၂၇ ရက်၊ စက်တင်ဘာလ၊ ၂၀၀၉ ခုနှစ် (တနင်္ဂနွေနေ့) ဒီနေ့ မေရီမောင့် နားက ရွှန်းဖု လမ်း တရုတ်ဘုန်းကြီးကျောင်းက တရားပွဲကို သွားတယ်။ တရားကတော့ - တစ်ခါက ပြည်တစ်ခုမှာ တရားပွဲတွေ ကျင်းပနေတယ်။ တရားနာပရိသတ်တွေလည်း နာနေကြတယ်။ တစ်ချိန်တည်းမှာပဲ သူခိုးတစ်စုဟာလည်း အိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေသယ်ယူနေကြတယ်။ (ကောင်းတဲ့သူကလည်း ကောင်းတာလုပ်နေသလို မကောင်းတဲ့သူကလည်း သူ့အလုပ်သူလုပ်နေကြပါတယ်တဲ့။) ဒီလိုနဲ့ အရုဏ် မလင်းခင်အချိန် လူတစ်ယောက်က ညလုံးပေါက်တရားပွဲကနေအပြန်၊ ရေကန်တစ်ကန်မှာ ခြေလက် မျက်နှာ သုတ်သင်နေလေတယ်။ တစ်ချိန်တည်းမှာပဲ သူခိုးတစ်ယောက်ကိုလည်း မင်းချင်းတွေက လိုက်လံဖမ်းဆီးလို့နေတယ်။ ခဏအကြာပဲ သူခိုးက အဲဒီလူဘေးက ဖြတ်သွားပြီး ခိုးလာတဲ့အထုပ်တစ်ထုပ်ကို ပစ်ချထားခဲ့တယ်။ တရားနာပြန်လာတဲ့ လူကတော့ မသိဘဲ ကိစ္စပြီးလို့ ပြန်မယ်အလုပ် မင်းချင်းတွေနဲ့ တွေ့တော့၊ ဟေ့၊ ဘယ်သူလဲ ရပ်နေ၊ ဆိုတော့ ဟိုလူက ဟုတ်ပြီဆိုပြီး ရပ်နေတယ်၊ ဘာကိစ္စလဲ စုံစမ်းတယ်။ (ကောင်းတာလုပ်တဲ့သူဆိုတော့ မေးချင်လို့ ရပ်ပါဆိုတော့ ရပ်နေရဲတယ်၊ သူခိုးဆိုရင် ရပ်ပါဆိုလည်း ပြေးမှာပဲ) ဒီလိုနဲ့ သူခိုးလား၊ ဘာလားစစ်မေးတော့၊ ရှင်းပြလို့နားမပေါက်၊ အထုပ်လည်းရှိနေတော့ စွပ်စွဲပြီး ရိုက်နှက်ကြလေတယ်။ (ဘာကြောင့် အခုလို ကောင်းတာလုပ်ရက်နဲ့ ဒုက္ခခံရတာလဲ၊ တရားနာလို့ ဖြစ်တာလား၊ ညလုံးပေါက် နာလိုက်လို့ဖြစ်တာလား၊ သူခိုးကြောင့်လား၊ အထုပ်ကြောင့်လေလား) အတန်ကြာတော့ အစေခံမလေးတစ်ယောက် ရေခပ်ထွက်လာတယ်။ အဲဒီ့အခြင်းအရာကို တွေ့တော့ ကလေးမကပြောတယ်၊ မင်းချင်းတို့ရယ်၊ ဒါကျွန်မတို့ ရွာက ရွာလူကြီးတစ်ယောက်၊ သူတော်ကောင်း တစ်ယောက်ပါ၊ ဆိုပြီး ပြောဆိုပေးတော့ လွှတ်ပေးလိုက်ကြတယ်။ (ကောင်မလေးကြောင့် ကံကောင်းသွားတာလား) ဒီအဖြစ်အပျက်တွေကို နောက်တစ်နေ့ တရားသဘင်ရောက်တော့ မြတ်စွာဘုရားကို လျှောက်မေးကြတယ်။ အရိယာမဖြစ်သေးတဲ့ သံဃာတွေ၊ ပရိတ်သတ်တွေက အပေါ်က `လား´ ပေါင်းများစွာကြောင့်လား မေးကြတယ်။ (အဲလို မတွေးဘဲနေနိုင်ဖို့ တော်တော် ခက်ပါတယ်) း) အဲဒီအခါ မြတ်စွာဘုရားက ပရိတ်သတ်တို့ အဲဒီလို မထင်ကြလေနဲ့၊ ဒီဥပဿကာကြီးဟာ လွန်လေသော ဘဝဟောင်းက တစ်ပါးသူကို ရိုက်နှက်ခဲ့ဖူးလေတယ်။ အဲဒါကြောင့် ယခုအခါ သူတစ်ပါးတို့ရဲ့ ရိုက်နှက်ခြင်းခံရခြင်းဖြစ်တယ်။ ဒါပေမယ့် ဘဝဟောင်းမှာ တစ်ပါးသူသေအောင် မကျူးလွန်ခဲ့ဘဲ အသိတရားဝင် လာခဲ့လေတော့ အခုဘဝမှာ အသက်မသေရခြင်းပဲဖြစ်တယ်။ လို့ဖြေကြားတော်မူတယ်။ ဒီလိုနဲ့ ကံကံ၏အကျိုးကို သိမြင်လို့ ကျွတ်တမ်းဝင်တဲ့သူတွေ လည်း ဝင်ကြလေတယ်။ (အဲဒီ့ အတိတ်မကောင်းကံကြောင့် မင်းချင်းတွေနဲ့ မတွေ့လည်း၊ အထုပ်မရှိလည်း၊ အရိုက်ခံရမှာပဲ၊ ဒါ့အပြင် ကောင်မလေး မလာရင်တောင် သူအသက်မသေနိုင်ဘူးလို့ဆိုတယ်) (ဆိုတော့ အကြောင်းရှိခဲ့လို့ အကျိုးဖြစ်လာတယ်ဆိုတာပါပဲ။ အဲဒါကို ပုထုဇဉ်တွေက ဒီလို ကောင်းတာလုပ်ရက်နဲ့ အဆင်မပြေတာ ဒါတွေက မှန်မှမှန်ရဲ့လား၊ ဒါဟိုသူငယ်ချင်း၊ အဲဒီလူကြောင့်ပေါ့။ သူတို့လုပ်လို့ ငါတို့ဒီလိုဖြစ်တာ။ ဆိုပြီး အမှန်တရားကို သံသယဝင်လာတယ်၊ အဲဒီကနေ အယူမှား၊ ယုံမှား သံသယတွေ ဖြစ်လာတယ်။ ဒါပေမယ့် သူတို့တွေ ကျန်ခဲ့တာက ကောင်းတာလုပ်လို့ မကောင်းတာဖြစ်တယ်ဆိုပေမယ့် မကောင်းတာလုပ်ရင်လည်း မကောင်းတာ ဖြစ်နိုင်ပါတယ်ဆိုတာပါပဲ။ ကံကံ၏ အကျိုးကို အမှန်တကယ် မယုံဘဲ အကျုးိကိုမျှော်ကိုးပြီး ကောင်းမှုလုပ်တဲ့သူတွေ ဖြစ်လေ့ရှိပါတယ်၊ ကိုယ်လုပ်တဲ့ကောင်းမှု အကျိုးပေးချိန်မရောက်သေးဘဲ အတိတ်မကောင်းကံ အကျိုးပေးချိန်ရောက်တော့ လုပ်တဲ့ ကောင်းမှု ကို သံသယ ဝင်လာမယ်။ ဒါဆို လုပ်ရပ်တွေလည်း မပီပြင်တော့ဘူး၊ ဒါဆိုရင်တော့ ကောင်းလာစရာ မရှိနိုင်ဘူး၊ အဲဒါဟာ မုဆိုးမသွားရာ မိုးလိုက်ရွာတယ်ဆိုတာ အဲဒါမျိုးပါပဲ။ အမှန်ကတော့ အဲဒီမိုးလိုက်ရွာအောင် ကိုယ့် လုပ်ရပ်တွေကပဲ လုပ်လိုက်တာပါ။ ကိုယ့်စိတ်နဲ့ လုပ်ရပ်ပေါ့) ကောင်းတာဖြစ်သွားတဲ့အခါတော့ ငါလုပ်တာ (မာန၊ အတ္တ)၊ မကောင်းတာဖြစ်တော့ တရားကို လွှဲချတာ(မိစ္ဆာဒိဌိ၊ ဝီစိကိစ္ဆာ)၊ တစ်ခြားသူကိုလွှဲချရင်တော့ အမှန်ကို မမြင်နိုင်ဘဲ အရှုံးထဲမှာ ဝဲလည်နေပါလိမ့်မယ်။ အနှစ်ကတော့ ကောင်းတယ်မကောင်းဘူးဆိုတာ တစ်ပါးသူလုပ်တာ မဟုတ်၊ ကိုယ့်ရဲ့ (အတိတ်နဲ့ ပစ္စုပ္ပန်) ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ်ကြောင့်သာဖြစ်တယ်။ သူတို့ကြောင့်ဆိုချင်ရင်တောင် အဲဒီ့သူတို့ဟာ ကိုယ့်ရဲ့ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ် သာဖြစ်သင့်ပါတယ်။ ကံကံ၏ အကျိုးကို အမှန်တကယ်ယုံကြည်နိုင်ကြပါစေ။ နားလည်လို့ ကျင့်သုံးနိုင်ကြမယ်ဆိုရင် တော်တော် နှစ်လိုဖွယ်ကောင်းပါလိမ့်မယ်။
ကျွန်တော် လေးတန်းပြီးသွားတော့ ငါးတန်းရောက်တဲ့အခါ ကျွန်းတောလမ်းပေါ်က အ.လ.က (၃) လို့ခေါ်တဲ့ နှစ်ထပ်ကျောင်းဆောင်လေးကိုပြောင်းတက်ရတယ်။ ဖေကြီးက အဲဒီကျောင်းက ကျောင်းသားဟောင်းကိုး။ အရင်တုန်းကတော့ အဲဒီကျောင်းကို အလကား ၃ လို့ခေါ်ကြတဲ့အထိ နာမည်ဆိုးခဲ့တဲ့ကျောင်းလေးပေါ့။ ကျွန်တော် မတက်ရခင် နှစ်အနည်းငယ်ကမှ နာမည်ပြန်ကောင်းလာလို့ အဲဒီကျောင်းကို ဖေကြီးက ပို့လိုက်တယ်။ ကျောင်းတက်တဲ့အချိန် နှစ်တိုင်းထူးခြားတာတစ်ခုရှိတယ်။ စတက်တဲ့နေ့တိုင်း မိုးရွာတာပဲ။ ကျောင်းစတက်တဲ့နေ့ စာစီစာကုံးရေးမယ်ဆို ကျွန်တော့်စာပိုဒ်တွေမှာ စိုရွှဲလို့။ မိုးနံ့တောင် သင်းနေရော။ ပြောင်လက်နေတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီ အစိမ်းရောင် တောက်တောက်လေးတွေ ကလည်း မိုးစက်လေးတွေနဲ့ ပဏံသင့်လို့။ နောက်မိုးကာအကြည်လေးတွေ၊ အရောင်လေးစုံလေးတွေ ကိုယ်စီနဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ မိဘတွေနဲ့ အတူ အားလုံး ကျောင်းတံခါးကြီး ဖွင့်ချိန်ကို မျှော်တလင့်လင့်နဲ့ စောင့်နေလေရဲ့။ `ကလောင်´ ..... `ကလောင်´ ...... `ကလောင်´ ကျောင်းခေါင်းလောင်းထိုးပြီ။ အေးစက်နေတဲ့ ခေါင်းလေးတွေ ထောင်သွားတယ်။ ဗွက်တွေဆော့ ထားတဲ့ ခြေထောက်လေးတွေ လှုပ်ရှားလာတယ်။ ဟော... ဆီမထည့်ရသေးတဲ့ ကျောင်းတံခါးကြီး တစ...
Comments
သာဓု... သာဓု... သာဓု...
သာဓု သာဓု သာဓုပါ
ဆင်တူရိုးမှား တရားတခုသွားသတိရတယ်
း))
ကိုယ်ကောင်းတာလုပ်ရက်နဲ့ ကောင်းကျိုးမခံစားရလို့ ညီးတွားနေတဲ့လူ တချို့ကိုလည်း သတိရသွားတယ်
ကံဆိုတာ အလုပ်တဲ့
ကောင်းတဲ့ အလုပ်လုပ်ခဲ့မှ ခုချိန် ကောင်းကျိုးခံစားရမယ်
ခုလည်း ကောင်းတာလုပ်မှ နောင်တချိန် ကောင်းကျိုးခံစားရမယ်
ကိုယ်လုပ်ခဲ့တဲ့ အကြောင်းတရားတွေကြောင့် ခု အကျိုးတွေ ခံနေတာဖြစ်လို့ ဘယ်သူ့မှ အပြစ်တင်လို့မရဘူး .. တင်စရာမလိုဘူးပေါ့ ..
ကျေးဇူးပါး)
ညီမလေး မိုခါးရော ကျေးဇူးတင်ပါတယ်။
ဘာပဲပြောပြော သိသူတွေ ရှိကျသလို
မသိသူတွေလဲ ရှိကျပါတယ်။
ခုလိုမျိုး ကိုယ်သိတာလေးကို ကိုယ်တက်နိုင်သလောက်
လေး ဝေမျှပေးတာ သာဓု ပါဗျာ
ခင်တဲ့
ကိုရီနို
စိမ်းရေ။ ။ သာဓုဗျာ၊ အဲဒီဆုကိုပေးတဲ့အတွက်၊ ရအောင် ယူမှာပါ။
မိုးခါးရေ။ ။ အမှန်ပါပဲ။ ကောင်းလေစွပါတကား။
ကိုရီနို။ ။ အစ်ကိုလည်း အဆင်ပြေပြီသာမှတ်တော့။း)
ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ
အောက်ဆုံးကနေ တစ်ရပြန်ပြီ ဟဲဟဲ။
တန်ဖိုးရှိလှတဲ့ မျှဝေမှုတွေအတွက် သာဓုခေါ်ပါတယ်။ ကျင့်သုံးနိုင်ဖို့လဲ ကြိုးစားနေပါတယ်။ ကျေးဇူးပါအကိုရေ...
အပေါ်က မမိုးခါးပြောတာလဲ သိပ်မှန်ပါတယ်။ ကျေးကျေးနော်။
သာဓုပါ အိန်ဂျယ်လေးရေ
တရားကောင်းတရားမြတ်တွေကို ဆက်လက် နာကြားရင်း ခုလို ပြန့်ပွားအောင် မျှဝေပေးနိုင်ပါစေ လို့ ....
သာဓု ၊ သာဓု၊ သာဓု
ကံ ဆိုတာမမြင်နိုင်တဲ့အရာကြီး၊ တန်ခိုးရှိတဲ့အရာကြီးမဟုတ်ပါ။
ကံဆိုတာ မိမိရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ စတဲ့ ကံသုံးပါးလို့ ယုံကြည်ပါတယ်။
သာဓု၊သာဓု၊သာဓု။
ထင်မြင်ချက်ကလေးပြန်ပါဦး။