ပန်းခြံတခုက ထိုင်ခုံလေးမှာ အမျိုးသမီးတယောက် နဲ့ အမျိုးသားတယောက် အတူထိုင်လို့နေတယ်။ သူတို့ထိုင်နေတဲ့ ပန်းခြံရဲ့ ဘေးနားလေးမှာတော့ ကလေးကစားကွင်းလေးတခု။
"အဲဒါ ကျွန်မရဲ့ သားလေးပေါ့" အနီရောင် ဆွယ်တာလေးဝတ်ထားပြီး လျှောပေါ်က ဆင်းချလိုက်တဲ့ ကောင်လေးကို လက်ညှိုးညွှန်ပြပြီး အမျိုးသမီးက စကားစလိုက်တယ်။
"ကြည့်ကောင်းတဲ့ ချစ်စရာကောင်လေးပဲ။ ကျွန်တော့်သမီးလေးကတော့ ဟောဟိုက အကျီအဖြူနဲ့ စက်ဘီးစီးနေလေရဲ့။" အမျိုးသားက ပြန်နှုတ်ဆက်လိုက်တယ်။
နောက်တော့ သူက နာရီကိုကြည့်လိုက်ပြီး သမီးဖြစ်သူကို လှမ်းခေါ်ကြည့်လိုက်တယ်၊
"မယ်လစ်ဆာရေ၊ အချိန်ပြည့်ပြီ သွားကြမလား"
" ကျေးဇူးပြုပြီး၊ ငါးမိနစ်လောက် နေလို့ရသေးလား ဖေဖေ၊ ငါးမိနစ်ထဲပါနော်" မယ်လစ်ဆာလေးက တောင်းပန်၊ ခွင့်တောင်းလိုက်တယ်။
သူက သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တော့ မယ်လစ်ဆာလေးက ပျော်ရွှင်စွာပဲ စက်ဘီးလေးကို ဆက်စီးနေလေတယ်။ နောက် အချိန်ပြည့်သွားတဲ့ အခါ သမီးကို လှမ်းပြီး သတိပေးလိုက်တယ်။
"မယ်လစ်ဆာရေ သွားဖို့အချိန်ရောက်ပြီ။"
သမီးလေးက ထပ်ခွင့်တောင်းလိုက်တယ်။
"နောက်ထပ် ငါးမိနစ်လောက် ဖေဖေ။ နောက်ထပ် ငါးမိနစ်"
သူက ပြုံးပြီး ပြောလိုက်တယ်။
"ဟုတ်ပြီ"
ဒါကို အမျိုးသမီးက သတိပြုမိပြီး ချီးမွမ်းစကားဆိုလိုက်တယ်။
"အိုး ရှင်ဟာ သိပ်စိတ်ရှည်တဲ့ ဖခင်တယောက်ပါပဲ"
ဒီအခါမှာ ဖခင်ဖြစ်သူက ပြံးရင်း စကားပြန်ပြောလိုက်တယ်။
"ပြီးခဲ့တဲ့နှစ်ဒီနေရာလေးမှာပဲပေါ့၊ မယ်လစ်ဆာလေးရဲ့ အကိုတော်မီ စက်ဘီးစီးနေခဲ့တယ်။ သိပ်မကြာခင်မှာပဲ အရက်မူးလာတဲ့ ကားမောင်းသမားကြောင့် သူ့ကို ကျွန်တော်ဆုံးရှုံးခဲ့ရတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ အချိန်ကုန်မှာစိုးလို့ တော်မီ့နားမှာ စောင့်ပြီး ရှိမနေခဲ့ဘူး။ ခုချိန်မှာ တော်မီသာ အသက်ပြန်ရှင်လာမယ်ဆိုရင် သူနဲ့ငါးမိနစ်နေခွင့်ရဖို့ ဘာမဆို ကျွန်တော်ပေးလိုက်ချင်ပါတယ်။ ဒါကြောင့် ခုချိန်မှာတော့ အဲဒီအမှားမျိုးထပ်မကျူးလွန်ဖို့ ကျွန်တော် ဆုံးဖြတ်ပြီးဖြစ်နေပြီ။
ခုဆို မယ်လစ်ဆာကတော့ သူစက်ဘီးစီးဖို့ အချိန်ပိုရပြီလို့တွေးနေမှာပေါ့။ ကျွန်တော့်အတွက်ကတော့ သူနားမှာရှိပြီး သူဆော့နေတာ ကြည့်နိုင်ဖို့ ငါးမိနစ်ပိုရတာပေါ့။"
ဒီလိုပါပဲ၊ ဘဝဆိုတာ အခါတော်တော်များများမှာ ရွေးချယ်မှုတွေနဲ့ ပြည့်နေတတ်ပါတယ်။
ဘာသာပြန်လေးပါ။ မူရင်းအင်္ဂလိပ်လို ရေးသူကိုတော့ မသိပါဘူး။
၁၀ နာရီ ၅၉ မိနစ် (GMT +8)
Comments
သာယာချမ်းမြေ့ပါစေရှင်း
မိုး