Friday, June 17, 2011

လူကြီးလေးများ

မာနပြိုင်ကြ ထိခိုက်ကြပြန်

သိမ်ငယ်တခါ တွက်ကပ်တလှည့်

ကလေးထက်ပင် ကလေးဆန်ကြ

အနှီလူကြီးတွေပါတကား။


တွေ့ရတာတော့ ဝမ်းသာပါ၏

ထို့ထပ်နောက်ခါ မတွေ့ချင်ပါ

သို့ပေမယ့်လည်း ငြင်းဆန်မရ

ဒီဘဝမှာ

တွေ့တော့ တွေ့ရလိမ့်ဦးမည်။


Libratun (0000 hr)

June 17 2011

Thursday, June 2, 2011

Anger

ဒေါသက သာမန်အသိဥာဏ်ကို ကန်းသွားစေတယ်။ သမိုင်းဝင်ဘေးဒုက္ခဆိုးကြီးတွေကျရောက်မှု အတော်များများကို တကယ်တမ်း ရှောင်ကွင်းမယ်ဆို ရှောင်ကွင်းလို့ရတာပေါ့ကွယ်။ ဒေါသထွက်နေတဲ့ အခိုက်အတန့်အတွင်း လှုပ်ရှားလုပ်ဆောင်မှုတွေက ပြန်ပြင်လို့မရလောက်တဲ့ ဆုံးရှုံးပျက်စီးမှုတွေကို ဖြစ်ပေါ်စေတာပေါ့။