နိဒါန်း။ ။ ကျွန်တော့်ရဲ့ လေ့လာရေး ခရီး
ဘာလို့ "Learning How to Learn" က အရေးကြီးတာလဲ။
ကျွန်တော်သုံးခဲ့တဲ့ Learning Framework တွေ
၁။ Feynman Technique
- Step 1: Concept ကို ရိုးရိုးရှင်းရှင်း လေ့လာပါ။ သင်ယူချင်တဲ့အကြောင်းအရာကို ရနိုင်သမျှ ရိုးရှင်းအောင် နားလည်အောင် လုပ်ပါ။
- Step 2: သူတစ်ပါးကို ပြန်ရှင်းပြကြည့်ပါ။ ကိုယ့်ထက် မသိသေးတဲ့သူငယ်ချင်းတစ်ယောက်၊ ဒါမှမဟုတ် ကလေးတစ်ယောက်ကို ရှင်းပြသလိုမျိုး ဘယ်လိုခက်ခဲတဲ့ Jargon မှမပါဘဲ ရိုးရှင်းတဲ့စကားလုံးတွေနဲ့ ပြန်ပြောကြည့်ပါ။
- Step 3: နားမလည်သေးတာတွေကို ပြန်ရှာပါ။ ရှင်းပြရင်းနဲ့ "ဪ၊ ဒီနေရာတော့ ငါသေသေချာချာ နားမလည်သေးပါလား" ဆိုတာမျိုးတွေ ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ အားနည်းချက်တွေကို ပြန်မှတ်သားပါ။
- Step 4: နားမလည်တာတွေကို ပြန်ဖြည့်ပါ။ Step 3 မှာတွေ့တဲ့ Gap တွေကို စာအုပ်တွေ၊ Internet တွေကနေ ပြန်လေ့လာပြီး ဖြည့်ပါ။ ပြီးရင် Step 2 ကို ပြန်သွားပြီး ထပ်ရှင်းပြကြည့်ပါ။
၂။ Active Recall
- စာဖတ်ပြီးရင်၊ ဒါမှမဟုတ် ဗီဒီယိုတစ်ခု ကြည့်ပြီးရင် စာအုပ်ပိတ်လိုက်ပါ။
- ပြီးတော့ အဲ့ဒီအကြောင်းအရာထဲက Key Points တွေ၊ Concepts တွေကို ကိုယ့်ဘာသာကိုယ် မေးခွန်းထုတ်ပြီး ပြန်ဖြေကြည့်ပါ။ ဘာတွေ မှတ်မိလဲ၊ ဘာတွေ မမှတ်မိလဲဆိုတာကိုပေါ့။
- Flashcards သုံးတာ၊ ကိုယ့်ဘာသာကိုယ် Quiz လုပ်တာမျိုးတွေက Active Recall ပါပဲ။
၃။ Spaced Repetition
- တစ်ခုခုကို လေ့လာပြီးရင် ဥပမာ - နာရီအနည်းငယ်အကြာမှာ တစ်ခါပြန်ကြည့်ပါ။
- နောက်နေ့တစ်ခါ၊ နောက်သုံးရက်မြောက်နေ့ တစ်ခါ၊ နောက်တစ်ပတ် တစ်ခါ စသဖြင့် အချိန်ကာလကို တဖြည်းဖြည်း ချဲ့ပြီး ပြန်ပြန်ကြည့်တာမျိုးပါ။
- ကျွန်တော်တို့ရဲ့ ဦးနှောက်က မေ့တတ်ပါတယ်။ ဒီနည်းက မေ့မသွားအောင်၊ ရေရှည်မှတ်မိအောင် ကူညီပေးပါတယ်။ Flashcard Apps တွေ (ဥပမာ - Anki) က ဒီ Spaced Repetition Principle ကို သုံးထားတာပါ။
လေ့လာသင်ယူတာ ပိုမြန်အောင် ကူညီပေးမယ့် Techniques တွေ
၁။ Deep Work & Pomodoro Technique
- ၂၅ မိနစ် အပြည့် အာရုံစိုက်ပြီး အလုပ်လုပ် (ဖုန်းပိတ်၊ Email မစစ်၊ ဘာမှမလုပ်)
- ၅ မိနစ် Break ယူ (လမ်းလျှောက်၊ ရေထသောက်)
- ၄ ခါလောက်လုပ်ပြီးရင် Long Break (၁၅-၃၀ မိနစ်) ယူတာမျိုးပါ။
- တချို့ပိုအာရုံစိုက်နိုင်သူတွေက ၂၅ / ၅ အစား ၁ နာရီခွဲ Deep Work လုပ်ပြီး မိနစ် ၃၀ နားတာမျိုးလည်းရပါတယ်။
၂။ Mind Mapping
၃။ မေးခွန်းတွေ မေးပါ (Cultivate Curiosity)
၄။ ဘယ်လို Environment မှာ လေ့လာမလဲ (Optimize Your Learning Environment)
တိတ်ဆိတ်တဲ့နေရာလား၊ Background Music နဲ့လား၊ ကော်ဖီဆိုင်မှာလား။ ကိုယ်အာရုံစူးစိုက်မှု အကောင်းဆုံးဖြစ်တဲ့ ပတ်ဝန်းကျင်ကို ရှာပြီး အဲ့ဒီမှာ လေ့လာပါ။ ကျွန်တော်ဆို တိတ်ဆိတ်တဲ့နေရာကို ပိုကြိုက်တယ်။ ဖုန်းကိုလည်း ဝေးဝေးထားပစ်တယ်။၅။ Growth Mindset နဲ့ Comfort Zone
သင်ယူမှုမှာ "Growth Mindset" ရှိဖို့က အရေးကြီးပါတယ်။ "ငါ ဒါမတတ်ဘူး၊ ငါလုပ်လို့ မရဘူး" ဆိုတဲ့ Fixed Mindset အစား "ငါ လေ့လာရင် တတ်မြောက်နိုင်တယ်" ဆိုတဲ့ ယုံကြည်ချက်ကို ထားပါ။ တစ်ခါတလေ သင်ယူရတာ ခက်ခဲနိုင်ပါတယ်။ ကိုယ့်ရဲ့ "Comfort Zone" ကနေ ထွက်ပြီး အခက်အခဲတွေကို ရင်ဆိုင်ပါ။ အဲ့လိုမှသာ တိုးတက်မှုတွေရရှိမှာပါ။နိဂုံးချုပ်
Remember, Learning is a Journey, not a Destination.
အားလုံးပဲ အောင်မြင်တဲ့ သင်ယူမှုတွေ ရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

No comments:
Post a Comment