Saturday, September 10, 2011

A leaf

ခုတလော ဓာတ်ပုံတွေလိုက်ရိုက်နေတယ်။ ဖေ့ဘွတ်လည်း သိပ်မတက်ချင်၊ ဂူဂဲလ်ပလပ်စ်တော့ သုံးပေမယ့် သူငယ်ချင်းတွေက ဖဘမှာချည်းဆိုတော့ မဖြစ်ပြန်။ ဟိုရောက်ဒီရောက်ပေါ့။ ဒီလိုနဲ့ပဲ ဘလော့ဒေးနေ့က မဇွန်ရဲ့စာတို့ တခြားစာတွေ ဖတ်ဖြစ်တော့လည်း ဘလော့ကို ပြန်လာချင်လာပြန်ရော။ ဒါနဲ့ စည်စည်ကားကားလေးဖြစ်အောင်လို့ နီးစပ်ရာကို ပုံလေးတပုံပေးပြီး အက်ဆေး ဒါမှမဟုတ် ကဗျာလေး ဇွတ်ရေးခိုင်းလိုက်တယ်။ တော်တော်များများ ရေးပေးကြပါတယ်။း) သူတို့နဲ့ ကျွန်တော့်ကဗျာလေးကို ဒီမှာ တင်ဖြစ်သွားတယ်။ ကဗျာလေးကတော့-

A Leaf

Being grateful to meet with a droplet,
 Life's not simple and easy all the time though.

Fortifying and surviving from the teases
 Of people and insects.

With the help of the droplets and the mother soil,
 To its best,
A Leaf is giving the beauty to the Earth.

သစ်ရွက်ကလေး

ရေစက်လေးနဲ့ တွေ့နေရရင်
ဘ၀ကြီးကအဆင်ပြေနေပြီ။

ကြာကြာနေရလောက်အောင်တော့လည်း
ဘ၀ကြီးက လွယ်ကူ ရိုးရှင်းခြင်းမရှိခဲ့ဘူး။

တုတ်တွေ လက်တွေရဲ့ တွန်းထိုးဝှေ့ခြင်း
ပိုးကောင်တွေရဲ့ ထိုးဖောက်လှိုက်စားခြင်းတွေအောက်
လူးလှိမ့် တွန်းလှန်နေရင်း

ရေစက်လေးနဲ့ ပထ၀ီကပေးတဲ့ အင်အားနဲ့
အစွမ်းကုန် အသက်ဆက်ရှင်လို့

တတပ်တအား
လောကကြီးကို အလှဆင်နေလေရဲ့။

TnT @ Libratun

သစ်ရွက်

 ပိုးကိုက်တဲ့သစ်ရွက်
ဒါပေမယ့် လန်းဆန်းနေဆဲ.......။ 

ဟိဟိ။း)
နောင့်နောင့်


သူ့အတွေး

ဒီအခြေအနေမှာတောင် ပုံတူကူးခံရတယ်
ပိုးသတ်ဆေးကြော်ငြာ အတွက်များလား...
း))
နွေးနေခြည်

နောက်ထပ်ရေးပေးထားတဲ့ သူငယ်ချင်းတွေကတော့ မသက်ဝေ၊ မွန်၊ မိုးခါး နှင့် ဒေါ်ဂျင်းတို့ဖြစ်ကြပါတယ်။း))

10 comments:

သက်ဝေ said...

ဓါတ်ပုံလေးကြောင့် အက်ဆေးတပုဒ်ရေးဖြစ်သွားတာ တကယ် ကျေးဇူးတင်ပါတယ်နော်...း))

Libratun said...

ရေးပေးလို့ ကျေးဇူးပါ။း))

မိုးခါး said...

သစ်ရွက်ကို နဲနဲကြီးလိုက်ဦး .. ခု သေးနေတယ် ..း)

တယောက်တလက်နဲ့ အလှဆင်လိုက်တာပေါ့ .. :D

မေဇင် said...

သြော် ဟိဟိ က ပါလိုက်သေး ရက်စက်လိုက်တာနော်။း)

အင်ကြင်းသန့် said...

စာမရေးဖြစ်တဲ့သူကို စာရေးဖြစ်အောင်ပြန်လုပ်ပေးလို့ ကျေးဇူးပါ ဦးဦး...။ (လူကိုများ ဒေါ်ဂျင်းတဲ့...)

Libratun said...

ဟီး... မီယာနဲ။

Mamoonn said...

ဒါဏ်ရာဒါဏ်ချက်တွေနဲ့ ကြွေတော့မဲ့ဆဲဆဲ သစ်ရွက်လေးလဲ မှတ်မှတ်ရရ ရှိတက်တဲ့ သူတွေအတွက် မှတ်တမ်းဝင်သွားတယ်။

အမ်တီအန် said...

ပိုးကိုက်သစ်ရွက်လေးအပေါ် မတူတဲ့ အမြင်တွေနဲ့ ရေးသားထားကြတာကို နှစ်သက်စွာ၊စိတ်ဝင်စားစွာ ဖတ်သွားပါတယ်။

Libratun said...

Thank you, sis. :) Hope it gives something.

noblemoe said...

တီတီကြောင့် ဒီသစ်ရွက်ရဲ့အလှပေါ်လွင်သွားတယ်။
ဒီပုံကြောင့်လှပတဲ့ကဗျာနဲ့စာတွေဖတ်ခဲ့ရတာ။

"ကြာကြာနေရလောက်အောင်တော့လည်း
ဘ၀ကြီးက လွယ်ကူ ရိုးရှင်းခြင်းမရှိခဲ့ဘူး။"

"ရေစက်လေးနဲ့ ပထ၀ီကပေးတဲ့ အင်အားနဲ့
အစွမ်းကုန် အသက်ဆက်ရှင်လို့"

"တတပ်တအား
လောကကြီးကို အလှဆင်နေလေရဲ့"

ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး