ပျဉ်းမငုတ်တို

ဖုထစ်ရွတ်တွ ငှက်ဠင်းတသို့
ပျဉ်းမငုတ်တို သက်ကြားအိုသည်
ကုန်းမို့ထက်တွင် တစ်ပင်တည်း

ခွဆုံအကွေး သစ်ကိုင်းဆွေးလည်း
အဖေးတက်လာ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ခြအိမ်ပျက်

ကုန်းမိုးကမ်းပါး မြေပက်ကြားတွင်
စစ်သားခမောက် ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း
ထိုပင်ငုတ်တို ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ ခြအုံလည်းဖြစ်
ဓါးထစ်လည်းခံ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက် မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ငယ်ရုပ်ဆင်သည်
အသင်ယောက်ျားကောင်းတစ်ကား။    ။

ဆရာကြီးမင်းသုဝဏ်

Comments

chocothazin said…
တကယ်ရှားပါးပြီး တကယ်ကောင်းတဲ့ကဗျာလေးပဲ သူငယ်ချင်း
ကိုယ်တိုင်ရှာရင် မလွယ်နိုင်တဲ့ကဗျာလေးမို့ 
ကူးယူသွားတယ်ဟေ့

Popular posts from this blog

ကျောင်းဖွင့်စနေ့

Dar Ra Na Paratta

Full moon day of Warso (06.07.09)