တကယ်လို့သာ ကောင်းမှုလုပ်ဖို့ ကြောက်ရွံ့ခဲ့ရင်

နေ၀င်ပြီးဖြစ်တဲ့ ညနေစောင်းတစ်ခုမှာ မီးတိုင်မှိန်မှိန်လေး လင်းနေတဲ့ လမ်းလေးထဲ လမ်းလျှောက် ထွက်လာခဲ့တယ်။ ဒီလိုနဲ့ ခြုံပုပ်တစ်ခုနားအရောက် ကွဲအက်တဲ့စကားပြောသံတွေကြောင့် နည်းနည်း သတိချပ်လိုက်မိတယ်။ ဒါနဲ့ ခြေသံလုံအောင်လျှောက်ပြီး သေချာနားထောင်လိုက်တော့  ခေါင်းတွေပူထူသွားတယ်။ ဘာလို့လည်းဆိုတော့ ဘယ်လိုမှမမှားနိုင်တဲ့ အသက်ရှုသံပြင်းပြင်းတွေ ဒေါသတကြီးတွန်းထိုးနေတဲ့အသံတွေ အမှောင်ထဲမှာကြားနေရတယ်။ အိုး... မိန်းကလေးတစ်ယောက် အနှောင့်ယှက်ခံနေရတာပါလား...။

ငါ...ဘာလုပ်သင့်သလဲ....။ အမည်မသိမိန်းကလေးကို ၀င်ကယ်သင့်သလား...။ ဒါပေမယ့် ငါလည်း ကိုယ့်လုံခြုံရေးအတွက်တောင် ကြောက်နေပြီ။ ဒီလောက်မှောင်မဲတဲ့လမ်းသစ်ကို ဘာကြောင့်ရွေးလိုက်မိတာလဲ လို့ကိုယ့်ဘာသာ ပြန်ကျိန်ဆဲနေမိတယ်။ ငါကနောက်ထပ် အပြုခံတစ်ယောက် ဖြစ်ရင်ဘယ်လိုလုပ်မလဲ.... ဒါမှမဟုတ်လည်း နီးရာဖုန်းရုံသွားပြီး ရဲကိုခေါ်လိုက်ရင်ကောင်းမယ်ထင်တယ်.....

စဉ်းစားရင်း စဉ်းစားရင်း မိန်းကလေးအသံကလည်း  ဖျော့သည်ထက်ဖျော့လာပြီ။ ငါအမြန်ဆုံးဖြတ်ချက်ချပြီး လုပ်ရတော့မယ်... ဒါပေမယ့် ငါဘယ်လိုလုပ် ဒီအတိုင်း ပြန်သွားလို့ဖြစ်ပါမလဲ။ ကောင်းပြီ.. ငါ့အသက်ထိခိုက်မယ် ဆိုရင်တောင် ဒီမိန်းကလေးဖြစ်ရပ်ဆိုးအတွက် ငါကျောခိုင်းမသွားဘူး...

ဒီလိုသတ္တိတွေ ဘယ်ကရလာသလဲဆိုတာတော့ အံ့သြစရာပဲ... ရဲရင့်တဲ့လူတစ်ယောက်လည်းမဟုတ်ခဲ့ဘူး... ကြံ့ခိုင်တဲ့အားကစားသမား တစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး... ဒါပေမယ့် ကယ်မယ်လို့ ဆုံးဖြတ်ချက် ချပြီးတာနဲ့ တစ်ခြားလူတစ်ယောက် ဖြစ်သွားသလိုပါပဲလား.... ဒါနဲ့သူစိမ်းရှိရာ တရှိန်ထိုးပြေး၊ ဆွဲလှဲချပြီး တော်တော်ကြာကြာလေး နပန်းလုံးလိုက်ကြတာ အတန်ကြာတော့ အဲဒီ့လူထွက်ပြေးသွားခဲ့တယ်။ ဒီတော့မှ မတ်မတ်ခိုင်အောင်ရပ်၊ ပင့်သက်ရှုပြီး မိန်းကလေးကို အကြောက်ပြေအောင်နှစ်သိမ့်ပေးလိုက်တယ်။ သူမကတော့ တုန်တုန်ရင်ရင်ပေါ့.. “အခု ဟိုလူထွက်ပြေးသွားပါပြီ မိန်းကလေး.. မကြောက်ပါနဲ့တော့...” ဆိုတော့ တော်တော်ကြာကြာသူမစကား မပြောနိုင်ဘူး၊ နောက်မှကြောက်ကြောက် လန့်လန့်နဲ့  အံ့သြတစ်ကြီး လှမ်းမေးလိုက်တယ် “အဖေမဟုတ်လားဟင်....” နောက်မှ သစ်ပင်နောက်မှာ သေချာကြည့်လိုက်တော့ အို.. ငါ့သမီး ကက်သရင်းပါလား................

ဂရက်ဂ် အိုလာရီ

Comments

WWKM said…
ပို့စ်လေးဖတ်သွားပါတယ်..
အလည်လာတာကျေးဇူးပါနော်..
စီဘုံးမရှိလို့ ဒီမှာပဲနှုတ်ဆက်သွားတယ်နော်..
အဆင်ပြေပါစေ..
witch83 said…
သိပ်ကောင်းတဲ့ post လေးပါပဲ။ လူတွေဟာ တစ်ခါတစ်ရံ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး ကိစ္စတစ်ချို့ ကို လျှစ်လျှူရှုထားတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်လျှစ်လျှူရှုထားခဲ့တဲ့ ကိစ္စတွေဟာ ကိုယ့်ကိုတိုက်ရိုက်လာ ထိခိုက်တတ်ပါတယ်။

Popular posts from this blog

ကျောင်းဖွင့်စနေ့

Dar Ra Na Paratta

Full moon day of Warso (06.07.09)