အင်မတန်ထူးကဲသော နေ့ထူးနေ့မြတ်များ (၁)


၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၂) ရက်၊ ညနေ (၄း၃၀)၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်၊ အေးစေတီကျောင်း။
ဘယ်သူတစ်ဦးတစ်ယောက်ဟာမှ မဟုတ်တဲ့ ဆံပင်ကို ရိတ်နေခြင်းပါ။




ပြီးတော့ ကိုရင်ဖြစ်ခွင့်ရဖို့ သင်္ကန်းတောင်းပါတယ်။



အဲဒီနောက် သရံဏဂုံသုံးပါးနဲ့အတူ ကိုးပါးသီလခံယူ ဆောက်တည်ပြီး သာမဏေဖြစ်ခွင့်တောင်းပြီး ကိုရင်ဖြစ်သွားခဲ့ပါပြီ။ ဒုတိယဘွဲ့အမည်တွေကတော့ အရှင်တေဇ နဲ့ အရှင်သောမ ပါ။ (ပထမဘွဲ့ကတော့ အရှင်သုမနပါ - ကိုးတန်းအပြီး)


ကိုရင်ဖြစ်ပြီးနောက် သီလရှင်လေးတွေ၊ ဆရာကြီးတွေ နဲ့ ဒကာ၊ ဒကာမ ပရိတ်သတ် ကိုဆရာတော်က သီလပေးနေပုံပါ။
သီလရှင်တွေမှာ ညီမ အငယ်နှစ်ယောက် နဲ့ အဒေါ်တစ်ယောက် ပါပါတယ်။

Comments

Popular posts from this blog

ကျောင်းဖွင့်စနေ့

Dar Ra Na Paratta

Full moon day of Warso (06.07.09)