ယူတတ်ဖို့

ဘာလိုလိုနဲ့ ရောက်လာတာ တစ်နှစ်နဲ့ငါးလ ရှိရောပေါ့။ မရောက်လာခင်က လုပ်ထားတဲ့ပညာအခြေခံလေးတွေနဲ့ လုပ်စားနေတာအတော်ကြာပြီး အလုပ်ကိုလည်း ကိုယ်ကပဲပေးတာက များနေတော့ (ရတာတော့ အသေအချာပေါ့ ကောင်းလည်းကောင်းပါတယ် ဒါပေမယ့် အရင်ပညာကိုအထောက်အပံ့မဖြစ်ဘူး) ကြာရင် မလွယ်ပေဘူး။ ပညာထပ်မြှင့်ဖို့ အမြန်ဆုံးအကောင်အထည်ဖော်ရမယ်။ ဒီလိုပဲ သူငယ်ချင်းတွေလည်း ဒီလောက်နဲ့မရပ်ကြပါနဲ့လို့ မကွဲမပြားပဲ အတူတူထပ်ကြိုးစားကြဖို့ တိုက်တွန်းချင်တယ်။ ပြီးရင် ဆွေးနွေးကြတာပေါ့။ ပညာသင်ပြီးသွားတဲ့သူတွေကတော့ အလုပ်လုပ်ကြပေါ့။ အလုပ်လုပ်တာကြာတဲ့သူတွေကတော့ အသိပညာ၊ အတတ်ပညာထပ်မြှင့်ဖို့ သင်တန်းတွေတက်ကြပါ။ တို့သူငယ်ချင်းတွေကြားမှာ ဆွေးနွေးပွဲလေးတွေတော့ ဖြစ်စေချင်တယ်။

ဘလောဂ့်တွေလည်း လျှောက်သွားကြည့်တယ်၊ ဆွေးနွေးကြည့်တယ်၊ ဘယ်သူမှကိုယ့်ကို ရှိတယ်လို့တောင်မထင်ဘူး၊ (စီဘောက်မထားရင် သူစိမ်းတစ်ယောက်လို ဆက်ဆံတယ်ထင်ရတယ်တဲ့။ စီဘောက်ဘာညာရှိတဲ့စိုက်တွေလည်း အတူတူပါပဲ။)
မ၀ါ တစ်ယောက်ပဲ ရောက်လာတယ်။ ရင်းရင်းနှီးနှီး ဆက်ဆံတယ်။ novice လေးဆိုတော့ ဒီလိုပဲပေါ့း)

မဆွေးနွေးကြဘူးး) ပြောထားတာပဲ ၀ိုင်းထောက်ခံနေကြတယ်။ ဟိုဟာကြီးကိုသွားသတိရတယ်း) အကျင့်တွေ မပျောက်တာဖြစ်မယ်။ ပြောထားတာပဲထပ်ပြောတော့ တစ်ခုပဲရတာပေါ့။ တကယ်လို့ ထပ်စဉ်းစားမယ်ဆိုရင် နောက်အများကြီးရမှာမဟုတ်လား။ အားနာလို့လည်းဖြစ်နိုင်ပါတယ်။ ထင်မိတာတော့ လောလောဆယ်အထိ ဘာမှ မရသေးဘူး။ ယူတတ်အောင်တော့ လုပ်ရဦးမှာပေါ့။

Comments

chocothazin said…
ကဲဆွေးနွေးပြီနော်
တစ်အချက် - ဒီလောက်နဲ့ မရပ်ကြပါနဲ့ လို့ နင်ပြောသလို ငါလည်းခဏခဏတော့တွေးမိသဟ။ တစ်ခါတစ်ခါ အလုပ်ထဲမယ် အဖုအထစ်တွေ့ တဲ့အခါဆိုပိုဆိုးသေး။ အဲဒီတစ်ရက်နှစ်ရက်တော့ ကြိုးစားသေးတယ်။ နောက်တော့လည်း ဒုံရင်းဟ။ အားတဲ့အခါ အားကြိုးမာန်တက် အနားယူတယ်လေ။ ဒီလိုပဲ လုံးချာလိုက်နေရာကနေ ဖေါက်ထွက်ဖို့ တော့ တွန်းအားပေးရမှာပဲ။

နှစ်အချက် - ဒီနေရာလည်း တိုက်ဆိုင်ပါတယ်။ ငါ့မှာ စီပုံးရှိတယ်ဟ။ တမင်တကာဖြုတ်ထားတာ။ ကိုယ့်ဆီလာတဲ့လူတွေက ကိုယ်က ကော်မန့် တွေမန့် လို့ ပြန်လိုက်လာတတ်ကြတာမျိုးကိုး။ ပြီးတော့ ဘလော့ဂ်ဂါအသိုင်းအဝိုင်းဆိုတာလည်း သပ်သပ်ရှိနေပုံရတယ်။

နောက်ဆုံးအချက် - စာစဖတ်တဲ့ရည်ရွယ်ချက်က ပညာတိုးအောင်လို့ ပါပဲ။ but သို့ သော် အဲဒီအကျင့်က ပြောင်းလဲလာလိုက်တာ အပန်းဖြေစာဖတ်သလိုဖြစ်ကော။ တစ်ချို့ ဘလော့ဂ်တွေရဲ့ကော်မန့် မှာဆို မဖတ်ရသေးဘူး မန့် သွားတယ်လို့ တောင်ရေးထားတယ်ဟ။
libratun said…
ဟုတ်တယ် သဇင်ရေ။ နောက်ပိုင်းတော့ ငါသိပ်မဖတ်တော့ဘူး။ ရေးချင်တာရေးပြီး ကောင်းတဲ့နေရာတွေပဲ သွားတော့မယ်
မေလေး said…
သူငယ်ချင်း
ဘယ်နေရာဘဲဖြစ်ဖြစ် ယူတတ်ရင်ပညာရပါတယ်။ နေရာတစ်ခုရနေပြီဆိုပြီးလဲ ရပ်မနေနဲ့ နော်။ဘယ်သူနဲ့မှပြိုင်စရာမလိုဘဲ ..ဒီနေ့ငါဟာမနေ့ကငါထက်ပိုကောင်းရမယ်၊အသိပညာပိုရှိရမယ်.အဲလိုဘဲမနက်ဖြန်ငါကလဲဒီနေ့ထက်ပိုကောင်းရမယ် စဉ်းစားပါ။
ဟေ့ ငါကတော့အကုန်မထောက်ခံနိုင်ဘူး။လက်မခံနိုင်ရင်ကန့်ကွက်မှာဘဲ။
အကျင့်တွေပါလာတာတော့ခွင့်လွတ်လိုက်ပါဟယ်နော်။
ငါလဲလာအားပေးမယ်။မပူနဲ့။ဘယ်သူမှမလာတောင်ငါလာမယ်။အိုကေ။
Cheers!!!!!!

Popular posts from this blog

ကျောင်းဖွင့်စနေ့

Dar Ra Na Paratta

Full moon day of Warso (06.07.09)