Blaming that covers the truth (မာနတံခါးလေးဖွင့်လိုက်ပါ)
တစ်ခါတုန်းက မြို့စွန်လေး တစ်ခုမှာ သားအဖသုံးယောက် နေကြတယ်။ တစ်နေ့ကြတော့ လေဒဏ် မိုးဒဏ်ကြောင့် ပေါက်ပြဲ နေတဲ့ ထရံတွေကို သားကြီးဖြစ်သူကို ပြင်ခိုင်းလိုက်တယ်။ သားကြီးဖြစ်သူက ဒီလောက်လွယ်တာ ခိုင်းမနေပါနဲ့၊ အဖေ့ဘာသာ ရိုက်လိုက်ပေါ့ လို့ပြောတယ်။ ဒီတော့ အဖေက အဖေလက်နာနေလို့ပါ။ မင်းရိုက်ပေးပါဆိုတော့ ရိုက်ပေးတယ်။ ပထမတစ်ခေါက် - အားထည့်ရိုက်လိုက်တယ် သံကွေးသွားတယ်။ ဒုတိယတစ်ခေါက် - အားဖျော့ပြီး ရိုက်ကြည့်တယ်။ မဝင်ဘူး၊ ကြာတော့ သံကွေးသွားပြန်တယ်။ ဒီတော့ ဘယ်ရမလဲ အဖေ့ သံက မကောင်းဘူး။ ဒါနဲ့ အဖေဖြစ်သူက သံကိုလဲပေးတယ်။ တတိယအကြိမ် နဲ့ စတုတ္ထအကြိမ် ထပ်ရိုက်တယ် အတူတူပဲ၊ အဖေက မကောင်းတဲ့ သံတွေ တူတွေနဲ့ ကျွန်တော့်ကို ရိုက်ခိုင်းနေတယ်။ ဘယ်လိုလုပ် ရမှာလဲ။ ဒါနဲ့ အဖေဖြစ်သူက မဟုတ်ဘူး ငါ့သား၊ မင်းရိုက်ပုံ ရိုက်နည်းက မှားနေလို့ မရတာ။ လမ်းထောင့်က လက်သမား ဆရာကြီးကို သွား၊ မေးပြီး သင်လာခဲ့ချေ။ လို့ပြောတော့ ဟာမဟုတ်ပါဘူး၊ သံလေးရိုက်တာ သူ့ဆီက သင်စရာလိုလို့လား၊ ကျွန်တော်က ပညာတတ်တစ်ယောက်ပါ အဖေရဲ့။ အဖေ့သံနဲ့ တူတွေကသာ မကောင်းတာ။ ဒါနဲ့ သားငယ်ရော အဖေ့ကို ကူညီနိုင်မလား မေးတော့ သားငယ်က ကောင်းပါပြီ။ သားလုပ်ကြည့်ပါ့မယ် ဆိုပြီး ရိုက်တယ်။ အဖြေက အတူတူပဲ။ ဒီတော့ သားကြီးက အားတက်သွားတာပေါ့။ ကျွန်တော်ပြောသားပဲ မရပါဘူးဆိုတာ။ အဲဒီ့ပစ္စည်းတွေကိုသာ လဲလိုက်ပါ။ လို့ပြောတယ်။ လဲပြီးသားတွေလေ ဆိုတော့ မရသေးဘူး မကောင်းသေးဘူးတဲ့။ အဲဒီ့တော့ အဖေလုပ်သူက သားငယ် သွား၊ လက်သမား ဆရာကြီးကို သွားခေါ်ချေ။ ဆိုပြီး အခေါ်လွှတ်လိုက်တယ်။ လက်သမားဆရာကြီးရောက်လာတော့ ကိုင်း ဆရာကြီးရေ ကျွန်တော်သားတွေကို သံရိုက်နည်းလေး သင်ပေးပါဗျာ လို့ တောင်းဆိုတဲ့အခါ။ လက်သမားဆရာက နှစ်ယောက်လုံးကို သင်ပေးလေရဲ့။ သားငယ်လေးက တော့ သူမရိုက်တတ်မှန်းသိတယ်ဆိုတော့ တလေးတစားနဲ့ သင်ယူလေရဲ့၊ သားကြီးကတော့ ပညာတတ်ပေပဲကိုး၊ ဒါလေးကို သင်မှ ရမယ်ဆိုတော့ သူ မယုံကြည်ဘူး။ ဘယ်လိုဘယ်ပုံရိုက်၊ အနေအထားတွေ သင်ပြပေးပြီးတော့ သားနှစ်ယောက်ကို ရိုက်ခိုင်းလိုက်တယ်။ သားနှစ်ယောက် ပြန်ရိုက်ကြတော့ သံအတူတူ၊ တူတစ်လက်တည်းနဲ့ တစ်ယောက်တစ်လှည့် ရိုက်ကြတော့ သားငယ်လေးက နှစ်ကြိမ်မြောက်မှာ ရိုက်လို့ ရသွားတယ်။ သားကြီးကတော့............
Comments