ကျွန်တော် လေးတန်းပြီးသွားတော့ ငါးတန်းရောက်တဲ့အခါ ကျွန်းတောလမ်းပေါ်က အ.လ.က (၃) လို့ခေါ်တဲ့ နှစ်ထပ်ကျောင်းဆောင်လေးကိုပြောင်းတက်ရတယ်။ ဖေကြီးက အဲဒီကျောင်းက ကျောင်းသားဟောင်းကိုး။ အရင်တုန်းကတော့ အဲဒီကျောင်းကို အလကား ၃ လို့ခေါ်ကြတဲ့အထိ နာမည်ဆိုးခဲ့တဲ့ကျောင်းလေးပေါ့။ ကျွန်တော် မတက်ရခင် နှစ်အနည်းငယ်ကမှ နာမည်ပြန်ကောင်းလာလို့ အဲဒီကျောင်းကို ဖေကြီးက ပို့လိုက်တယ်။ ကျောင်းတက်တဲ့အချိန် နှစ်တိုင်းထူးခြားတာတစ်ခုရှိတယ်။ စတက်တဲ့နေ့တိုင်း မိုးရွာတာပဲ။ ကျောင်းစတက်တဲ့နေ့ စာစီစာကုံးရေးမယ်ဆို ကျွန်တော့်စာပိုဒ်တွေမှာ စိုရွှဲလို့။ မိုးနံ့တောင် သင်းနေရော။ ပြောင်လက်နေတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီ အစိမ်းရောင် တောက်တောက်လေးတွေ ကလည်း မိုးစက်လေးတွေနဲ့ ပဏံသင့်လို့။ နောက်မိုးကာအကြည်လေးတွေ၊ အရောင်လေးစုံလေးတွေ ကိုယ်စီနဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ မိဘတွေနဲ့ အတူ အားလုံး ကျောင်းတံခါးကြီး ဖွင့်ချိန်ကို မျှော်တလင့်လင့်နဲ့ စောင့်နေလေရဲ့။ `ကလောင်´ ..... `ကလောင်´ ...... `ကလောင်´ ကျောင်းခေါင်းလောင်းထိုးပြီ။ အေးစက်နေတဲ့ ခေါင်းလေးတွေ ထောင်သွားတယ်။ ဗွက်တွေဆော့ ထားတဲ့ ခြေထောက်လေးတွေ လှုပ်ရှားလာတယ်။ ဟော... ဆီမထည့်ရသေးတဲ့ ကျောင်းတံခါးကြီး တစ...
Comments
everything is fine for Jack.
မသိဘူး ဘာဖြစ်တာပါလိမ့်.. လူကြီးပါ ခေါင်းဝင်စား
သွားပါတယ်။း)
ဘိုင် ပထမဆုံး တို့အိမ်လေးကို လည်လည်လာတာ နံမည်ပြောင်းနဲ့ကြုံနေလို့ စိတ်တော့ကောင်းဘူးကွယ် ဟဲဟဲ ဘိုင်
အဖြေက-
Jack က မွေးကင်းစ ကလေးလေးပါ။
နောက်ဖြစ်နိုင်ချေတွေလည်း ရှိနိုင်ပါသေးတယ်။
ခွေးတို့၊ ငှက်တို့၊ တိရိစ္ဆာန်လေးတွေပေါ့။ ဒါပေမယ့် သူတို့ ဘာလို့ အားလုံးကောင်းရက်နဲ့ ဆေးရုံလာ တက်လဲဆို ဘယ်လိုပြောမလဲ။ စဉ်းစားလိုက်ပါဦးမည်။
အားလုံး ကျွန်တော်နဲ့အတူတူ စဉ်းစားပေးလို့ အရမ်းကျေးဇူးတင်ပါတယ်။ အာဘွားပေးလိုက်တယ်။း)
(တစ်ခါမှ မပေးဖူးသေးလို့) ကိုယ့်ကိုကိုယ်တော့ မှန်ကြည့်ပေးလိုက်တယ်။ :-D