ဆေးလိပ်လက်ဆောင်

မဝယ်ဘူး မယ်ခူးတဲ့ ဖက်စို၊

မီးမကူ နေပူမှာ မကင်အားလို့၊

ထားရတယ် အိပ်ရာအောက်မှာ၊

မင်းသောက်ဖို့ကို။

ညှာအနား ရှေ့သွားနှင့် ကိုက်လို့တို၊

မချိုတောင့်လိပ်ဆေး။

ပိုးမကူ ဝါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်။

ငယ်ချစ်မောင် ရွှေဝသွားကို၊

ပါးလိုက်ကဲ့လေး။


မယ်ခွေရဲ့ မာစတာ ပိစ်လေးပါ။
အရင်က ကဗျာလေးတွေ အရမ်းကြိုက်လို့ လိုက်ဖတ်ပြီးတင်နေပါတယ်။
စကားပြေရေးဖို့တော့ အိမ်စာပေးလိုက်မယ်နော်။ း) အဟွတ် အဟွတ်

Comments

yangonthar said…
ကဗျာလေးဖတ်ရတာ မျက်လုံးထဲ မြင်လာ အောင် ကောင်းတယ်ဗျာ ဂွတ်ရှယ်ပဲ .... :)
Angel Shaper said…
ကဗျာလေးမိုက်စ်တယ်။
ဆလိုက်ရှိုးလေးလဲ အားပေးသွားတယ်။ ပျော်စရာကြီးပါလားနော်။
ဖင်ဆီခံ အဖြူရောင်လေးပါလ
ရှိန်းတိမ်းတိမ်းလိပ်ဆေး
တရားဝင်တက်စ်ဆောင်ပြီးတယ်နှင့်
မယ်ခွေရယ် ဝယ်ပေးပါ
viceroy တစ်ဘူးလောက် :)
desertraindrops said…
မယ်ခွေရဲ့ ကဗျာလေး ပြန်လည်ခံစားသွားတယ်နော့
desertraindrops said…
မယ်ခွေရဲ့ ကဗျာလေး ပြန်လည်ခံစားသွားတယ်နော့
Well... I miss my school days after I have read the poems.

Popular posts from this blog

ကျောင်းဖွင့်စနေ့

Dar Ra Na Paratta

Full moon day of Warso (06.07.09)