Playing Card (SG trip)

ရုံးဆင်းတာနဲ့ အိမ်ပြန်ပြီး ရေချိုး သန့်စင်ပြီး ကလမ်မန်တီ ကိုသွားခဲ့တယ်။ ဖေကြီးနဲ့မေကြီး တို့ဆီကိုပေါ့။ နောက် ကေအက်ဖ်စီ ၀ယ်သွားပြီး မေကြီးချက်ထားတဲ့ ငါးဖယ်ဟင်း နဲ့ လေးယောက်သား စားလိုက်ကြတယ်။ နောက် ကွန်ပျူတာသုံး၊ သီးချင်းနားထောင်ကြ။ အစ်မကတော့ ခေါင်းမူးလို့ဆိုပြီး အပျင်းထူ မှေးနေလေရဲ့။ အပင်ထစိုက်လိုက် ပြန်မှေးလိုက်နဲ့ ဇိမ်ကျနေတယ်။ ၁၀ နာရီလောက်ရောက်တော့ ဖဲရိုက်မယ်လုပ်ကြတယ်။ ခုနက မှေးနေတဲ့ အစ်မ ငေါက်ကနဲ ထထိုင်ပါလေရော။း) (လူစုံတုန်းလေးမို့လို့ သူလည်းဒီစာဖတ်တာမှ မဟုတ်ဘဲ)း) ဒါနဲ့ ပိုကာဒေါင်း လိုက်ကြတယ်။ ဒေါင်းရင် ပြားငါးဆယ်၊ ပိုက်ဆံဖဲ တစ်လုံးကို ဆယ်ပြားနှုန်းနဲ့။ ဆယ်ပြားပဲထုတ်ပြီးဆော့တာ ပွဲတစ်ဝက်ကျိုးတော့ ငါးကျပ် ကျော်လောက်ရနေပြီ။ ပြီးခါနီးကျတော့မှ ဖေကြီးက ပြန်နိုင်သွားတယ်။း) ၁၁ နာရီ ရောက်တော့ သိမ်းပြီး ပြန်လာခဲ့တယ်။


20 Nov 09

Comments

ငါးဖယ်ဟင်း လား
စားချင်လိုက်တာ .............း(((((((((
ငါ့မေကြီးချက်တဲ့ ငါးဖယ်စားချင်သွားဘီး((((((((((
Ree Noe Mann said…
မေကြီး ဖေကြီးတို့နဲ့ အတူနေတာဟုတ်ဖူးလား။

ငါးဖယ်ဟင်းတော့ ကြိုက်ပါ့ကွာ။

ကိုရီနို
Anonymous said…
အစ်မလည်း ငါးဖယ်ဆုတ်ကြော် အရမ်းကြိုက်.
ကြွားလို့ရတုန်းသူများတွေသွားရည်ကျအောင် ကြွားထားပေါ့ကွယ်.း)
Libratun said…
လောလောဆယ် အစ်မနဲ့ နေတယ် ကိုရီနိုရေ့။ အဲဒီ့မှာ အဆင်မပြေတော့ဘူးဆိုမှ ကျွန်တော့်ဆီခေါ်လိုက်တော့မယ်။

ဟဲ ဟဲ.. ဟုတ်တယ် မ၀ါရေ့။ ချဉ်ချဉ် စပ်စပ်ကလေးဗျ။ အရမ်းကောင်းတယ်။

မိုးခါးကိုတော့ တနားလိုက်တာ။း)
naychi said…
11 နာရီမှာသိမ်းတယ်... စောလိုက်တာ
ငါတို့ဆို အမ်မာတီ စထွက်မှ ပြန်တား)
Angel Shaper said…
ကိုဇော်က ငါးကျပ်ကျော်ပဲ ရတာလား။ သမီး လူကြီးဆိုရင် သုံးရာကျော်ရအောင် ဆော့နိုင်တယ်တဲ့ဗျိုးးး။
အဟဲ... ကိုဇော့်ထက် ပိုတော်တယ်ဗျ။
ငြဲငြဲ...( ရန်စသွားသည်) ဟီးးး

Popular posts from this blog

ကျောင်းဖွင့်စနေ့

Dar Ra Na Paratta

Full moon day of Warso (06.07.09)