Skip to main content

Dream Partner

ဘယ်ကိစ္စမဆို လုပ်မယ်ဆိုရင် ရည်မှန်းချက်နဲ့ အောက်လိုင်းတွေ ချပြီး ရအောင်ယူရမှာပါ။ ဒီကိစ္စမှာတော့ ရမယ် မရဘူး သေချာမပြောနိုင်ပေမယ့် ဘယ်လိုမှန်းထားတယ်ဆိုတာတော့ ပြောပြချင်ပါတယ်။ အဲဒါကတော့ အနာဂတ် လက်တွဲဖော်ရဲ့ ပုံရိပ်ပေါ့ (ချစ်သူမဟုတ်ဘူးနော် အဆင့်ကျော်တယ်ပြောချင်ပြော)။ အစ်မကြီးက အလကား ကြေငြာခိုင်းတာဆိုတော့ အားနာနာနဲ့ပဲ.......း)

၁။ ဘုရား၊ တရား၊ အဆုံးအမတွေကို နားလည်ရုံမက လိုက်နာသူဖြစ်ရပါမယ်။ ဒါမှမဟုတ် လိုက်နာချင်စိတ်ရှိသူ၊ သောဝစ္စဿတာဂုဏ်(ဆိုဆုံးမလွယ်ခြင်း၊ မှားမှန်းသိရင် အမျက်မထွက်ဘဲ ပြုပြင်စိတ်ရှိခြင်း) နဲ့ ပြည့်စုံရင် အကောင်းဆုံးပါ။ ကံ ကံ၏ အကျိုးကို ယုံကြည်သူလည်း ဖြစ်ရပါမယ်။

၁။ အကောင်းမြင်စိတ်၊ စိတ်ထားကောင်းသူဖြစ်ရပါမယ်။ ကိုယ်၊ နှုတ် အမူအရာ ပြေပြစ်သူလည်း ဖြစ်ရပါဦးမယ်။

၁။ အမှန်အမှား၊ မျှမျှတတ တွေးခေါ်တတ်သူ၊ တွေးခေါ်နိုင်သူ၊ ပွင့်လင်းတဲ့သူ၊ အခြေအတင် ဆွေးနွေးနိုင်သူ ဖြစ်ရပါမယ်။

၁။ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းလည်း လိုအပ်ပါတယ်။ (တစ်ခါတစ်ရံ ကားနဲ့ သွားလို့ အကျိုးသိပ်မဖြစ်နိုင်တဲ့နေရာမှာ လေယာဉ် ဒါမှ မဟုတ် မော်တော်ဘုတ်က မရှိမဖြစ်လိုအပ်ပါတယ်)

၁။ စဉ်းစားနိုင်သူ၊ စဉ်းစားချင်စိတ်ရှိသူ ဖြစ်ရပါမယ်။

အဲဒါလောက်ဆို အတိုင်းထက်အလွန်ပါပဲ။ ရုပ်ရည်ကတော့ ပြောစရာမလိုပါဘူး။ ဘာလို့လဲဆို ကျွန်တော်က ကြည့်မကောင်းရင်တော့ ကြိုက်မှာမဟုတ်ဘူးး) အချက်တွေအားလုံးက တစ်ခု နဲ့ တစ်ခု ဆက်စပ်နေပါတယ်။ တစ်ခုနဲ့ လွတ်ရင်နောက်တစ်ခုနဲ့ ညိပါလိမ့်မယ်။ ဒါမှသာ အကောင်းဆုံး ဖြစ်လိမ့်မယ်။း)

ဒေါသကြီးရင် တော့မကြိုက်ဘူး။ ဒါပေမယ့် ခေါင်းဆောင်အရည်အချင်းရှိတဲ့သူတွေမှာ ဒေါသက Built in မောင်းနှင်အားဆိုတော့ နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် မလွန်ကဲရဘူးပေါ့။ ခေါင်းဆောင်အရည်အချင်း ပြောပြောနေလို့ နောက်ကလိုက်မယ်တော့ မဟုတ်ပါဘူး။ လိုအပ်တဲ့ အရည်အချင်းက အားလုံးရှိ ထားတာကောင်းလို့ပါ။ ကျွန်တော်လည်း ဟင်းဝိုင်းချက်မှာ။ မဟုတ်လို့ သူမရှိရင် ငတ်မှာပေါ့။ ကျန်တာတွေလည်း လုပ်နိုင်ပါတယ်။ လုပ်ချင်စိတ်ရှိပါတယ်။ မျှမျှတတပေါ့။

စကားတစ်ခု ခဏခဏပြောရင် လုံးဝ မကြိုက်ဘူး။ ဒါပေမယ့် အဲဒါက နားလည်ပြီးနားထောင်ပေးနိုင်ပါတယ်။ ကျွန်တော်လည်း တစ်ခါတစ်ခါ မေ့တတ်တာကိုး။

ဒါပေမယ့် အဲဒီစကားက အပြစ်တစ်ခု (ဘယ်သူ့အပြစ်ဖြစ်ပါစေ၊ ကိုယ်နဲ့ ဘာမှ မဆိုင်ဘဲ သူများ ရုန်းကန်ရတာကို သနားစိတ်နဲ့ အပြစ်တင်လေ့ရှိကြတယ်)၊ ပြီးသွားခဲ့တဲ့ အမှားတစ်ခုကို ထပ်ခါထပ်ခါပြောတာမျိုး ဆိုရင်တော့ သည်းမခံနိုင်လောက်အောင် ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်သည်းခံနိုင်တာထက် အမြဲတမ်း နည်းနည်းပိုပြီး သည်းခံနိုင်ပါတယ်။ နောက် ကျွန်တော်က အိုသွေးပါ။ ဘာလို့ဆို ဖော်ဝဒ်မေးလ်က ဗေဒင်မှာ အရမ်းမှန်လို့။း)

ပြီးပါပြီ။ ဒီစာဖတ်ပြီး ကွာလီဖိုင်း မဖြစ်ဘူးဆိုပြီး စိတ်ဓာတ်မကျနဲ့နော်။ :P နောက်တာ

Comments

WWKM said…
ကြီးကျယ်ပါ့ကွယ်..
ဒီအချက်တွေ အားလုံးလိုအပ်ရင်တော့ လူပျိုကြီးသာလုပ်.(အားပေးတယ်) :D
နောက်ဆုံး သတ်မှတ်ချက်တွေနဲ့ စံမမှီတာလေးကို ချစ်မိ
သွားခဲ့ရင်တော့လည်း.. ကျွန်တော်ရဲ့စံတွေအတွက် ဘွာတေးပါ အစ်မရယ်လို့ ပြောမှာ မြင်ယောင်မိသေး.း)

အဟဲ..စတာပါ. အတည်မယူနဲ့....
(ဒီစာသားက သူများရေးတာဖတ်ပြီး တတ်လာတာ.)း)

ရေးတုန်းကရေးခိုင်းပြီးမှ နှိပ်ကွတ်တယ် မထင်ပါနဲ့ဦး။

ဆုတောင်းပေးသွားပါမယ်..
စိတ်ကူးထဲက ချစ်သူလေးကို အမြန်ဆုံးတွေ့နိုင်ပါစေ။

ရေးပေးတာ ကျေးဇူး။

အစ်မ၀ါ
Libratun said…
အဲလိုဖြစ်နိုင်တယ် ဆိုတာလည်း တွက်ထားပြီးသားလေ။ အဲလိုတွေဖြစ်နေတာ မြင်နေရတာကိုး။ မမှီခဲ့ရင် နောက်မှ မှီအောင်လုပ်ရမှာပေါ့။ ဆိုဆုံးမလွယ်ဖို့လိုတာ အဲဒါကြောင့်း) နားလည်ပေးနိုင်ပါတယ် မ၀ါရဲ့။ အစောကြီးလာဖတ်လို့ ကျေးဇူးဗျား)
ကပ္ပိယကြီးကလဲ
အပူရှာဦးမလို့လား :P
naychi said…
အေးဟာ.. ငါလိုလူမျိုး နောက်တယောက်မရှိနိုင်တော့ နင်လူပျိုကြီးဖြစ်မှာတော့ သေချာသလောက်ပဲ။
ငါနံပါတ် ၁ အချက်(တွေ) နဲ့ပြည့်စုံတယ်။ ဟိဟိး)))

အိပ်ဖော်အိပ်ဖက် အကြောင်း ဖတ်သွားပါတယ်။
မေလေး said…
စောင့်မျှော်နေသူများးးးးးး :D
Anonymous said…
ဘုန်းကြီး တူတူဝတ်ရင် ဟိုဘက်ကျောင်း ဒီဘက်ကျောင်း နေရအောင်ဗျာ
chocothazin said…
သတိထားမိတာ တစ်ခုက ၁ တွေချည်းပဲတပ်ထားပါလား။

အင်း မှတ်သားလောက်ပါတယ်လေ။

Popular posts from this blog

ကျောင်းဖွင့်စနေ့

ကျွန်တော် လေးတန်းပြီးသွားတော့ ငါးတန်းရောက်တဲ့အခါ ကျွန်းတောလမ်းပေါ်က အ.လ.က (၃) လို့ခေါ်တဲ့ နှစ်ထပ်ကျောင်းဆောင်လေးကိုပြောင်းတက်ရတယ်။ ဖေကြီးက အဲဒီကျောင်းက ကျောင်းသားဟောင်းကိုး။ အရင်တုန်းကတော့ အဲဒီကျောင်းကို အလကား ၃ လို့ခေါ်ကြတဲ့အထိ နာမည်ဆိုးခဲ့တဲ့ကျောင်းလေးပေါ့။ ကျွန်တော် မတက်ရခင် နှစ်အနည်းငယ်ကမှ နာမည်ပြန်ကောင်းလာလို့ အဲဒီကျောင်းကို ဖေကြီးက ပို့လိုက်တယ်။ ကျောင်းတက်တဲ့အချိန် နှစ်တိုင်းထူးခြားတာတစ်ခုရှိတယ်။ စတက်တဲ့နေ့တိုင်း မိုးရွာတာပဲ။ ကျောင်းစတက်တဲ့နေ့ စာစီစာကုံးရေးမယ်ဆို ကျွန်တော့်စာပိုဒ်တွေမှာ စိုရွှဲလို့။ မိုးနံ့တောင် သင်းနေရော။ ပြောင်လက်နေတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီ အစိမ်းရောင် တောက်တောက်လေးတွေ ကလည်း မိုးစက်လေးတွေနဲ့ ပဏံသင့်လို့။ နောက်မိုးကာအကြည်လေးတွေ၊ အရောင်လေးစုံလေးတွေ ကိုယ်စီနဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ မိဘတွေနဲ့ အတူ အားလုံး ကျောင်းတံခါးကြီး ဖွင့်ချိန်ကို မျှော်တလင့်လင့်နဲ့ စောင့်နေလေရဲ့။ `ကလောင်´ ..... `ကလောင်´ ...... `ကလောင်´ ကျောင်းခေါင်းလောင်းထိုးပြီ။ အေးစက်နေတဲ့ ခေါင်းလေးတွေ ထောင်သွားတယ်။ ဗွက်တွေဆော့ ထားတဲ့ ခြေထောက်လေးတွေ လှုပ်ရှားလာတယ်။ ဟော... ဆီမထည့်ရသေးတဲ့ ကျောင်းတံခါးကြီး တစ

A leaf

ခုတလော ဓာတ်ပုံတွေလိုက်ရိုက်နေတယ်။ ဖေ့ဘွတ်လည်း သိပ်မတက်ချင်၊ ဂူဂဲလ်ပလပ်စ်တော့ သုံးပေမယ့် သူငယ်ချင်းတွေက ဖဘမှာချည်းဆိုတော့ မဖြစ်ပြန်။ ဟိုရောက်ဒီရောက်ပေါ့။ ဒီလိုနဲ့ပဲ ဘလော့ဒေးနေ့က မဇွန်ရဲ့စာတို့ တခြားစာတွေ ဖတ်ဖြစ်တော့လည်း ဘလော့ကို ပြန်လာချင်လာပြန်ရော။ ဒါနဲ့ စည်စည်ကားကားလေးဖြစ်အောင်လို့ နီးစပ်ရာကို ပုံလေးတပုံပေးပြီး အက်ဆေး ဒါမှမဟုတ် ကဗျာလေး ဇွတ်ရေးခိုင်းလိုက်တယ်။ တော်တော်များများ ရေးပေးကြပါတယ်။း) သူတို့နဲ့ ကျွန်တော့်ကဗျာလေးကို ဒီမှာ တင်ဖြစ်သွားတယ်။ ကဗျာလေးကတော့- A Leaf Being grateful to meet with a droplet,  Life's not simple and easy all the time though. Fortifying and surviving from the teases  Of people and insects. With the help of the droplets and the mother soil,  To its best, A Leaf is giving the beauty to the Earth. သစ်ရွက်ကလေး ရေစက်လေးနဲ့ တွေ့နေရရင် ဘ၀ကြီးကအဆင်ပြေနေပြီ။ ကြာကြာနေရလောက်အောင်တော့လည်း ဘ၀ကြီးက လွယ်ကူ ရိုးရှင်းခြင်းမရှိခဲ့ဘူး။ တုတ်တွေ လက်တွေရဲ့ တွန်းထိုးဝှေ့ခြင်း ပိုးကောင်တွေရဲ့ ထိုးဖောက်လှိုက်စားခြင်းတွေအောက် လူးလှိမ့် တွ

ဆေးလိပ်လက်ဆောင်

မဝယ်ဘူး မယ်ခူးတဲ့ ဖက်စို၊ မီးမကူ နေပူမှာ မကင်အားလို့၊ ထားရတယ် အိပ်ရာအောက်မှာ၊ မင်းသောက်ဖို့ကို။ ညှာအနား ရှေ့သွားနှင့် ကိုက်လို့တို၊ မချိုတောင့်လိပ်ဆေး။ ပိုးမကူ ဝါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်။ ငယ်ချစ်မောင် ရွှေဝသွားကို၊ ပါးလိုက်ကဲ့လေး။ မယ်ခွေရဲ့ မာစတာ ပိစ်လေးပါ။ အရင်က ကဗျာလေးတွေ အရမ်းကြိုက်လို့ လိုက်ဖတ်ပြီးတင်နေပါတယ်။ စကားပြေရေးဖို့တော့ အိမ်စာပေးလိုက်မယ်နော်။ း) အဟွတ် အဟွတ်