Skip to main content

Pit Viper များ

ကျွန်တော်တို့ သိကြပြီးဖြစ်တဲ့ စပါးအုံး၊ စပါးကြီး၊ ခလောက်မြွေ အစရှိတဲ့ ထူးခြားစွာခံစားသိရှိနိုင်တဲ့ Pit Viper အနွယ်ဝင်မြွေတွေမှာ တခြား ဘယ်နို့တိုက်သတ္တဝါမျှ လိုက်မမှီနိုင်တဲ့ ထူးခြားတဲ့ ဆဋ္ဌအာရုံ အရည်အသွေးတစ်ခု ရှိနေတယ်။

အဲဒါဘာလဲဆိုရင် သူတို့ရဲ့ မျက်လုံးနဲ့ နှာခေါင်းပေါက်အကြားမှာ အခေါင်းပေါက် (ပစ်) လေး ပါရှိတယ်။ အဲဒီအပေါက်လေးကတဆင့် အနီအောက်ရောင်ခြည်ကို အသုံးပြုပြီး သားကောင်တွေရဲ့ အပူလှိုင်းတွေကို ဖမ်းယူသိရှိ ပုံဖော်နိုင်ခြင်းပါပဲ။

တွေ့ရှိချက်ကတော့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲက TRPA1 ဆိုတဲ့ ပရိုတင်းတစ်ခုကနေ အပူကို ဖမ်းယူသိရှိနိုင်ခြင်းဆိုတာဖြစ်ပါတယ်။ အဲဒီဆဲလ်ဟာ လူတွေရဲ့ ကိုယ်က အပူကြောင့်နာကျင်မှုကို သိရှိခံစားနိုင်တဲ့ ဆဲလ် နဲ့ အတူတူပါပဲ။ အလုပ်လုပ်ပုံက အာရုံကြောသေးသေးလေးတွေရဲ့ လှုံ့ဆော်မှုကို ခေါင်းရဲ့တစ်ဖက်တစ်ချက်စီက အဲဒီ ပစ် လေးတွေရဲ့ အခေါင်းလေးတွေကနေ အပူထုတ်လွှတ်မှုတွေကို ဖမ်းယူကြခြင်းဖြစ်ပါတယ်။

ယင်းအလုပ်လုပ်ပုံကို အပူဖြင့်ပုံဖော်ခြင်း (heat vision) လို့လည်းခေါ်ပါတယ်။ အနီအောက်ရောင်ခြည်တွေဟာ သာမန် မျက်စိဖြင့်မြင်နိုင်တဲ့ အလင်းထက် (longer wavelength) ပိုဝေးဝေးသွားနိုင်ပြီး အပူထုတ်လွှတ်တဲ့ သားကောင်ရဲ့ သုံးဖက်မြင်ပုံရိပ်ကို ရယူပါတယ်။ အဲဒီပုံရိပ်ဟာ သားကောင်နဲ့ ရင်ဆိုင်ရာမှာ အရေးကြီးဆုံး အထောက်အကူဖြစ်ပါတယ်။

အဲဒီ ပစ် (pit)တစ်ခုစီမှာ အခန်း နှစ်ခန်းရှိပါတယ်။ အတွင်းခန်း နဲ့ အပြင်ခန်းဖြစ်ပါတယ်။ အတွင်းခန်းဟာ ခန္ဓာကိုယ်တွင်း အပူချိန်အတွက် ဖြစ်ပြီး အပြင်ခန်းကတော့ ပြင်ပ အပူရင်းမြစ်ကို သိရှိနိုင်စေပါတယ်။

Pit Viper မြွေတွေဟာ အဲဒီ အပူချိန်သိရှိရာမှာ အလွန်ပင်တိကျပါတယ်။ အသေးစိတ်အနေဖြင့် အတွင်းနဲ့ အပြင် အပူချိန်ကွားခြားချက်ကို ဝ.၀၀၂ နေရာအထိ တိတိကျကျ သိရှိနိုင်ပါတယ်။

အဲဒီလုပ်ဆောင်ချက်ဟာ ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုရင် အပေါက်သေးသေးလေးမှာ တပ်ဆင်ထားတဲ့ ရုပ်ဖမ်းကင်မရာ (Pinhole Camera) ဟာ သူ့ရှေ့ကျရောက်လာတဲ့ ပုံရိပ်ရဲ့ အလင်းတွေကို ဖမ်းယူသလိုဖြစ်ပါတယ်။ အလားတူစွာပဲ အဲဒီ pit လေးဟာ သားကောင်တွေရဲ့ လျင်မြန်တဲ့လှုပ်ရှားမှုကို တိတိကျကျ သိရှိစေနိုင်လောက်တဲ့ အကျယ်အဝန်းအနေဖြင့် ၁ မီလီမီတာ အချင်းရှိပါတယ်။

ပါမောက္ခ ဂျူးလိယက်စ်ကတော့ "သားကောင်တွေရဲ့ လှုပ်ရှားမှုကို လျင်လျင်မြန်မြန်သိနိုင်ဖို့ အလွန်ကြောက်စရာကောင်းလှတဲ့ Pit Viper တွေရဲ့ ဦးနှောက်ဟာ ထူးကဲသာလွန်တဲ့ အပူလှိုင်းနဲ့ ရုပ်ပုံတွေကို အလွန်မြန်ဆန် တိကျတဲ့ နှုန်းနဲ့ တွက်ချက် အလုပ်လုပ်ပေးနိုင်ပါတယ်။" လို့ဆိုပါတယ်။

"ဇီဝလှုပ်ရှားမှု လေ့လာချက်တွေအရ Pit Viper တွေရဲ့ ခံစားနိုင်စွမ်းဟာ အလွန်ကောင်းမွန်ပြီး မြွေပွေးများ ၁ မီတာ အကွားအဝေးအထိ ထောက်လှမ်းနိုင်သကဲ့သို့ဖြစ်ပါတယ်။"

အပူနဲ့ထောက်လှမ်း ပုံဖော်နိုင်မှုဟာ အတော်ပင်အရေးပါပါတယ်။ ဘာကြောင့်ဆို အဲဒီ့တွေ့ရှိချက်ဟာ သားကောင်ကို ရင်ဆိုင်သင့်မသင့်၊ ရှောင်ဖယ်သွားဖို့ သင့်မသင့်ကို ဆုံးဖြတ်မယ့် ဆုံးဖြတ်ချက်အတွက် အကောင်းဆုံးအဖြေရဖို့ ထောက်ပံ့ပေးနိုင်လို့ပါပဲ။

လေ့လာသူများကတော့ TRPA1 ရဲ့ အပူကိုဖမ်းယူ ခံစားတဲ့ တွေ့ရှိချက်အသစ်ကနေ ဆက်လေ့လာဖို့ လမ်းပွင့်သွားခဲ့ပါပြီ။


ကိုးကားချက်
- လန်ဒန် တယ်လီဂရပ်စာစောင်မှ ဆောင်းပါး
- ဂူဂဲလ်

Comments

Popular posts from this blog

ကျောင်းဖွင့်စနေ့

ကျွန်တော် လေးတန်းပြီးသွားတော့ ငါးတန်းရောက်တဲ့အခါ ကျွန်းတောလမ်းပေါ်က အ.လ.က (၃) လို့ခေါ်တဲ့ နှစ်ထပ်ကျောင်းဆောင်လေးကိုပြောင်းတက်ရတယ်။ ဖေကြီးက အဲဒီကျောင်းက ကျောင်းသားဟောင်းကိုး။ အရင်တုန်းကတော့ အဲဒီကျောင်းကို အလကား ၃ လို့ခေါ်ကြတဲ့အထိ နာမည်ဆိုးခဲ့တဲ့ကျောင်းလေးပေါ့။ ကျွန်တော် မတက်ရခင် နှစ်အနည်းငယ်ကမှ နာမည်ပြန်ကောင်းလာလို့ အဲဒီကျောင်းကို ဖေကြီးက ပို့လိုက်တယ်။ ကျောင်းတက်တဲ့အချိန် နှစ်တိုင်းထူးခြားတာတစ်ခုရှိတယ်။ စတက်တဲ့နေ့တိုင်း မိုးရွာတာပဲ။ ကျောင်းစတက်တဲ့နေ့ စာစီစာကုံးရေးမယ်ဆို ကျွန်တော့်စာပိုဒ်တွေမှာ စိုရွှဲလို့။ မိုးနံ့တောင် သင်းနေရော။ ပြောင်လက်နေတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီ အစိမ်းရောင် တောက်တောက်လေးတွေ ကလည်း မိုးစက်လေးတွေနဲ့ ပဏံသင့်လို့။ နောက်မိုးကာအကြည်လေးတွေ၊ အရောင်လေးစုံလေးတွေ ကိုယ်စီနဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ မိဘတွေနဲ့ အတူ အားလုံး ကျောင်းတံခါးကြီး ဖွင့်ချိန်ကို မျှော်တလင့်လင့်နဲ့ စောင့်နေလေရဲ့။ `ကလောင်´ ..... `ကလောင်´ ...... `ကလောင်´ ကျောင်းခေါင်းလောင်းထိုးပြီ။ အေးစက်နေတဲ့ ခေါင်းလေးတွေ ထောင်သွားတယ်။ ဗွက်တွေဆော့ ထားတဲ့ ခြေထောက်လေးတွေ လှုပ်ရှားလာတယ်။ ဟော... ဆီမထည့်ရသေးတဲ့ ကျောင်းတံခါးကြီး တစ

A leaf

ခုတလော ဓာတ်ပုံတွေလိုက်ရိုက်နေတယ်။ ဖေ့ဘွတ်လည်း သိပ်မတက်ချင်၊ ဂူဂဲလ်ပလပ်စ်တော့ သုံးပေမယ့် သူငယ်ချင်းတွေက ဖဘမှာချည်းဆိုတော့ မဖြစ်ပြန်။ ဟိုရောက်ဒီရောက်ပေါ့။ ဒီလိုနဲ့ပဲ ဘလော့ဒေးနေ့က မဇွန်ရဲ့စာတို့ တခြားစာတွေ ဖတ်ဖြစ်တော့လည်း ဘလော့ကို ပြန်လာချင်လာပြန်ရော။ ဒါနဲ့ စည်စည်ကားကားလေးဖြစ်အောင်လို့ နီးစပ်ရာကို ပုံလေးတပုံပေးပြီး အက်ဆေး ဒါမှမဟုတ် ကဗျာလေး ဇွတ်ရေးခိုင်းလိုက်တယ်။ တော်တော်များများ ရေးပေးကြပါတယ်။း) သူတို့နဲ့ ကျွန်တော့်ကဗျာလေးကို ဒီမှာ တင်ဖြစ်သွားတယ်။ ကဗျာလေးကတော့- A Leaf Being grateful to meet with a droplet,  Life's not simple and easy all the time though. Fortifying and surviving from the teases  Of people and insects. With the help of the droplets and the mother soil,  To its best, A Leaf is giving the beauty to the Earth. သစ်ရွက်ကလေး ရေစက်လေးနဲ့ တွေ့နေရရင် ဘ၀ကြီးကအဆင်ပြေနေပြီ။ ကြာကြာနေရလောက်အောင်တော့လည်း ဘ၀ကြီးက လွယ်ကူ ရိုးရှင်းခြင်းမရှိခဲ့ဘူး။ တုတ်တွေ လက်တွေရဲ့ တွန်းထိုးဝှေ့ခြင်း ပိုးကောင်တွေရဲ့ ထိုးဖောက်လှိုက်စားခြင်းတွေအောက် လူးလှိမ့် တွ

ဆေးလိပ်လက်ဆောင်

မဝယ်ဘူး မယ်ခူးတဲ့ ဖက်စို၊ မီးမကူ နေပူမှာ မကင်အားလို့၊ ထားရတယ် အိပ်ရာအောက်မှာ၊ မင်းသောက်ဖို့ကို။ ညှာအနား ရှေ့သွားနှင့် ကိုက်လို့တို၊ မချိုတောင့်လိပ်ဆေး။ ပိုးမကူ ဝါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်။ ငယ်ချစ်မောင် ရွှေဝသွားကို၊ ပါးလိုက်ကဲ့လေး။ မယ်ခွေရဲ့ မာစတာ ပိစ်လေးပါ။ အရင်က ကဗျာလေးတွေ အရမ်းကြိုက်လို့ လိုက်ဖတ်ပြီးတင်နေပါတယ်။ စကားပြေရေးဖို့တော့ အိမ်စာပေးလိုက်မယ်နော်။ း) အဟွတ် အဟွတ်