ထမင်းအရသာအပြည့် သင်္ကြန်ထမင်း ပြုလုပ်နည်း

သင်္ကြန်ထမင်းလုပ်နည်း-----
လိုအပ်သည်များ-- ထမင်း၊ ရေပြွတ်၊ ရေဖလား၊ အိုးမဲ၊

ထမင်းကို အရင်ဆုံးတည်လိုက်ပါ။ ထမင်းကျက်သွားပါက ပန်းကန်အနေတော်နှင့်ထည့်။ ပြီးနောက် ရေပြွတ်ကို ရေဖြည့်ကာ ပြွတ်နှင့်ထိုးပါ။ အားရသွားပါက ရေဖလားနှင့် လောင်းပါ။ (ယဉ်ကျေးမှုနှင့် မညီညွတ်သောကြောင့် ခွက်စောင်းမခုတ်ပါနှင့်၊ ယင်းဥပဒေကို မလိုက်နာပါက ပျံ့ကျဲသွားသော ထမင်းစေ့များကို လိုက်လံသိမ်းဆည်းရပါလိမ့်မည်။) အိုးမဲကိုတော့ ကြိုက်ရင် သုတ်နိုင်ပါသည်။

အခုဆိုရင်တော့ အရသာရှိမရှိ မသိပေမယ့် သင်္ကြန်ထမင်းကို ရပြီဖြစ်သောကြောင့် ချစ်ရသော သူငယ်ချင်းများနှင့် အိမ်နီးနားချင်းများကို မျက်နှာလုပ် ကျွေးမွေးနိုင်ပါပြီ။

သရုပ်ပြကာ သူငယ်ချင်းများကို ဒါနပြုရန် မျှော်လင့်နေသော
TNT

---
ခက်ဆစ်-
ရေပြွတ် - ပြွန်တစ်ခုမှ ရေလွှတ်စေသောကြောင့် စာလုံးနှစ်ခု ပေါင်းကာ ရေပြွတ်ဟုခေါ်ပါသည်။
ခွက်စောင်းခုတ် - ရေထည့်ထားသောခွက်နှင့် ကိုယ်ကို စောင်းစောင်းလေး ထားကာ ခွက်ဖြင့် ပစ်ပေါက်၍ ဆောရီးဟု တောင်းပန်ခြင်း

Comments

Popular posts from this blog

ကျောင်းဖွင့်စနေ့

Dar Ra Na Paratta

Full moon day of Warso (06.07.09)