နောက်မကျပါဘူး

အမှတ်မထင် ဆိုးလာတဲ့သူတွေဟာ အတိတ်မှာ အင်မတန် ကောင်းခဲ့ဖူးကြတယ်။ ဒါပေမယ့် သမရိုးကျဆိုးတဲ့သူနဲ့ကွာတာက သူတို့ကိုယ်သူတို့ ခုထိ အရမ်းကောင်းတယ်ပဲ ထင်နေတတ်ကြတာ။ အဲလိုလူ တော်တော်များများက ငါက ကောင်းရင်လည်း သူများနဲ့ မတူအောင်ကောင်းတယ် ဆိုတဲ့ စကားကို တွင်တွင်ကြီး သုံးတတ်ကြတယ်။ နောက်အဲဒီ့စကားကို လက်ကိုင်ထားပြီး သူများမကောင်းရင် ငါတို့ ဆိုးလို့ရပြီလို့ ကိုယ့်ကိုယ်ကို ဆိုးခွင့် ပြုပေးလိုက်တာပဲ။ ဒီလိုနဲ့ပဲ တချိန်ချိန် အထင်လွဲမှုလေးတွေ ရောက်လာချိန်မှာတော့ အင်မတန်ကောင်းခဲ့သူတွေရဲ့ ဆိုးချင်တဲ့ ဗီဇတွေဟာ ခွင့်ပြုမိန့်နဲ့ အတူ တဖက်သားကို နင်းချေဖို့ ထွက်လာတော့တယ်။ အဲဒီလို အမှန်တရားကိုတော့ သိရရင်ပဲ ကျေနပ်ပါတယ်။ အမှန်ကိုသိရလို့ နောက်ကျတယ် မရှိပါဘူး။

Comments

chocothazin said…
တိုတိုလေးနဲ့ ထိမိတယ် သူငယ်ချင်း။

အဲလိုလူတွေက အစကတော့ အင်မတန်ကောင်းပါတယ် ဒါပေမယ့် သူ့ စိတ်နဲ့ မတည့်တဲ့အခါကျတော့ သူကောင်းခဲ့တာတွေ သဲထဲရေသွန်သလိုလုပ်တော့တာပါပဲ။ ငါလုပ်ပေးခဲ့တာတွေ ငါ့အမှားပဲ၊ ငါ့ကိုယ်ငါပဲ အပြစ်တင်မိတယ် ဆိုတာမျိုးလည်း သူ့ ကိုယ်သူ အကောင်းဘက်က ပြောတတ်သေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ စောစောသိရတာ ကောင်းပါတယ်။
ထောက်ခံပါတယ်း)
witch83 said…
အရမ်းကို မှန်ပါတယ်။ တကယ်ကို တိုရှင်းလိုရင်း post လေးပါပဲ။ :)
Mogok Thar said…
I think I'm late to give this comment.

:-)

Popular posts from this blog

ကျောင်းဖွင့်စနေ့

Dar Ra Na Paratta

Full moon day of Warso (06.07.09)