ပညာနှင့် မာန

စာတွေ အရမ်းဖတ် အသိပညာတွေ တတ်လာတဲ့အခါ အဟန့်အတားဖြစ်စေတဲ့ မာနက ဝင်လာတတ်တယ်။ မာနဝင်လာပြီဆိုရင်တော့ နောက်တဆင့်တက်ဖို့ခက်မယ်။ အကုသိုလ်တွေလည်း ဖြစ်လာလိမ့်မယ်။ ဥပမာ - ဘယ်ဘုန်းကြီးက ဘယ်လိုတရားပဲဟောတာပါကွာ ငါက လက်တွေ့ကျင့်ထားပါတယ်။ ဘယ်ဆရာက ဘယ်လိုပါ အတွေးအခေါ်တွေ ဒိတ်အောက်နေပါပြီ၊ ငါက စာတွေပိုဖတ် နိုင်ငံတကာ အတွေ့အကြုံတွေ ပိုရှိပါတယ် စတဲ့ မဖြစ်သင့်တဲ့ အတွေးတွေ အပြောအဆိုတွေ ဖြစ်လာတတ်တယ်။ ဒါ့အပြင် ဖြူစင်မြင့်မြတ်တဲ့ အရိယာ အနွယ်ဝင်တွေဟာ နိဗာန်ကို မျက်မှောက် မပြုသေးခင်ကာလ ဒီလောကကြီးမှာပဲ ကျင်လည်အားထုတ်နေကြတာပါ။ ဘယ်သူတွေက ဘယ်လို ဉာဏ်စဉ်တွေရှိမယ် ဘယ်လောက်ဖြူစင်မယ်၊ ဘယ်လောက်သိမ်မွေ့မြင့်မြတ်တယ် ဆိုတာ ရိုးရိုးမျက်စိနဲ့ ကြည့်လို့မမြင်နိုင်လို့ အထက်ကလို ပြစ်မှားမှုတွေ ဖြစ်လာမယ်ဆိုရင် အင်မတန်ကြောက်စရာကောင်းတဲ့ အပြစ်တွေ ဖြစ်လာလိမ့်မယ်။ အဲဒီ မာနဟာ ခင်ပွန်းကြီး ဆယ်ပါးကိုတောင် ပြစ်မှားစေနိုင်ပါတယ်။ ပညာမာန ကင်းရှင်းနိုင်ကြပါစေ။ မည်သူ့ကိုမဆို အထင်မကြီး အထင်လည်းမသေးဘဲ ဗြဟ္မစိုဟ် တရား ၄ ပါးနဲ့ ဆက်ဆံနိုင်ကြပါစေ။

Comments

noblemoe said…
ဟုတ်တယ်မောင်လေး အထင်ကြီးချင်း သေးချင်းမှာ ပျက်သနာတင်မဟုတ်ဖူး ပစ်မှားမိရင် သံသရာတောင်လည်သွားနိုင်တယ်လေနော် ကြောက်စရာကောင်းပါတယ်။

သာယာချမ်းမြေ့ပါစေရှင်း
မိုး
လူတကာကိုတော့ အထင်သေးလေ့ မရှိပါဘူး .. တခါတလေ ကိုယ်တိုင်လည်း စိတ်အခန့်က မသင့် မြင်ရတဲ့လူကလည်း လုပ်ပုံမဟုတ်ရင် အကုသိုလ် ဖြစ်ရော .. :D
Libratun said…
:) ဟုတ်ပါတယ်။

Popular posts from this blog

ကျောင်းဖွင့်စနေ့

Dar Ra Na Paratta

Full moon day of Warso (06.07.09)