ခုတလော ဓာတ်ပုံတွေလိုက်ရိုက်နေတယ်။ ဖေ့ဘွတ်လည်း သိပ်မတက်ချင်၊ ဂူဂဲလ်ပလပ်စ်တော့ သုံးပေမယ့် သူငယ်ချင်းတွေက ဖဘမှာချည်းဆိုတော့ မဖြစ်ပြန်။ ဟိုရောက်ဒီရောက်ပေါ့။ ဒီလိုနဲ့ပဲ ဘလော့ဒေးနေ့က မဇွန်ရဲ့စာတို့ တခြားစာတွေ ဖတ်ဖြစ်တော့လည်း ဘလော့ကို ပြန်လာချင်လာပြန်ရော။ ဒါနဲ့ စည်စည်ကားကားလေးဖြစ်အောင်လို့ နီးစပ်ရာကို ပုံလေးတပုံပေးပြီး အက်ဆေး ဒါမှမဟုတ် ကဗျာလေး ဇွတ်ရေးခိုင်းလိုက်တယ်။ တော်တော်များများ ရေးပေးကြပါတယ်။ း) သူတို့နဲ့ ကျွန်တော့်ကဗျာလေးကို ဒီမှာ တင်ဖြစ်သွားတယ်။ ကဗျာလေးကတော့-
A Leaf
Being grateful to meet with a droplet,
A Leaf
Being grateful to meet with a droplet,
Life's not simple and easy all the time though.
Fortifying and surviving from the teases
Of people and insects.
With the help of the droplets and the mother soil,
To its best,
A Leaf is giving the beauty to the Earth.
သစ်ရွက်ကလေး
ရေစက်လေးနဲ့ တွေ့နေရရင်
ဘ၀ကြီးကအဆင်ပြေနေပြီ။
ကြာကြာနေရလောက်အောင်တော့လည်း
ဘ၀ကြီးက လွယ်ကူ ရိုးရှင်းခြင်းမရှိခဲ့ဘူး။
တုတ်တွေ လက်တွေရဲ့ တွန်းထိုးဝှေ့ခြင်း
ပိုးကောင်တွေရဲ့ ထိုးဖောက်လှိုက်စားခြင်းတွေအောက်
လူးလှိမ့် တွန်းလှန်နေရင်း
ရေစက်လေးနဲ့ ပထဝီကပေးတဲ့ အင်အားနဲ့
အစွမ်းကုန် အသက်ဆက်ရှင်လို့
တတပ်တအား
လောကကြီးကို အလှဆင်နေလေရဲ့။
သစ်ရွက်
ပိုးကိုက်တဲ့သစ်ရွက်
ဒါပေမယ့် လန်းဆန်းနေဆဲ.......။
ဟိဟိ။း)
နောင့်နောင့်
သူ့အတွေး
ဒီအခြေအနေမှာတောင် ပုံတူကူးခံရတယ်
ပိုးသတ်ဆေးကြော်ငြာ အတွက်များလား...
ပိုးသတ်ဆေးကြော်ငြာ အတွက်များလား...
နွေးနေခြည်
နောက်ထပ်ရေးပေးထားတဲ့ သူငယ်ချင်းတွေကတော့ မသက်ဝေ၊ မွန်၊ မိုးခါး နှင့် ဒေါ်ဂျင်းတို့ဖြစ်ကြပါတယ်။း))
Comments
တယောက်တလက်နဲ့ အလှဆင်လိုက်တာပေါ့ .. :D
ဒီပုံကြောင့်လှပတဲ့ကဗျာနဲ့စာတွေဖတ်ခဲ့ရတာ။
"တတပ်တအား
ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး