ကြုံစဖူး၊ မြင်ဖူးမှ ယုံစဖွယ်။ ဖြူနီပြာဝါတစ်စုနှင့် ခရုထွေလာဆန်း၊ ကမ်းကွေ့ပတ်လည်။ ရွှေမင်တံသံပခြုပ်နှင့် ဟန်ရုပ်ပြသွယ်သွယ်၊ နတ်မယ်လျ ဆံထိုး။ ဝင်ကစွပ်၊ မြင်ဆွတ်ကကြည်ဖို့ရာ၊ ဟိုသို့လာ၊ သည်သို့သွားနှင့်၊ အငှားခန္ဓာမြှောင်ရတယ်၊ ဆန်းခေါင်ထိမျိုး။ ဦးကြင်ဥ ရေးတဲ့ကဗျာပါ။ ဒီနေရာမှာ ဒီကဗျာလေးနဲ့ စပ်မိလို့ မရီတာရဲ့ ကိုရွာသား ဘာကြောင့် နိုင်ငံရပ်ခြားဆိုတဲ့ ပိုစ်ကို သတိရလို့ အတွေးလေးပေါ်လာတယ်။ ကိုယ်ဝတ်တဲ့ အင်္ကျီကို လှမလှ ဘေးက ဆုံးဖြတ်ပေးတာ ခံရတဲ့ အကောင်လေးတွေကိုတော့ စိတ်မကောင်းဘူး ဒါကြောင့် ကိုယ်နဲ့ လိုက်မယ့် အင်္ကျီလေးတွေကို ကိုယ့်ဘာသာ ရွေးချယ်ပြီး ဆုံးဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကျွန်တော် လေးတန်းပြီးသွားတော့ ငါးတန်းရောက်တဲ့အခါ ကျွန်းတောလမ်းပေါ်က အ.လ.က (၃) လို့ခေါ်တဲ့ နှစ်ထပ်ကျောင်းဆောင်လေးကိုပြောင်းတက်ရတယ်။ ဖေကြီးက အဲဒီကျောင်းက ကျောင်းသားဟောင်းကိုး။ အရင်တုန်းကတော့ အဲဒီကျောင်းကို အလကား ၃ လို့ခေါ်ကြတဲ့အထိ နာမည်ဆိုးခဲ့တဲ့ကျောင်းလေးပေါ့။ ကျွန်တော် မတက်ရခင် နှစ်အနည်းငယ်ကမှ နာမည်ပြန်ကောင်းလာလို့ အဲဒီကျောင်းကို ဖေကြီးက ပို့လိုက်တယ်။ ကျောင်းတက်တဲ့အချိန် နှစ်တိုင်းထူးခြားတာတစ်ခုရှိတယ်။ စတက်တဲ့နေ့တိုင်း မိုးရွာတာပဲ။ ကျောင်းစတက်တဲ့နေ့ စာစီစာကုံးရေးမယ်ဆို ကျွန်တော့်စာပိုဒ်တွေမှာ စိုရွှဲလို့။ မိုးနံ့တောင် သင်းနေရော။ ပြောင်လက်နေတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီ အစိမ်းရောင် တောက်တောက်လေးတွေ ကလည်း မိုးစက်လေးတွေနဲ့ ပဏံသင့်လို့။ နောက်မိုးကာအကြည်လေးတွေ၊ အရောင်လေးစုံလေးတွေ ကိုယ်စီနဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ မိဘတွေနဲ့ အတူ အားလုံး ကျောင်းတံခါးကြီး ဖွင့်ချိန်ကို မျှော်တလင့်လင့်နဲ့ စောင့်နေလေရဲ့။ `ကလောင်´ ..... `ကလောင်´ ...... `ကလောင်´ ကျောင်းခေါင်းလောင်းထိုးပြီ။ အေးစက်နေတဲ့ ခေါင်းလေးတွေ ထောင်သွားတယ်။ ဗွက်တွေဆော့ ထားတဲ့ ခြေထောက်လေးတွေ လှုပ်ရှားလာတယ်။ ဟော... ဆီမထည့်ရသေးတဲ့ ကျောင်းတံခါးကြီး တစ...
Comments
(သီကုံးရေးသားသူ- ဦးကြင်ဥ)
ကြုံစဖူး၊ မြင်ဘူးမှ ယုံစဖွယ်။
ဖြူနီပြာဝါတစုနှင့်၊ ခရုထွေလာဆန်း၊
ကမ်းကွေ့ပတ်လည်။
နတ်မယ်လျှဆံထိုး။
ဆန်းခေါင်ထိမျိုး။
Ref:
http://apyonepan.blogspot.com/2009_01_01_archive.html
ခင်မင်စွာဖြင့်
သီဟသစ်
ကိုသီဟကြီး ဦးသွားပြီ။ ဟိဟိ