မဝယ်ဘူး မယ်ခူးတဲ့ ဖက်စို၊
မီးမကူ နေပူမှာ မကင်အားလို့၊
ထားရတယ် အိပ်ရာအောက်မှာ၊
မင်းသောက်ဖို့ကို။
ညှာအနား ရှေ့သွားနှင့် ကိုက်လို့တို၊
မချိုတောင့်လိပ်ဆေး။
ပိုးမကူ ဝါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်။
ငယ်ချစ်မောင် ရွှေဝသွားကို၊
ပါးလိုက်ကဲ့လေး။
မယ်ခွေရဲ့ မာစတာ ပိစ်လေးပါ။
အရင်က ကဗျာလေးတွေ အရမ်းကြိုက်လို့ လိုက်ဖတ်ပြီးတင်နေပါတယ်။
စကားပြေရေးဖို့တော့ အိမ်စာပေးလိုက်မယ်နော်။ း) အဟွတ် အဟွတ်
6 comments:
ကဗျာလေးဖတ်ရတာ မျက်လုံးထဲ မြင်လာ အောင် ကောင်းတယ်ဗျာ ဂွတ်ရှယ်ပဲ .... :)
ကဗျာလေးမိုက်စ်တယ်။
ဆလိုက်ရှိုးလေးလဲ အားပေးသွားတယ်။ ပျော်စရာကြီးပါလားနော်။
ဖင်ဆီခံ အဖြူရောင်လေးပါလ
ရှိန်းတိမ်းတိမ်းလိပ်ဆေး
တရားဝင်တက်စ်ဆောင်ပြီးတယ်နှင့်
မယ်ခွေရယ် ဝယ်ပေးပါ
viceroy တစ်ဘူးလောက် :)
မယ်ခွေရဲ့ ကဗျာလေး ပြန်လည်ခံစားသွားတယ်နော့
မယ်ခွေရဲ့ ကဗျာလေး ပြန်လည်ခံစားသွားတယ်နော့
Well... I miss my school days after I have read the poems.
Post a Comment