Monday, February 21, 2011

ပညာနှင့် မာန

စာတွေ အရမ်းဖတ် အသိပညာတွေ တတ်လာတဲ့အခါ အဟန့်အတားဖြစ်စေတဲ့ မာနက ဝင်လာတတ်တယ်။ မာနဝင်လာပြီဆိုရင်တော့ နောက်တဆင့်တက်ဖို့ခက်မယ်။ အကုသိုလ်တွေလည်း ဖြစ်လာလိမ့်မယ်။ ဥပမာ - ဘယ်ဘုန်းကြီးက ဘယ်လိုတရားပဲဟောတာပါကွာ ငါက လက်တွေ့ကျင့်ထားပါတယ်။ ဘယ်ဆရာက ဘယ်လိုပါ အတွေးအခေါ်တွေ ဒိတ်အောက်နေပါပြီ၊ ငါက စာတွေပိုဖတ် နိုင်ငံတကာ အတွေ့အကြုံတွေ ပိုရှိပါတယ် စတဲ့ မဖြစ်သင့်တဲ့ အတွေးတွေ အပြောအဆိုတွေ ဖြစ်လာတတ်တယ်။ ဒါ့အပြင် ဖြူစင်မြင့်မြတ်တဲ့ အရိယာ အနွယ်ဝင်တွေဟာ နိဗာန်ကို မျက်မှောက် မပြုသေးခင်ကာလ ဒီလောကကြီးမှာပဲ ကျင်လည်အားထုတ်နေကြတာပါ။ ဘယ်သူတွေက ဘယ်လို ဉာဏ်စဉ်တွေရှိမယ် ဘယ်လောက်ဖြူစင်မယ်၊ ဘယ်လောက်သိမ်မွေ့မြင့်မြတ်တယ် ဆိုတာ ရိုးရိုးမျက်စိနဲ့ ကြည့်လို့မမြင်နိုင်လို့ အထက်ကလို ပြစ်မှားမှုတွေ ဖြစ်လာမယ်ဆိုရင် အင်မတန်ကြောက်စရာကောင်းတဲ့ အပြစ်တွေ ဖြစ်လာလိမ့်မယ်။ အဲဒီ မာနဟာ ခင်ပွန်းကြီး ဆယ်ပါးကိုတောင် ပြစ်မှားစေနိုင်ပါတယ်။ ပညာမာန ကင်းရှင်းနိုင်ကြပါစေ။ မည်သူ့ကိုမဆို အထင်မကြီး အထင်လည်းမသေးဘဲ ဗြဟ္မစိုဟ် တရား ၄ ပါးနဲ့ ဆက်ဆံနိုင်ကြပါစေ။

Friday, February 11, 2011

မိုးကသည်း ထီးကမပါ

ရုံးဆင်းချိန်ခါ ပြန်ချင်သော်လည်း
မိုးကမစဲ တသဲသဲနှင့်
ဗြဲဗြဲငိုဟန် သူ့အသံကို
မကြားချင်မိ နားမချိပြီ

နာရီကိုကြည့် ဝမ်းနည်းမိသည်
ဘာလုပ်မလဲ စဉ်းစားမသိ
ရုံးခန်းထဲကြည့် ကိုယ်တည်းရှိသည်
ကျွန်တော် ငုတ်တုတ်ပါတကား။

Monday, February 7, 2011

ခွင့်သာခိုက်တွင်မှ

ခွင့်သာခိုက်တွင်မှ


ခွင့်သာခိုက်တွင်မှ မလိုက်ချင်လျင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာခိုက်တွင်မှ မရုန်းချင်လျင်
အရှူံးနင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာခိုက်တွင်မှ မခဲချင်လျင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

လယ်တီဆရာတော်ဘုရားကြီး

Getting a Chance


You don't go by the time getting a chance
What else will be there other than a foolery for you?

You don't try vigorously by the time getting a chance
What else will be there other than a lose for you?

You don't try to keep your utmost effort by the time getting a chance
What else will be there other than a miss for you?

Translated [the Burmese version of admonishment "Khwint Thar Khite Twin Hma" written by Venerable Monk Ledi]. Please don't mind the mistakes and everyone is welcome to suggest the better words to describe.