စာတွေ အရမ်းဖတ် အသိပညာတွေ တတ်လာတဲ့အခါ အဟန့်အတားဖြစ်စေတဲ့ မာနက ဝင်လာတတ်တယ်။ မာနဝင်လာပြီဆိုရင်တော့ နောက်တဆင့်တက်ဖို့ခက်မယ်။ အကုသိုလ်တွေလည်း ဖြစ်လာလိမ့်မယ်။ ဥပမာ - ဘယ်ဘုန်းကြီးက ဘယ်လိုတရားပဲဟောတာပါကွာ ငါက လက်တွေ့ကျင့်ထားပါတယ်။ ဘယ်ဆရာက ဘယ်လိုပါ အတွေးအခေါ်တွေ ဒိတ်အောက်နေပါပြီ၊ ငါက စာတွေပိုဖတ် နိုင်ငံတကာ အတွေ့အကြုံတွေ ပိုရှိပါတယ် စတဲ့ မဖြစ်သင့်တဲ့ အတွေးတွေ အပြောအဆိုတွေ ဖြစ်လာတတ်တယ်။ ဒါ့အပြင် ဖြူစင်မြင့်မြတ်တဲ့ အရိယာ အနွယ်ဝင်တွေဟာ နိဗာန်ကို မျက်မှောက် မပြုသေးခင်ကာလ ဒီလောကကြီးမှာပဲ ကျင်လည်အားထုတ်နေကြတာပါ။ ဘယ်သူတွေက ဘယ်လို ဉာဏ်စဉ်တွေရှိမယ် ဘယ်လောက်ဖြူစင်မယ်၊ ဘယ်လောက်သိမ်မွေ့မြင့်မြတ်တယ် ဆိုတာ ရိုးရိုးမျက်စိနဲ့ ကြည့်လို့မမြင်နိုင်လို့ အထက်ကလို ပြစ်မှားမှုတွေ ဖြစ်လာမယ်ဆိုရင် အင်မတန်ကြောက်စရာကောင်းတဲ့ အပြစ်တွေ ဖြစ်လာလိမ့်မယ်။ အဲဒီ မာနဟာ ခင်ပွန်းကြီး ဆယ်ပါးကိုတောင် ပြစ်မှားစေနိုင်ပါတယ်။ ပညာမာန ကင်းရှင်းနိုင်ကြပါစေ။ မည်သူ့ကိုမဆို အထင်မကြီး အထင်လည်းမသေးဘဲ ဗြဟ္မစိုဟ် တရား ၄ ပါးနဲ့ ဆက်ဆံနိုင်ကြပါစေ။
ကျွန်တော် လေးတန်းပြီးသွားတော့ ငါးတန်းရောက်တဲ့အခါ ကျွန်းတောလမ်းပေါ်က အ.လ.က (၃) လို့ခေါ်တဲ့ နှစ်ထပ်ကျောင်းဆောင်လေးကိုပြောင်းတက်ရတယ်။ ဖေကြီးက အဲဒီကျောင်းက ကျောင်းသားဟောင်းကိုး။ အရင်တုန်းကတော့ အဲဒီကျောင်းကို အလကား ၃ လို့ခေါ်ကြတဲ့အထိ နာမည်ဆိုးခဲ့တဲ့ကျောင်းလေးပေါ့။ ကျွန်တော် မတက်ရခင် နှစ်အနည်းငယ်ကမှ နာမည်ပြန်ကောင်းလာလို့ အဲဒီကျောင်းကို ဖေကြီးက ပို့လိုက်တယ်။ ကျောင်းတက်တဲ့အချိန် နှစ်တိုင်းထူးခြားတာတစ်ခုရှိတယ်။ စတက်တဲ့နေ့တိုင်း မိုးရွာတာပဲ။ ကျောင်းစတက်တဲ့နေ့ စာစီစာကုံးရေးမယ်ဆို ကျွန်တော့်စာပိုဒ်တွေမှာ စိုရွှဲလို့။ မိုးနံ့တောင် သင်းနေရော။ ပြောင်လက်နေတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီ အစိမ်းရောင် တောက်တောက်လေးတွေ ကလည်း မိုးစက်လေးတွေနဲ့ ပဏံသင့်လို့။ နောက်မိုးကာအကြည်လေးတွေ၊ အရောင်လေးစုံလေးတွေ ကိုယ်စီနဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ မိဘတွေနဲ့ အတူ အားလုံး ကျောင်းတံခါးကြီး ဖွင့်ချိန်ကို မျှော်တလင့်လင့်နဲ့ စောင့်နေလေရဲ့။ `ကလောင်´ ..... `ကလောင်´ ...... `ကလောင်´ ကျောင်းခေါင်းလောင်းထိုးပြီ။ အေးစက်နေတဲ့ ခေါင်းလေးတွေ ထောင်သွားတယ်။ ဗွက်တွေဆော့ ထားတဲ့ ခြေထောက်လေးတွေ လှုပ်ရှားလာတယ်။ ဟော... ဆီမထည့်ရသေးတဲ့ ကျောင်းတံခါးကြီး တစ...
Comments
သာယာချမ်းမြေ့ပါစေရှင်း
မိုး