ရောင့်ရဲခြင်း ရောင့်ရဲခြင်းနဲ့ ပျင်းရိခြင်းဆိုတာ ရောထွေးနေတတ်ကြတဲ့ တရားနှစ်ခုပါပဲ။ ဥပမာ - ရောင့်ရဲခြင်းဆိုတာ ဈေးကြီးပြီး လုပ်ဆောင်ချက်ကောင်းတဲ့ ကွန်ပျူတာ မဝယ်နိုင်သေးတဲ့အချိန်မှာ ရှိပြီးသား ၄ နှစ် ၅ နှစ်သက်တမ်းရှိတဲ့ ကွန်ပျူတာအဟောင်းလေးနဲ့ သုံးနေပြီး ဝယ်ချင်တာလေး ဝယ်နိုင်ဖို့ စုစုဆောင်းဆောင်းလေးနဲ့ ချင့်ချိန်သုံးစွဲနေခြင်းဖြစ်ပြီး ပျင်းရိခြင်းကတော့ လိုချင်ပေမယ့် ရအောင်လုပ်ဆောင်မှုမရှိဘဲ ဆင်ခြေတွေပေးနေခြင်း ဖြစ်ပါတယ်။ ရအောင်လုပ်ဆောင်ခြင်း မရှိခြင်းကြောင့် ရဖို့ရာ အခွင့်အလမ်းက သုညပေါ့။ အဆုံးမှာတော့ အဲဒီ ပျင်းရိခြင်းကို ပျင်းရိသူတွေက ရောင့်ရဲတယ်လို့ မှားယွင်းစွာ နာမည်တတ်လိုက်ကြတယ်။ ဒါကိုလည်း စဉ်းစားဆင်ခြင်မှု မရှိသူ/မပြုသူတွေက ဒါဟာ ရောင့်ရဲခြင်းဘဲလို့ အမှားကို အမှန် ထင်တတ်ကြတယ်။ အလားတူစွာပဲ ရောင့်ရဲခြင်းနဲ့ ရှာဖွေလိုစိတ်မရှိခြင်းစတဲ့ သီးခြားစီရှိနေတဲ့ တရားနှစ်ခုကိုကိုလည်း ရောထွေးနေတတ်ကြပါတယ်။ လူအများကို ကူညီချင်လို့ဖြစ်စေ၊ မိမိကိုယ်ကို ကူညီချင်လို့ဖြစ်စေ စီးပွားဥစ္စာ၊ ပညာတွေကို ရှာဖွေခြင်းအမှုကို ပြုနေကြရပါတယ်။ အဲဒီအခါမှာ အားကြိုးမာန်တက် ရှာဖွေလိုတဲ့သူနဲ့ သက်သက်သာသာ ရှာဖွေလိုသူရယ်လို့ ကွ...