ဒေါသက သာမန်အသိဥာဏ်ကို ကန်းသွားစေတယ်။ သမိုင်းဝင်ဘေးဒုက္ခဆိုးကြီးတွေကျရောက်မှု အတော်များများကို တကယ်တမ်း ရှောင်ကွင်းမယ်ဆို ရှောင်ကွင်းလို့ရတာပေါ့ကွယ်။ ဒေါသထွက်နေတဲ့ အခိုက်အတန့်အတွင်း လှုပ်ရှားလုပ်ဆောင်မှုတွေက ပြန်ပြင်လို့မရလောက်တဲ့ ဆုံးရှုံးပျက်စီးမှုတွေကို ဖြစ်ပေါ်စေတာပေါ့။
ကျွန်တော် လေးတန်းပြီးသွားတော့ ငါးတန်းရောက်တဲ့အခါ ကျွန်းတောလမ်းပေါ်က အ.လ.က (၃) လို့ခေါ်တဲ့ နှစ်ထပ်ကျောင်းဆောင်လေးကိုပြောင်းတက်ရတယ်။ ဖေကြီးက အဲဒီကျောင်းက ကျောင်းသားဟောင်းကိုး။ အရင်တုန်းကတော့ အဲဒီကျောင်းကို အလကား ၃ လို့ခေါ်ကြတဲ့အထိ နာမည်ဆိုးခဲ့တဲ့ကျောင်းလေးပေါ့။ ကျွန်တော် မတက်ရခင် နှစ်အနည်းငယ်ကမှ နာမည်ပြန်ကောင်းလာလို့ အဲဒီကျောင်းကို ဖေကြီးက ပို့လိုက်တယ်။ ကျောင်းတက်တဲ့အချိန် နှစ်တိုင်းထူးခြားတာတစ်ခုရှိတယ်။ စတက်တဲ့နေ့တိုင်း မိုးရွာတာပဲ။ ကျောင်းစတက်တဲ့နေ့ စာစီစာကုံးရေးမယ်ဆို ကျွန်တော့်စာပိုဒ်တွေမှာ စိုရွှဲလို့။ မိုးနံ့တောင် သင်းနေရော။ ပြောင်လက်နေတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီ အစိမ်းရောင် တောက်တောက်လေးတွေ ကလည်း မိုးစက်လေးတွေနဲ့ ပဏံသင့်လို့။ နောက်မိုးကာအကြည်လေးတွေ၊ အရောင်လေးစုံလေးတွေ ကိုယ်စီနဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ မိဘတွေနဲ့ အတူ အားလုံး ကျောင်းတံခါးကြီး ဖွင့်ချိန်ကို မျှော်တလင့်လင့်နဲ့ စောင့်နေလေရဲ့။ `ကလောင်´ ..... `ကလောင်´ ...... `ကလောင်´ ကျောင်းခေါင်းလောင်းထိုးပြီ။ အေးစက်နေတဲ့ ခေါင်းလေးတွေ ထောင်သွားတယ်။ ဗွက်တွေဆော့ ထားတဲ့ ခြေထောက်လေးတွေ လှုပ်ရှားလာတယ်။ ဟော... ဆီမထည့်ရသေးတဲ့ ကျောင်းတံခါးကြီး တစ...
Comments
ငါတော့ အကြော်ခံရဖို့ နီးနေပြီ :D
ဘ၀တက်လမ်းကို ပိတ်ပင်တားဆီးတတ်တာ၊ စိတ်ရဲ့ချမ်းသာသုခကို ဖျက်ဆီးတတ်တာတွေကြောင့် သူ့ကို ဆောင်မထားတတ်ဘူး။ဒါပေမဲ့ တခါတလေတော့ ကိုယ့်ဆီ ပြေးလာလည်တတ်တယ်။
ဟိုကြောင်ကလေး..... ဒေါသက ဒယ်အိုးဆို ကြော်တဲ့ဆီနဲ့ မီးက ဘာတုန်းဗျ။
မီးကတော့ မီးခိုးမမွှန်အောင် လျှပ်စစ်မီးပဲသုံးကြတာပေါ့ :P:P
လူပဲ...ဒေါသတော့ထွက်မှာပေါ့... ကိုယ့်ကိုယ်တော့ မတားချင်ပါဘူး.. ဒါမဲ့ ထိန်းနိုင်အောင်ပဲ အရင် အတတ်နိုင်ဆုံး ကြိုးစားကြတာပေါ့ကွယ်... :)
ကိုယ့်ဆီလဲ ဒေါသမကျရောက်စေအောင် ကြိုးစားသလို သူများဆီကိုလဲ ဒေါသတွေဖြစ်အောင် မလုပ်မိအောင်နေ... ဒါလဲ ဘဝနေထိုင်နည်းပဲ... :D:D တာ့တာ... တွားဘီ
မကောင်းမှန်းသိရက်နဲ့ လုပ်တာ လူမိုက်ကွဲ့။