Skip to main content

မမေ့သင့်တဲ့ တရားပွဲ

၂၄ ရက် ဇန်န၀ါရီလ ၂၀၀၉ (စနေနေ့) ညနေ ၆ နာရီခွဲ  
ကိုးကားရေးသားသူ - သက်နိုင်ထွန်း

ဒီနေ့တရားပွဲမှာ မြင်းခြံဆရာတော် ကြွလာပြီးတရားချီးမြှင့်တယ်။ တရားကတော့ အောင်မြင်ကြီးပွားတိုးတက်ရခြင်း 
အကြောင်းတရား(၆)ပါးပါတဲ့။ လာတဲ့လူတွေလည်း မမေ့အောင်၊ မလာတဲ့လူတွေလည်း ညီတူမျှတူ ရရှိအောင် မှတ်မိသလောက်ပြန်ရေးလိုက်မယ်။ 

၁။ ကျန်းမာရေး

ကိုယ်ကျန်းမာရေး နှင့် စိတ်ကျန်းမာရေး နှစ်မျိုးပါဝင်တယ်။

က) ကိုယ်ကျန်းမာရေးအတွက်ကတော့ အစားအသောက်ကို - တည့်တာစား၊ မလွန်စေနဲ့ သင့်တင့်မျှတရုံစား၊  ကျေညက်အောင် ၀ါးစားပါတဲ့။ အဲဒီနည်းလမ်းတွေက တိပိဋကဘွဲ့ယူဘို့အသွား မကွေးက ရာပြည့်ဆရာတော်နှင့် ဆုံလို့ ရလိုက်တာပါတဲ့။

ခ) စိတ်ကျန်းမာရေးအတွက်ကတော့ ကိလေသာ (လောဘ၊ ဒေါသ၊ မောဟ၊ မနာလို၊ ၀န်တိုမှု) တွေကို လျော့ပါးစေဘို့ သတိ နဲ့နေပါတဲ့။

၂။ ကိုယ်ကျင့်တရား (၀ါ) သီလ

ကိုယ်ကျင့်တရားကောင်းမွန်ဘို့ ကလည်းအရေးအကြီးဆုံးပါဘဲ။ ဘာလို့ဆိုတော့ လူ့တန်ဖိုးကို ပညာ နဲ့ ကိုယ်ကျင့်သီလ အကြောင်းနှစ်ခုအပေါ်မူတည်ပြီး အကဲဖြတ်လို့ပါ။  ကောင်းမြတ်တဲ့အကျင့်ဆိုရင် - ငါးပါးသီလ နဲ့ ကမ္ဘာကြီးမှာနေတဲ့အတွက် သူကျင့်သုံးတဲ့ လောကနီတိပေါ့။ ဥပမာအနေနဲ့ တိုးတက်တဲ့နိုင်ငံတွေ ဘာကြောင့်တိုးတက်လဲဆို အားလုံးအမြင် ကိုယ်ကျင့်သီလ ကောင်းတဲ့အတွက်ကြောင့်ပေါ့။ သူတို့မှာ ကောင်းမွန်တဲ့အကျင့်တွေရှိတယ်၊ လူတွေကလည်း လိုက်နာတယ်။ ကျန်တာအသာထား.. လက်ကိုင်ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေ ကျန်ခဲ့ရင်တောင် အနီဆုံး MRT station (အမြန်ရထား ဘူတာ) မှာအပ်နှံကြတယ်။ အငှားကားဆရာတွေဆိုလည်း အဲဒီလိုအပ်တယ်၊ ပြန်ဆက်သွယ်ပြီး ပြန်ပေးတယ်။ လူတစ်ဦးတစ်ယောက်ကို ဖျက်ဆီးပစ်ချင်ပြီဆိုရင် စီးပွားဥစ္စာတွေ၊ တစ်ခြားအကြောင်းအရာတွေကို ဖျက်လို့ ဘာမှမဖြစ်ဘူး၊ ကိုယ်ကျင့်တရား ကိုသာဖျက်လိုက်၊ အဲဒီလူ ပျက်ကရောတဲ့။

၃။ ပညာရှိစကားနားထောင်ခြင်း

ဒီတစ်ခုလည်း အားလုံးသိပြီးသား တရားပါပဲ။ ဘာလို့လဲဆို ပညာအားလုံးကို ကိုယ်တစ်ယောက်တည်း အကုန်ဘယ်တတ်မလဲ၊ အဲဒီတော့ ဆိုင်ရာပညာတွေကို ဆိုင်တဲ့ပညာရှင်တွေဆီက နားထောင်ကျင့်သုံးရမှာပေါ့။  ဒီတစ်ချက်ကိုလိုက်နာတဲ့ နိုင်ငံ၊ လူတစ်ဦးတစ်ယောက်ဟာ တိုးတက်မှာ အသေအချာပဲပေါ့။

၎။ ပညာရှိခြင်း၊ အကြားအမြင် ဗဟုသုတများခြင်း

ဥပမာအနေနဲ့ ဆရာတော်က ဘယ်သူမှပြင်မရတဲ့စက်ကြီးကို တူသုံးလေးချက်ခေါက်လိုက်ပြီး ပြန်ကောင်းအောင်လုပ်လိုက်တဲ့ စက်ပြင်ဆရာကြီးရဲ့ ပညာကြေးတောင်းပုံကိုပေးထားတယ်။
ကျွန်တော်ထင်မိတာလဲဒီလိုပါ- ကျွန်တော်တို့တွေ့မြင်နေကြရတယ် - လူငယ်ချင်းအတူတူတောင် ဘာလို့ တစ်ချို့တစ်ချိုတွေက အရမ်းထူးချွန်၊ အခွင့်အရေးတွေ ပိုရကြသလဲ။ အဖြေက ဒီအချက်ပဲပေါ့။ ကျွန်တော်လည်းရန်ကုန်မှာနေတုန်း  နောက်ပိုင်းသိလာရတာက  ကောင်းမွန်တဲ့ စာကြည့်တိုက်တွေ (အမေရိကန်စင်တာ၊ ဘီ.စီ၊ ဂျပန်အင်ဂျီအို၊ ...) မှာတွေ့တဲ့လူငယ်တွေ၊ လူကြီးတွေ နဲ့ လမ်းပေါ်မှာ၊ ရပ်ကွက်ထဲမှာ၊ လမ်းဘေးကဆိုင်တွေမှာ တွေ့တဲ့လူတွေ ကိုယ်စီသွားလာလှုပ်ရှားနေတယ် ရှာဖွေတွေ့ရှိနေကြတယ် သိပ်မသိသာပါဘူး၊ ဒါပေမယ့် ရလဒ်ပိုင်းကွာဟမှုကတော့ အရမ်းကြီးမားသွားတယ်။ (အားလုံးရနေကြပါတယ် ဒါပေမယ့် ပိုကောင်းတဲ့ ရလဒ် ရချင်ရင် ပိုကောင်းတဲ့ နည်းလမ်းကိုလိုက်ရမှာပေါ့။)

၅။ ကောင်းမြတ်သောအကျင့်၊ သူတော်ကောင်းများထံမှ ရရှိသောတရား

ဒီအချက်ကတော့ ကျွန်တော်တို့နေ့စဉ်လှုပ်ရှားလုပ်ကိုင်နေရင်း မေ့လျော့မှုတွေ၊ တွေဝေမှုတွေ ဖြစ်ပေါ်လာတဲ့အချိန် ဒီလိုတရားလေးတွေကို နာယူလိုက်ရဖို့ အလွန်အရေးကြီးတယ်လို့ ထင်ပါတယ်။ မဟုတ်ရင် ကျွန်တော်တို့ကို တံလျှပ်တွေက လမ်းကြောင်းမှန်ပေါ်ကနေ သွေဖယ်အောင်လုပ်ဖို့ အဆင်သင့်ရှိနေလို့ပါပဲ။

နောက်ဆုံးနဲ့ အရေးအကြီးဆုံးတရားက-

၆။ လုံ့လ (၀ါ) ကြိုးစားအားထုတ်မှု

သိရက်နဲ့ ရလဒ်ကို မမြင်နိုင်လို့ ကျွန်တော်တို့ အချိန်တော်တော်များများ မေ့လျော့၊ လျှော့တွက် နေကြတဲ့တရားပါပဲ။ နေ့စဉ် မမေ့မလျော့ သတိနဲ့ ကြိုစားအားထုတ်မှုကြောင့် အောင်မြင်ချမ်းသာမှုကို ရယူပေးနိုင်တာ အားလုံးသတိပြုမိပြီးသားပါ။ တကယ်ကို လက်တွေ့ကျတဲ့တရားပါ။ တစ်ချို့က ရာထူးကြီးကြီးမားမားရ၊ တစ်ချို့က အမေရိကန်၊ လန်ဒန်၊ စတဲ့ နိုင်ငံကြီးတွေရောက်ရတာဟာ ဒီတရားက အစပြုတာဖြစ်ပါတယ်။ ဆရာတော်က မိန့်တော်မူပါတယ် “ သိကြားမင်းက သူ့သားတော်တွေကို အခုလို တန်ဖိုးကြီးတဲ့စကား သတိပေးဖူးတယ် - လောကကြီးမှာ လုံ့လစိုက်ထုတ်မှု မပြုရဘဲ လောကချမ်းသာ ရရှိနိုင်မယ့်နေရာများရှိရင် အဲဒီ့နေရာကို မင်းတို့လည်း အရောက်သွားကြပါ၊ ငါ့ကိုလည်းပို့ပေးကြပါ ” တဲ့။

အဲဒီနောက် ဆရာတော်က မိန့်တော်မူပါတယ် “ လူတွေက ပြောကြတယ်၊ ကံမကောင်းဘူး၊ ကံမကောင်းဘူးနဲ့၊ ဒါပေမယ့် သူတို့ကြည့်ရင် အားထုတ်မှုမှ မရှိဘဲ၊ အားထုတ်မှု မရှိဘဲ ကံကအလိုလိုတော့ကောင်းမလာဘူး ”။ 

အခွင့်အရေးတွေကို မမြင်ရပါဘူး ဆိုတဲ့အကြောင်းပြချက်နဲ့ ဒီတရား (၆) ပါး ကိုမေ့လျော့နေကြတဲ့ ကျွန်တော့်နိုင်ငံက လူငယ်တွေ၊ လူကြီးတွေ ဒီစာလေးကနေ သိမြင်ပြီးကျင့်သုံးနိုင်ကြပါစေ။

နောက်ဆုံးမှာတော့ မြတ်စွာဘုရားရဲ့ ဒါန၊ သီလ၊ ဘာဝနာ ပါရမီတွေကို ရည်သန်ပြီး ရေစက်ချ အမျှပေးဝေပြီး တရားပွဲ အောင်မြင်စွာ ပြီးဆုံးသွားပါတယ်။ အားလုံးလည်း အမျှ၊ အမျှ၊ အမျှ ရကြ၍ သာဓုခေါ်ဆိုနိုင်ကြပါစေသော ၀် . . . . . . . . 

Comments

yin lay said…
လာလည်သွားပါတယ်။ blogလေး ဆက်လက်တိုးတက် အောင်မြင်ပါစေ။
chocothazin said…
သူငယ်ချင်း...
လေ့လာမှတ်သားသွားပါတယ်

Popular posts from this blog

ကျောင်းဖွင့်စနေ့

ကျွန်တော် လေးတန်းပြီးသွားတော့ ငါးတန်းရောက်တဲ့အခါ ကျွန်းတောလမ်းပေါ်က အ.လ.က (၃) လို့ခေါ်တဲ့ နှစ်ထပ်ကျောင်းဆောင်လေးကိုပြောင်းတက်ရတယ်။ ဖေကြီးက အဲဒီကျောင်းက ကျောင်းသားဟောင်းကိုး။ အရင်တုန်းကတော့ အဲဒီကျောင်းကို အလကား ၃ လို့ခေါ်ကြတဲ့အထိ နာမည်ဆိုးခဲ့တဲ့ကျောင်းလေးပေါ့။ ကျွန်တော် မတက်ရခင် နှစ်အနည်းငယ်ကမှ နာမည်ပြန်ကောင်းလာလို့ အဲဒီကျောင်းကို ဖေကြီးက ပို့လိုက်တယ်။ ကျောင်းတက်တဲ့အချိန် နှစ်တိုင်းထူးခြားတာတစ်ခုရှိတယ်။ စတက်တဲ့နေ့တိုင်း မိုးရွာတာပဲ။ ကျောင်းစတက်တဲ့နေ့ စာစီစာကုံးရေးမယ်ဆို ကျွန်တော့်စာပိုဒ်တွေမှာ စိုရွှဲလို့။ မိုးနံ့တောင် သင်းနေရော။ ပြောင်လက်နေတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီ အစိမ်းရောင် တောက်တောက်လေးတွေ ကလည်း မိုးစက်လေးတွေနဲ့ ပဏံသင့်လို့။ နောက်မိုးကာအကြည်လေးတွေ၊ အရောင်လေးစုံလေးတွေ ကိုယ်စီနဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ မိဘတွေနဲ့ အတူ အားလုံး ကျောင်းတံခါးကြီး ဖွင့်ချိန်ကို မျှော်တလင့်လင့်နဲ့ စောင့်နေလေရဲ့။ `ကလောင်´ ..... `ကလောင်´ ...... `ကလောင်´ ကျောင်းခေါင်းလောင်းထိုးပြီ။ အေးစက်နေတဲ့ ခေါင်းလေးတွေ ထောင်သွားတယ်။ ဗွက်တွေဆော့ ထားတဲ့ ခြေထောက်လေးတွေ လှုပ်ရှားလာတယ်။ ဟော... ဆီမထည့်ရသေးတဲ့ ကျောင်းတံခါးကြီး တစ

A leaf

ခုတလော ဓာတ်ပုံတွေလိုက်ရိုက်နေတယ်။ ဖေ့ဘွတ်လည်း သိပ်မတက်ချင်၊ ဂူဂဲလ်ပလပ်စ်တော့ သုံးပေမယ့် သူငယ်ချင်းတွေက ဖဘမှာချည်းဆိုတော့ မဖြစ်ပြန်။ ဟိုရောက်ဒီရောက်ပေါ့။ ဒီလိုနဲ့ပဲ ဘလော့ဒေးနေ့က မဇွန်ရဲ့စာတို့ တခြားစာတွေ ဖတ်ဖြစ်တော့လည်း ဘလော့ကို ပြန်လာချင်လာပြန်ရော။ ဒါနဲ့ စည်စည်ကားကားလေးဖြစ်အောင်လို့ နီးစပ်ရာကို ပုံလေးတပုံပေးပြီး အက်ဆေး ဒါမှမဟုတ် ကဗျာလေး ဇွတ်ရေးခိုင်းလိုက်တယ်။ တော်တော်များများ ရေးပေးကြပါတယ်။း) သူတို့နဲ့ ကျွန်တော့်ကဗျာလေးကို ဒီမှာ တင်ဖြစ်သွားတယ်။ ကဗျာလေးကတော့- A Leaf Being grateful to meet with a droplet,  Life's not simple and easy all the time though. Fortifying and surviving from the teases  Of people and insects. With the help of the droplets and the mother soil,  To its best, A Leaf is giving the beauty to the Earth. သစ်ရွက်ကလေး ရေစက်လေးနဲ့ တွေ့နေရရင် ဘ၀ကြီးကအဆင်ပြေနေပြီ။ ကြာကြာနေရလောက်အောင်တော့လည်း ဘ၀ကြီးက လွယ်ကူ ရိုးရှင်းခြင်းမရှိခဲ့ဘူး။ တုတ်တွေ လက်တွေရဲ့ တွန်းထိုးဝှေ့ခြင်း ပိုးကောင်တွေရဲ့ ထိုးဖောက်လှိုက်စားခြင်းတွေအောက် လူးလှိမ့် တွ

ဆေးလိပ်လက်ဆောင်

မဝယ်ဘူး မယ်ခူးတဲ့ ဖက်စို၊ မီးမကူ နေပူမှာ မကင်အားလို့၊ ထားရတယ် အိပ်ရာအောက်မှာ၊ မင်းသောက်ဖို့ကို။ ညှာအနား ရှေ့သွားနှင့် ကိုက်လို့တို၊ မချိုတောင့်လိပ်ဆေး။ ပိုးမကူ ဝါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်။ ငယ်ချစ်မောင် ရွှေဝသွားကို၊ ပါးလိုက်ကဲ့လေး။ မယ်ခွေရဲ့ မာစတာ ပိစ်လေးပါ။ အရင်က ကဗျာလေးတွေ အရမ်းကြိုက်လို့ လိုက်ဖတ်ပြီးတင်နေပါတယ်။ စကားပြေရေးဖို့တော့ အိမ်စာပေးလိုက်မယ်နော်။ း) အဟွတ် အဟွတ်