Posts

Showing posts with the label Dhamma

သူတို့ကြောင့် (နှလုံးသွင်းမှန်ကြပါစေ)

ဘုန်းတော်၊ ဉာဏ်တော်ကြီးမားတော်မူသော မြတ်စွားဘုရားကို ရှိခိုးပူဇော်ပါ၏။ ၂၆ ရက်၊ စက်တင်ဘာလ၊ ၂၀၀၉ ခုနှစ် (စနေနေ့) မနေ့က တိုပါးရိုးဘုန်းကြီးကျောင်းကိုသွားတော့ တရားပွဲမှီလိုက်တယ်။ တရားက ဘာလဲဆို လူတွေ စိတ်ချမ်းသာချင် ကြတယ်။ ဒါပေမယ့် စိတ်မချမ်းသာကြရဘူး။ မိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်ကြတယ်။ ဒါပေမယ့် မပျော်ကြရပြန်ဘူး။ ဘာလို့ပါလဲတဲ့။ မနာလိုခြင်း နဲ့ ဝန်တိုခြင်းကြောင့်ပါတဲ့။ မနာလိုခြင်းဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ကောင်းစားသွားတာ၊ အဆင်ပြေသွားမှာ ကြည့်လို့မရ၊ မခံနိုင်ကြတာဖြစ်ပါတယ်။ များသောအားဖြင့် ရုပ်ဝတ္ထု ပစ္စည်းတွေကြောင့် သံယောဇဉ်တွေ ကြောင့်ဖြစ်ပါတယ်။ (လူမျိုးတူချင်းတွေ တစ်ယောက်နဲ့တစ်ယောက် အောင်မြင်သွားမှာ မဖြစ်စေလိုဘူးဆိုတော့ အဲဒီလူမျိုး အောင်မြင်ဖို့ ဘယ်တော့မှ မဖြစ်နိုင်ဘူးမြင်ပါတယ်။) တစ်ယောက်နဲ့ တစ်ယောက် လုပ်ဖော်ကိုင်ဖက်တွေ သူငယ်ချင်းတွေ တွန်းလိုက်တိုက်လိုက် ဘာကြောင့်လုပ်လဲဆို အဲဒီ့ မနာလိုခြင်းကြောင့်ဖြစ်ပါတယ်တဲ့။ (မှန်ပါတယ်၊ တရားတွေ မေ့ ပစ်လိုက်ကြတဲ့ သေးသိမ်တဲ့ သူတွေလို့ပဲပြောချင်ပါတယ်။) နောက်တစ်ခုဖြစ်တဲ့ ဝန်တိုခြင်းကတော့ ကိုယ့်ထက်သာသွားမှာစိုးပြီး ကိုယ့်မှာရှိတာကို မဝေမျှချင်တာပါ။ ...

ဥပုသ်

မနက်ဖြန် Wed. day ဥပုသ်နေ့ မှာ တတ်နိုင်သူတွေ ကိုးပါးမရလည်း ရှစ်ပါး (မွန်းလွဲညစာ စားခြင်းမှတပါး) ဆောက်တည်လို့ရနိုင်ပါကြောင်း သောတာပန် မိတ်ဆွေများကို ဖိတ်ခေါ်လိုက်ရပါတယ်။

မင်္ဂလသူတ်

၁။ယံ မင်္ဂလံ ဒွါဒသ ဟိ၊ စိန္တယိံ သု သဒေ၀ကာ၊ သောတ္ထာနံ နာဓိ ဂစ္ဆန္တိ၊ အဋ္ဌတ္တိံ သဉ္စ မင်္ဂလံ။ ၂။ဒေသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပ၀ိနာသနံ။ သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံ ပဏာမ ဟေ။ ၃။ ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ၊ ၀ိဟရတိ ဇေတ၀နေ၊ အနာထပိဏ္ဍိကဿ အာရာမေ။ အထခေါ အညတရာ ဒေ၀တော အဘိက္ကန္တ၀ဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ ယေန ဘဂ၀ါ၊ တေနုပသင်္ကိမ။ ဥပသင်္ကိမတွာ ဘဂ၀န္တံ - အဘိဝါဒေတွာ။ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဋ္ဌိထာ ခေါ သာ ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။ ၄။ဗဟူ ဒေ၀ါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။ အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။ ၅။ အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။ ၆။ ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတ ပုညတာ။ အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။ ၇။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယောစ သုကိက္ခိတော။ သုဘာသိတာ စ ယာ ၀ါစာ။ ဧတံ မင်္ဂလ မုတ္တမံ။ ၈။ မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။ အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။ ၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။ အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။ ၁၀။ အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။ အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။ ၁၁။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။ ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။ ၁၂။ခန...

Dar Ra Na Paratta

ဓာရဏ ပရိတ် နမော တဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ ၁။ ဗုဒ္ဓါနံ ဇီသိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။ ဗုဒ္ဓါနံ သဗ္ဗညုတညာဏဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။ ဗုဒ္ဓါနံ အဘိဟဋာနံ စတုန္နံ့ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။ ဗုဒ္ဓါနံ အသီတိယာနုဗျဉ္ဇ နာနံ ဗျာမပ္ပဘာယ ၀ါ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။ ၂။ ဣမေသံ စတုန္နံ့ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာမေ ဟောတု။ အတိတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋ္ဋိဟတံ ဥာဏံ၊ အနာဂံတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋ္ဋိဟတံ ဥာဏံ ၊ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋ္ဋိဟတံ ဥာဏံ။ ၃။ ဣမိဟိ တိဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော သဗ္ဗံကာယကမ္မံ ဥာဏပုဗ္ဗင်္ဂမံ ဥာဏာနု ပရိဝတ္တံ သဗ္ဗံဝစီကမ္မံ ဥာဏပုဗ္ဗင်္ဂမံ ဥာဏာနု ပရိဝတ္တံ သဗ္ဗံမနောကမ္မံ ဥာဏပုဗ္ဗင်္ဂမံ ဥာဏာနု ပရိဝတ္တံ။ ၄။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ၀ိရိယဿ ဟာနိ၊ နတ္ထိ ၀ိပဿနာယ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ၀ိမုတ္တိယာ ဟာနိ။ ၅။ ဣမေဟိ ဒွါဒဿဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဒ၀ါ၊ နတ္ထိ ရ၀ါ၊ နတ္ထိ အဖုဋ္ဋံ၊ နတ္ထိ ဝေဂါယိဝတ္တံ ၊ နတ္ထိ အဗျာဝဋ္ဋမနော၊ နတ္ထိ အပ္ပဋ္ဋိသင်္ခါ နုပက္ခာ ၊ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော၊ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။ ၆။ နတ္ထိ တထာဂတဿ ကာယဒု...

Full moon day of Warso (06.07.09)

Today is the Full moon day of War So. There will be Penan Sayardaw's Dhamma Summon at 7 0' clock at Toa Payoh followed by Dhamma satkyar sutta citing. Let's maintain the (Five/Eight/Nine) Precepts that you can afford. Thar du Thar du Thar du. updated: There won't be Dhamma Satkyar Reciting on coming Saturday (11.07.09)

မာဂဏ္ဍိယသုတ် (အာရမ္မဏပစ္စည်း)

တစ်ခါက ဗြဟ္မဏအယူရှိတဲ့ မာဂဏ္ဍိ ဆိုတဲ့ ပဏ္ဍိတ် တစ်ယောက် မြတ်စွာဘုရားနဲ့တွေ့ကြတယ်။ တွေ့တော့ ဗြဟ္မဏတို့ အယူအတိုင်း ရူပါရုံ ဆိုလည်း ကြည့်ရမယ်၊ သဒ္ဒါရုံဆိုလည်း နားထောင်ရမယ်၊ ဒါမှ တိုးတက်မှာပေါ့၊ ကြီးကျယ်မှာပေါ့ လို့ ဆိုတယ်၊ ရှင်ဂေါတမကတော့ ဒါတွေကို မလိုက်စားရဘူးဆိုတော့ လောကကြီးကို ဖျက်ဆီးနေတာပဲ လို့ပြောတယ်။ ဒါနဲ့ ဗုဒ္ဓမြတ်စွာက ``စက္ခုံ ခေါ မာဂဏ္ဍိယ ရူပါရာမံ ရူပရတံ ရူပသမ္မုဒိတံ´´ မာဂဏ္ဍီ-စက္ခုပသာဒဆိုတာ ရူပါရုံကို အင်မတန်နှစ်သက်တယ်၊ စက္ခုပသာဒက ရူပါရုံ ရှိမှနေတတ်တယ်၊ ဘယ်လောက်သဘောကျလဲဆို ရန်သူလာတာတောင်မှ ကြည့်နေရမှ ကျေနပ်တယ်၊ မကြည့်ချင်တဲ့သူလာတာတောင် ကြည့်ရမှကျေနပ်တယ်၊ အဲဒီလောက်မွေ့လျော်တယ်။ သောတပသာဒ ကလည်း သဒ္ဒါရုံပေါ်မှာ အင်မတန် မွေ့လျော်တယ်၊ ``ဒါငါ့ကို ဆဲနေပါလား´´ ဒါကိုတောင် နားစိုက်နားထောင်နေတယ်၊ ဆဲနေတာသိတယ် ဒါပေမယ့် နားထောင်လိုက်ရမှ ကျေနပ်တယ်။ သဒ္ဒါရုံကို အဲဒီလောက် မွေ့လျော်တယ်။ ဃာနပသာဒ ကလည်း နှာခေါင်းမှာရှိတဲ့ ပသာဒကလည်း အနံ့ကို ရမှ၊ ``အင်း-နံလိုက်တာ၊ ဟုတ်တယ် တော်တော်နံတာပဲ´´ နံပါတယ်ဆို ရှုချင်သေးတယ်၊ အဲဒီလောက် တပ်မက်တယ်။ အရသာကျပြန်တော့ ``ဟင် မကောင်းလိုက်တာ၊ ဘယ်လိုချက်ထားတာလဲ၊ ငန်လိုက်တာ၊ ပေါ့လိုက်တာ၊ မှန်းစမ်း...

တရားအစစ်

http://rosecottage-and-rosecottage.blogspot.com/2009/06/blog-post_24.html အဲဒီပိုစ်ကို ဖတ်ဖြစ်အောင် ဖတ်လိုက်ကြပါ။ ဒီကလူတွေရော ဟိုကလူတွေရော ဖတ်ပြီး ကျင့်သုံးနိုင်ကြပါစေ။ မိန်းကလေး တော်တော်များများ (ယောက်ျားလေးကတော့ နည်းလိမ့်မယ်ထင်ပါတယ်) ဘာကြောင့် အချင်းချင်း တွန်းလိုက်တိုက်လိုက် လုပ်သလဲ စဉ်းစားလို့မရနိုင်အောင်ပါပဲ။ အဲလိုလုပ်တာ သေချာစဉ်းစားရင် နှစ်ဖက်လုံး ဘာမှမရတာအမှန်ပဲ။ ဖြစ်သင့်တာက အဲလို အချင်းချင်း မလုဘဲ သူဌေးဆီက နှစ်ယောက်လုံးရအောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားသင့်တယ်။ အယူမှား၊ ယုံမှား တွေကင်းပြီး အချင်းချင်း စည်းစည်းလုံးလုံး ကြိုးစားရင် ဘယ်လောက်ကောင်းလိမ့်မလဲ။

ရတနာ (၃)ပါးကို သက်ဝင်ယုံကြည်စေခဲ့သော အပိုင်းအခြားလေးတစ်ခု

၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်ကျော်ကာလ - ၁၀ ရက်နေ့ - စင်္ကာပူကနေ နေခွင့်ကုန်သွားလို့ မလေးကို ရှောင်တဲ့အချိန်ပေါ့။ အဲဒီမှာ ကံကောင်းစွာနဲ့ အဒေါ်ရဲ့သူငယ်ချင်းတွေ ရှိနေတော့ သူတို့ဆီကနေ အကူအညီတွေရခဲ့တယ်။ အစ်ကိုကြီးနှစ်ယောက်ထဲက တစ်ယောက်ဆီမှာ လိုက်နေခွင့် ရခဲ့တယ်။ စက်ရုံဝန်းထဲဆိုတော့ အခန်းကတော့ ၇-ပေ ပတ်လည်အခန်းပေါ့။ ယောက်ျားလေး တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေတဲ့နေရာဆိုတော့ ကျန်တာမပြောတော့ပါဘူး။ ခြင်တွေကတော့ ကိုက်ပါတယ်... ဒါပေမယ့် ခြင်ဆိုတာ သူစိမ်းမှမဟုတ်ပဲ ကိစ္စမရှိ။ အပြင်ကိုလည်း နေတဲ့နေရာနဲ့ လမ်းဆုံလေးအထိပဲ ထမင်းလေးဘာလေး ထွက်ဝယ်ပြီးရင် ပြန်လာစား၊ ဒီလောက်ပဲသွားရဲတယ်၊ လူဆိုးမပြောနဲ့ ရဲကအစ နာမည်ကြီးတာကိုး၊ ဒီလိုနဲ့ အခန်းကျဉ်းလေးမှာ ပါလာတဲ့ အင်္ဂလိပ်စာအုပ်လေးတွေ ဘာလေး၊ ညာလေးတွေဖတ် ပြီးတော့ ကြာလာတော့ အဲဒီအစ်ကိုကြီး သူ့အိမ်က မိသားစု အတွက် လုပ်ထားတဲ့ ပုခုက္ကူက အလှူမျက်နှာဖုံးနဲ့ ပဋ္ဌာန်းအကျယ်စာအုပ်လေးတွေ့လိုက်တော့ အသိက မနေဘူး၊ တန်းကိုင်ပြီး နာရီတော်တော်ကြာကြာ စိတ်ဝင်တစား ရွတ်ဖတ်ပူဇော်ပြီး ဥာဏ်မီသလောက် လိုက်ပြီး အနက်ကို စဉ်းစားကြည့်တယ်။ နောက်ရက်တွေလည်း အဲဒီလိုပဲပေါ့။ စင်္ကာပူမှာ အင်တာဗျူး တစ်ခုပဲရလာကတည်းက အရင်ကလု...

သံသရာစက်ဝိုင်းကို ရပ်ဖို့ရာဝယ်

တဏှာနိရောဓာ - ဥပါဒါန်နိရောဓေါ။ ဥပါဒါနနိရောဓာ - ဘ၀နိရောဓော။ ဘ၀နိရောဓာ - ဇာတိနိရောဓော။ ဇာတိနိရောဓာ - ဇရာ မရဏ သောက ပဋိဒေ၀ ဒုက္ခ ဒေါမနသ ပါသာရာ နုရုဇ္ဈန်တိ။ If you stop your Wants, it will prevent your greed from breeding the Extreme Want. If the Extreme Want does not in place, there won't be Doing. If there is no Doing, there will not be New Life. If there is no New Life, Aging (Za Rar), Death (Ma Ra Na), Cry for spilled milk/Regret/Don't feel well for getting the dislike or not getting the like (Thaw Ka), Ultimate feeling of regret or remorse (Pa Ti Day Va), Getting Bad or not getting good (Dote Kha), Not being peaceful (Daw Ma Nat Tha), Breaking Down in great sorrow (Par Thar Rar), all those bad things will be terminated. That is the Noble way to end all the things that lead to Nibbana where there is no good or bad things.

ဒါကတော့ လတ်တလော တွေ့နေရတဲ့ topic တစ်ခု

ဒါကတော့ လတ်တလော အီးမေးလ် ထဲမှာ တွေ့တွေ့နေရတဲ့ အကြောင်းအရာလေးတစ်ခု။ ကျွန်တော့်အမြင်ကိုလည်း ရေးထားပါတယ်။ ကျမလဲ ညထဲက နှင်းဆီပန်းတွေ အမြဲဝယ်ထားတယ်.....။ မနက်ဆို နှင်းဆီပန်းစီးကိုကိုင်ပြီး ဒီဇင်ဘာတစ်လလုံး ဘုရားတက်ခဲ့တာ ကျမပေါ့။ အဲဒါမနက်ပိုင်း..... ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျမတို့ ညီအမလေးယောက် ဒေါ်ကြီး ထမင်းတွေဟင်းတွေ လ္ဘက်သုတ်ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တတ် ချမ်းသာကြီးတန်ဆောင်းမှာ ပု တီးစိတ် စကားတွေပြောပြီး ....။ ခေါင်းလောင်းထိုး..လူနှင်တော့မှ မဆင်းချင်ဆင်ခြင်နဲ့ ကျမတို့  ဆင်းလာခဲ့ကြတယ်။ ကျမတို့ ညီအမ ဘုရားမနက်တက် ညနေတက်လို့ ဘုရားတရား သိပ်လုပ်တယ်လို့  တော့ မထင်စေချင်ဘူး ။ အကြောင်းအရာတစ်ခုစလိုက်ရင်တစ်ေ ယာက်တစ်ပေါက်မပြီးနိုင်မစီးနို င်ပြောတာတွေ..... ရင်ထဲမှာစုထားတဲ့  အကြောင်းအရာတွေ အကုန်ပြော.... ကြုံရင်ကြုံသလို နောက်တုန်း..။ ကျမကတော့ အကုန်စပ်စုတွေ့ သ မျှ အကုန် အဲလိုစပ်စုရင်းနဲ့ ရွှေတိဂုံဘုရားက အလှူခံပုံးတွေ အကြောင်း ကျမသိလာခဲ့ ရတယ်၊ ချမ်းသာကြီး တန်ဆောင်းမှာပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု ကောင်လေးတစ်ယောက် က သော့ခတ်ထားတဲ့ အလှူခံပုံးတွေကို လာလာထမ်းယူသွားတယ် ...။ ...

မမေ့သင့်တဲ့ တရားပွဲ

၂၄ ရက် ဇန်န၀ါရီလ ၂၀၀၉ (စနေနေ့) ညနေ ၆ နာရီခွဲ   ကိုးကားရေးသားသူ - သက်နိုင်ထွန်း ဒီနေ့တရားပွဲမှာ မြင်းခြံဆရာတော် ကြွလာပြီးတရားချီးမြှင့်တယ်။ တရားကတော့ အောင်မြင်ကြီးပွားတိုးတက်ရခြင်း  အကြောင်းတရား(၆)ပါးပါတဲ့။ လာတဲ့လူတွေလည်း မမေ့အောင်၊ မလာတဲ့လူတွေလည်း ညီတူမျှတူ ရရှိအောင် မှတ်မိသလောက်ပြန်ရေးလိုက်မယ်။  ၁။ ကျန်းမာရေး ကိုယ်ကျန်းမာရေး နှင့် စိတ်ကျန်းမာရေး နှစ်မျိုးပါဝင်တယ်။ က) ကိုယ်ကျန်းမာရေးအတွက်ကတော့ အစားအသောက်ကို - တည့်တာစား၊ မလွန်စေနဲ့ သင့်တင့်မျှတရုံစား၊  ကျေညက်အောင် ၀ါးစားပါတဲ့။ အဲဒီနည်းလမ်းတွေက တိပိဋကဘွဲ့ယူဘို့အသွား မကွေးက ရာပြည့်ဆရာတော်နှင့် ဆုံလို့ ရလိုက်တာပါတဲ့။ ခ) စိတ်ကျန်းမာရေးအတွက်ကတော့ ကိလေသာ (လောဘ၊ ဒေါသ၊ မောဟ၊ မနာလို၊ ၀န်တိုမှု) တွေကို လျော့ပါးစေဘို့ သတိ နဲ့နေပါတဲ့။ ၂။ ကိုယ်ကျင့်တရား (၀ါ) သီလ ကိုယ်ကျင့်တရားကောင်းမွန်ဘို့ ကလည်းအရေးအကြီးဆုံးပါဘဲ။ ဘာလို့ဆိုတော့ လူ့တန်ဖိုးကို ပညာ နဲ့ ကိုယ်ကျင့်သီလ အကြောင်းနှစ်ခုအပေါ်မူတည်ပြီး အကဲဖြတ်လို့ပါ။  ကောင်းမြတ်တဲ့အကျင့်ဆိုရင် - ငါးပါးသီလ နဲ့ ကမ္ဘာကြီးမှာနေတဲ့အတွက် သူကျင့်သုံးတဲ့ လောကနီတိပေါ့။ ဥပမာအနေနဲ့ တိုးတက်တဲ့နိုင်ငံတွေ ဘာကြောင့...