အင်မတန်ထူးကဲသော နေ့ထူးနေ့မြတ်များ (၂)


သင်္ကြန်အကြိုနေ့ ဧပြီ (၁၃)ရက်၊ နံနက် (၉) နာရီ။
ကမ္မ၀ါစာဖတ်ပြီး ရဟန်း (ဦးဇင်းသောမ) ဖြစ်လို့ သိမ်ဆင်း ၀တ္တု၊ ပစ္စည်း လောင်းလှူကြပါတယ်။ အင်မတန် စည်းကမ်းရှိပြီး နည်းစနစ်ကျနတဲ့ ကိုယ်ထူကိုယ်ထစနစ်ကျင့်သုံးတဲ့ ဘာသာပါပဲ။ ရဟန်းဖြစ်ဖို့ သိက္ခာပုဒ်တွေ ၀ိနည်းတွေ အများကြီးပါပဲ။ အစပထမတင် သရဏဂုံ (၃)ပါးကို ဋ္ဌာန်၊ ကရိုဏ်းကျအောင် လိုက်မဆိုနိုင်ရင် သာမဏေ၊ ရဟန်းဘ၀ အထမမြောက်နိုင်ပါဘူး။


ဒါကတော့ အဲဒီအချိန်ကာလအနေနဲ့ ယောက်ဖတော် ခေါ်ရမလား။
အခုအနေနဲ့တော့ ညီမ၀မ်းကွဲရဲ့ဦးဇင်းလို့ပြောမလား..... ဘယ်လိုခေါ်ရမလဲ မသိပါဘူး။ ဦးဇင်းတေဇပါ။


ဒါကတော့ ဆရာကြီးပေါ့ (ဆရာကြီးတွေ၊ ဆရာလေးတွေရဲ့ ဘွဲ့တွေကတော့ တော်တော်ရှည်တယ်၊ မမှတ်မိတော့ဘူး)


ဒါကတော့ ညီမအလတ်ဖြစ်သူ ဆရာလေး ပါ။ အငယ်ဆုံးဆရာလေး ပုံကတော့ ဘယ်လိုမပါလဲမသိတော့။


နေ့ဆွမ်းဘုဉ်းပေးဖို့ပါ။ သက်တော်၊ ၀ါတော် အစဉ်လိုက် ဘုဉ်းပေးကြပါတယ်။

Comments