သင်၏အပြင်းပြဆုံး အာသာဆန္ဒများကို ဆန့်ကျင်တုံ့ပြန်ဖို့ ချက်ချင်းလက်ငင်းအတွေးများ ဖြစ်၏။ ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ များသည် သင် စိတ်ဆင်းရဲမှုမဖြစ်အောင် သင့်စိတ်က သင့်အား အကာအကွယ်ပေးနည်း တစ်နည်းဖြစ်၏။ သင့်ကိုယ်တွင်းရှိ ဝေဖန်ရေးသမားက သင်၏ ရမ္မက် ဆန္ဒ မီးပွားကလေးကို အေးစက်သော ရေခဲရေ ပုံးပေါင်းများစွာဖြင့် ဖျန်းပက် ငြိမ်းသတ်ပစ်ပါလိမ့်မည်။
သူတို့သည် ဆင်ခြင်တုံတရားပြည့်ဝပြီး လက်တွေ့ကျသော သက်ကြီးရွယ်အိုများလို ပြုကျင့်ပါလိမ့်မည်။ သူတို့က သင်ဖော်ထုတ်တွေ့ရှိထားသော အလားအလာများကို အသေသတ်ပစ်ပါလိမ့်မည်။
`ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ ငါက အသက်ကြီးလွန်းနေပြီ၊ ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ ငါက နောက်ကျလွန်းနေပြီ၊ ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ ငါ့မှာ လိုအပ်တဲ့ပညာမှ မရှိဘဲ´
စာရင်းရေးချရင်တော့ ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်တော့မည်။
ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ များကို တစ်ခုပြီးတစ်ခု မဟာဗျူဟာကျကျ ထိပ်တိုက်ရင်ဆိုင်ပစ်ပါ။ အပြတ်ရှင်းပစ်ပါ။ ဥပမာ သင့်ဆန္ဒသည် သင့်ကုမ်ပဏီတွင် အမှုဆောင်အရာရှိချုပ်ဖြစ်ဖို့ဆိုလျှင် ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ နှင့် ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ။ ဖြစ်နိုင်ဖို့ အလားအလာမရှိ ဟူသော အပျက်မြင် ယုံကြည်ချက်ကို အလွယ်တကူ အလျှော့မပေးပါနှင့်။ ထိုသို့ အလျှော့မပေးမီ သင့်အာရုံခံအမြင်ကို သေသေချာချာ ပတ်ပတ်နပ်နပ် ပြန်လေ့လာပါ။ သင့်ရည်မှန်းချက်က တကယ်ပဲ အဓိပါယ်မဲ့ပြီး ရယ်ဖွယ်ဖြစ်နေသလား။ သင့်ဆန္ဒသည် ကောင်းကင်တမွတ် ကြယ်ကိုဆွတ်ဖို့ ဖြစ်နေသလား။ အမှန်တကယ်ပဲ မတန်မရာဖြစ်နေသလား။ ထိုသို့မဟုတ်ဘူးဆိုလျှင် သင် မဖြစ်ဖြစ်အောင် တကယ်ပဲ ကြိုးစားချင်သလား။ ထိုရာထူးကို သင်တကယ်ပဲလိုချင်သလား။
ဤအလေ့အကျင့်၏ ရည်မှန်းချက်သည် သင့်ဘဝကို အတင်းအကျပ် သွင်သွင်ပြောင်းပစ်ခိုင်းဖို့မဟုတ်။ ထို့အတူ အကျိုးသင့် အကြောင်းသင့် အကြောင်းတရားအားလုံးကို မျက်ကွယ်ပြုခိုင်းဖို့လည်း မဟုတ်။ ထို့အတူ သင့်ကျောပေါ်တွင် ဝတ်ရုံနီကြီးချည်ပြီး တိုက်အမြင့်ကြီးပေါ်က ခုန်ချကာ ပျံနိုင်မလား စမ်းကြည့်ခိုင်းဖို့လည်းမဟုတ်။
စင်စစ်၊ ရည်မှန်းချက်အစစ်အမှန်မှာ ဖြစ်နိုင်ခြေအားလုံးကို သင့်စိတ်က လက်ခံစဉ်းစားကြည့်စေဖို့ ဖြစ်၏။ သင့်အနေဖြင့် `ငါ ဘယ်တော့မှ ဖြစ်မှာမဟုတ်´ ဆိုသည့် အတွေးကို ဖောက်ထွက်ပြီး `ဟုတ်တယ်၊ ငါ လုပ်လို့ ဖြစ်မယ်´ ဟု တွေးရပါမည်။ `အဲဒီအတွက် လိုအပ်တာတွေ ငါ့မှာမှ မရှိဘဲ´ ဆိုသည့် အတွေးကို ခေါက်သိမ်းပြီး `စိန်ခေါ်ချက်တွေကို ငါ ရင်ဆိုင်ဖို့ အသင့်ပဲ´ ဆိုသည့် အတွေးကို ပွဲထုတ်ရပါမည်။ ထိုသို့ ဖောက်ထွက်ချင်သည်ဆိုလျှင် သင့်အား ကန့်သတ် ဟန့်တားနေသည့် ဆုံးဖြတ်ချက်များနှင့် ယုံကြည်ချက်များထဲမှ ဖောက်ထွက်ရပါမည်။
ဘယ်သူ ဘာ ပြောနိုင်ပါမည်လဲ။ သင်၏ ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ ကပင် ပိတ်ပင်ဟန့်တားလို့ မရနိုင်သည့် အလားအလာတစ်ရပ်ကိုပင် သင် စိတ်ကူးမိချင် စိတ်ကူးမိမှာပေါ့။
Comments
သေသေချာချာမှတ်သားရင်း ပြန်သွားပါတယ် ကျေးဇူးပါနော် ။
စကားမစပ် ကို TnTရေ... ကဗျာလေးလာဖတ်ခံစားပေးသွားတာ အထူးကျေးဇူးတင်ပါတယ်။ရေတိုရည်မှန်းချက်ကိုလည်းသဘောကျပါတယ်။
အခု ဂျပန်စာတော်တော် အဆင်မြင့်နေရောပေါ့နော်။ အားကျလိုက်တာ။
ကန်ချလိုက်ပီ :D
မဖြစ်နိုင်ဘူးလို့ စိတ်ထဲ မထည့်ဘူး
ဖြစ်ချင်စိတ် ရှိရင် ဖြစ်ကို ဖြစ်ရမယ်
း))
စွန့်လွှတ်ပြီးရင်လည်း လှည့်မကြည့်ချင်တော့ဘူး
နောင်တလည်း မရဘူး :D