တစ်ခုသောကောင်းကင်ပြာအောက်က တစ်နေ့သော ရက်မြတ်လေးထဲမှာ ရင်ဆိုင်ဆုံတွေ့ခဲ့တယ်။ မြင်လိုက်ရရုံခဏလေးနဲ့ ကိုယ့်နှလုံးသွေးများ ရပ်တန့်အောင် သိပ်လှနေတဲ့ အချစ်ရယ်။ ဆံစကနေ ခြေဖျားထိ အပြစ်ကင်းလွန်းတဲ့ မိန်းကလေးရယ်။ အသဲနင့်အောင် ချစ်မိတယ်။ အဲဒီ့သီချင်းလေး အတိုင်းပဲပေါ့။ မသွားဖူးသေးတဲ့ နေရာတစ်ခုကို သွားရင်းနဲ့ အဲဒီ့ပန်းကလေးကို စတွေ့ခဲ့ရတယ်။ စတွေ့ခါစမှာတော့ တစ်မျိုးဖြစ်သွားတယ်။ ဘာဖြစ်သွားလဲတော့ မပြောပြတတ်။ ပန်းကလေးကို ကြည့်ရတာ လန်းဆန်းလို့ ကြည်နူးစရာပေပဲ။ ပတ်ဝန်းကျင်တွေ ကလည်း အရမ်းကြည့်လို့ကောင်းနေလေရဲ့။ ဆူညံသံတွေလည်း မကြားရလောက်အောင်ပဲ။ ထူးဆန်းပါပေ့။ ဒီလိုနဲ့ တစ်နေကုန်သွား၊ တစ်လ ထွက်လာပြန်ပေါ့။ တစ်ခါတစ်ခါ ကြုံရင်ကြုံသလို သွားကြည့်ဖြစ်တယ်။ ဒီလိုနဲ့ သူ့ကို ပေါင်းသင်ရေလောင်း ပေးချင်စိတ်ဖြစ်လာခဲ့တယ်၊ အို.. ဒီနေ့ ပန်းကလေး သိပ်မလန်းဆန်းသလိုပါလား။ (တော်တော် လိမ္မာတဲ့ပန်းလေးပဲ)။ ဒီလိုနဲ့ အတွေးတစ်ခု ပေါ်လာတယ်။ ကိုယ့်နေရာ မဟုတ်ဘဲ တခြားနယ်ဆိုတော့ ဒီပန်းလေးကို ပြုစု ပျိုးထောင်ပေးတဲ့သူ၊ ခူးပြီးစိုက်ပျိုးထားတဲ့သူ တွေများ ရှိလေမလား....... အခုထိ ဘယ်သူမှတော့ သူ့အနားမှာ မတွေ့ရသေးဘူး။ ဒါပေမယ့် ဒီလို ခက်ခဲကြမ်းတမ်းတဲ့နေရာမှာ တော်တော်လှတဲ့ ပန်းလေး ပေါက်နေတယ်။ သူ့မှာ ခက်ထန်တဲ့ ပတ်ဝန်းကျင်ကို လိုက်လျောညီထွေ တုန့်ပြန်မယ့် ဆူးခက်တွေ မာကြောမှုတွေ အလျဉ်းမရှိ၊ ဆိုတော့ သေချာပါတယ်၊ ခရီးတွေ ဘာတွေ ထွက်သွားတာနေမှာပေါ့။ မဟုတ်ရင်တော့ ဒီလိုဘယ်ထားခဲ့လေလိမ့်မလဲ။ ကိုယ်ရှေ့ဆက်တိုးမယ်ဆို နောက်ကွယ်ကလူကို မတရားရာ ကျတော့မယ်။ ဘာလို့ခရီးထွက်သွားလဲ၊ ဘာလို့ထားခဲ့လည်း....၊ ကိုယ့်ကံနဲ့ကိုယ် လုပ်ပိုင်ခွင့်လည်း ရှိတယ်ဆိုပေမယ့် သူများ စိတ်ဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ကောင်းမယ်ဆိုရင်တော့ နေပါစေလေ........ ဒီလိုပဲ ကြုံရင်ကြုံသလို ဒီပန်းလေးကို ကာကွယ်၊ ကူညီပေးတာလည်း ကောင်းပါတယ်။ တွေ့နေရတာလည်း စိတ်ကြည်နူးစရာပဲမို့။ စဉ်းစားရင်း နောက်နေ့တွေကို စောင့်မျှော်ရင်း စာအုပ်တစ်အုပ် လှန်ကြည့်လိုက်တယ်၊ ဘာတဲ့.....ကမ္ဘာကြီးက အမြဲပြောင်းလဲနေတယ်ဆိုပါလား........
ကျွန်တော် လေးတန်းပြီးသွားတော့ ငါးတန်းရောက်တဲ့အခါ ကျွန်းတောလမ်းပေါ်က အ.လ.က (၃) လို့ခေါ်တဲ့ နှစ်ထပ်ကျောင်းဆောင်လေးကိုပြောင်းတက်ရတယ်။ ဖေကြီးက အဲဒီကျောင်းက ကျောင်းသားဟောင်းကိုး။ အရင်တုန်းကတော့ အဲဒီကျောင်းကို အလကား ၃ လို့ခေါ်ကြတဲ့အထိ နာမည်ဆိုးခဲ့တဲ့ကျောင်းလေးပေါ့။ ကျွန်တော် မတက်ရခင် နှစ်အနည်းငယ်ကမှ နာမည်ပြန်ကောင်းလာလို့ အဲဒီကျောင်းကို ဖေကြီးက ပို့လိုက်တယ်။ ကျောင်းတက်တဲ့အချိန် နှစ်တိုင်းထူးခြားတာတစ်ခုရှိတယ်။ စတက်တဲ့နေ့တိုင်း မိုးရွာတာပဲ။ ကျောင်းစတက်တဲ့နေ့ စာစီစာကုံးရေးမယ်ဆို ကျွန်တော့်စာပိုဒ်တွေမှာ စိုရွှဲလို့။ မိုးနံ့တောင် သင်းနေရော။ ပြောင်လက်နေတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီ အစိမ်းရောင် တောက်တောက်လေးတွေ ကလည်း မိုးစက်လေးတွေနဲ့ ပဏံသင့်လို့။ နောက်မိုးကာအကြည်လေးတွေ၊ အရောင်လေးစုံလေးတွေ ကိုယ်စီနဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ မိဘတွေနဲ့ အတူ အားလုံး ကျောင်းတံခါးကြီး ဖွင့်ချိန်ကို မျှော်တလင့်လင့်နဲ့ စောင့်နေလေရဲ့။ `ကလောင်´ ..... `ကလောင်´ ...... `ကလောင်´ ကျောင်းခေါင်းလောင်းထိုးပြီ။ အေးစက်နေတဲ့ ခေါင်းလေးတွေ ထောင်သွားတယ်။ ဗွက်တွေဆော့ ထားတဲ့ ခြေထောက်လေးတွေ လှုပ်ရှားလာတယ်။ ဟော... ဆီမထည့်ရသေးတဲ့ ကျောင်းတံခါးကြီး တစ...
Comments
စာသားတွေ တယ်နုပါလား။
ခင်မင်လျက်
နင်အဲလိုတွေ ရေးတတ်လိမ့်မယ်လို့။
ပန်းတွေ တယ်များဘဲ
ကိုယ့်စိတ်တောင် နားမလည်နိုင်တာ၊ ကမ္ဘာကြီးတော့ ပြောင်းနေမှာပဲ။
ခင်တဲ့
အယ်ရာတက်တာနဲ့ ကွန်မန့်မရေးသွားရတာလေ။
ကြိုးစားပြီးရေးထားပေးတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်
မောင်သက်နိုင်ရေ။
ပန်းလေးကို အဝေးကစောင့်ရှောက်ရရုံမကပဲ ပိုင်ဆိုင်ခွင့်
ရနိုင်ပါစေလို့...
ခင်မင်လျှက်
မကြီးဝါ
စာရေးကောင်းတယ်။ ဒီလို စာလေးတွေ ဆက်ရေးပါလား။
ခင်မင်စွာဖြင့်...
ခုမှဖတ်မိတယ်။ ကြိုးစားထား
သာယာချမ်းမြေ့ပါစေရှင်း
မိုး