Thursday, May 28, 2009

အမှတ်တရပေါ့


ဘိုးဘိုး၊ ဘွားဘွား၊ ဖေကြီး နဲ့ မေကြီး


ကိုယ်တော့် မိသားစုလေး)


အရမ်းကောင်းတဲ့ပုံလေးပဲ


ညီမ ၀မ်းကွဲရဲ့ သားလေး ( ၁၀ လ )


မာရှီမာရိုလိုလို မက်ရှ်ရွန်း လိုလို

ကင်မရာလေးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။
၎င်းကို ၀ယ်ပေးတဲ့ သူငယ်ချင်းအားလုံးကိုလည်း ခူမာဝေါ်၊ အာရီဂါတို့၊ ရှဲ ရှဲ့၊ Thank you နှင့် ကျေးဇူးပါ။
အဲဒီလိုဘာသာစကား ငါးမျိုးနဲ့ ရေးထားတဲ့ဒီပိုစ့် ကျန်တာတွေ တော့ စာဖတ်သူပဲ ဖြည့်တွေးလိုက်ပါး)

အင်မတန်ထူးကဲသော နေ့ထူးနေ့မြတ်များ (၄)


၁၆ ရက် ၄ လ (အတက်နေ့)
ရွှေတိဂုံဘုရား


မှန်ပြောင်းမှာ ကင်မရာနဲ့ ထပ်ဆွဲထားတာ (ကင်မရာ ဇွန်းကို မဆွဲလိုက်လို့ အနီးကပ်မရလိုက်ဘူး)




မိသားစုနဲ့ မောင်နှမတွေ

အင်မတန်ထူးကဲသော နေ့ထူးနေ့မြတ်များ (၃)


(၁၃ ရက်နေ့ နေ့ဆွမ်း ကပ်တာပါ) ဒါကတော့ ကျေးဇူးရှင် ရဟန်းဒါယိကာနဲ့ ဒါယိကာမပေါ့။


ဒီပုံကတော့ ကျေးဇူးရှင်ကြီးများဖြစ်တဲ့ ဘုရား၊ ကျောင်း၊ သိမ်၊ ရဟန်း ဒါယိကာကြီး၊ ဒါယိကာမကြီးပါ။


ရဟန်းဒါယိကာ၊ ဒါယိကာမ ဖြစ်ခြင်း အတွက် တရားဟောနေခြင်းပါ။ ပရိတ်သတ်က သင်္ကြန်တရားစခန်းဝင် ယောဂီများပါ။


ရေစက်ချ အမျှပေး ကုသိုလ်

အင်မတန်ထူးကဲသော နေ့ထူးနေ့မြတ်များ (၂)


သင်္ကြန်အကြိုနေ့ ဧပြီ (၁၃)ရက်၊ နံနက် (၉) နာရီ။
ကမ္မ၀ါစာဖတ်ပြီး ရဟန်း (ဦးဇင်းသောမ) ဖြစ်လို့ သိမ်ဆင်း ၀တ္တု၊ ပစ္စည်း လောင်းလှူကြပါတယ်။ အင်မတန် စည်းကမ်းရှိပြီး နည်းစနစ်ကျနတဲ့ ကိုယ်ထူကိုယ်ထစနစ်ကျင့်သုံးတဲ့ ဘာသာပါပဲ။ ရဟန်းဖြစ်ဖို့ သိက္ခာပုဒ်တွေ ၀ိနည်းတွေ အများကြီးပါပဲ။ အစပထမတင် သရဏဂုံ (၃)ပါးကို ဋ္ဌာန်၊ ကရိုဏ်းကျအောင် လိုက်မဆိုနိုင်ရင် သာမဏေ၊ ရဟန်းဘ၀ အထမမြောက်နိုင်ပါဘူး။


ဒါကတော့ အဲဒီအချိန်ကာလအနေနဲ့ ယောက်ဖတော် ခေါ်ရမလား။
အခုအနေနဲ့တော့ ညီမ၀မ်းကွဲရဲ့ဦးဇင်းလို့ပြောမလား..... ဘယ်လိုခေါ်ရမလဲ မသိပါဘူး။ ဦးဇင်းတေဇပါ။


ဒါကတော့ ဆရာကြီးပေါ့ (ဆရာကြီးတွေ၊ ဆရာလေးတွေရဲ့ ဘွဲ့တွေကတော့ တော်တော်ရှည်တယ်၊ မမှတ်မိတော့ဘူး)


ဒါကတော့ ညီမအလတ်ဖြစ်သူ ဆရာလေး ပါ။ အငယ်ဆုံးဆရာလေး ပုံကတော့ ဘယ်လိုမပါလဲမသိတော့။


နေ့ဆွမ်းဘုဉ်းပေးဖို့ပါ။ သက်တော်၊ ၀ါတော် အစဉ်လိုက် ဘုဉ်းပေးကြပါတယ်။

အင်မတန်ထူးကဲသော နေ့ထူးနေ့မြတ်များ (၁)


၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၂) ရက်၊ ညနေ (၄း၃၀)၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်၊ အေးစေတီကျောင်း။
ဘယ်သူတစ်ဦးတစ်ယောက်ဟာမှ မဟုတ်တဲ့ ဆံပင်ကို ရိတ်နေခြင်းပါ။




ပြီးတော့ ကိုရင်ဖြစ်ခွင့်ရဖို့ သင်္ကန်းတောင်းပါတယ်။



အဲဒီနောက် သရံဏဂုံသုံးပါးနဲ့အတူ ကိုးပါးသီလခံယူ ဆောက်တည်ပြီး သာမဏေဖြစ်ခွင့်တောင်းပြီး ကိုရင်ဖြစ်သွားခဲ့ပါပြီ။ ဒုတိယဘွဲ့အမည်တွေကတော့ အရှင်တေဇ နဲ့ အရှင်သောမ ပါ။ (ပထမဘွဲ့ကတော့ အရှင်သုမနပါ - ကိုးတန်းအပြီး)


ကိုရင်ဖြစ်ပြီးနောက် သီလရှင်လေးတွေ၊ ဆရာကြီးတွေ နဲ့ ဒကာ၊ ဒကာမ ပရိတ်သတ် ကိုဆရာတော်က သီလပေးနေပုံပါ။
သီလရှင်တွေမှာ ညီမ အငယ်နှစ်ယောက် နဲ့ အဒေါ်တစ်ယောက် ပါပါတယ်။

Tuesday, May 26, 2009

Puzzle

How would you get out of the room which has no window, no door and nothing but a table and a mirror?

help me in planting :)

I bought 10 trees, i want to plant them in 5 rows and 4 trees in each row. Wanna help?

:)

Somebody, Everybody, Anybody and Nobody

Once upon a time, there were Four Beings named Somebody, Everybody, Anybody and Nobody. And they had One thing to do – Somebody thought Everybody could do that. Somebody also knew that Everybody might not want to do. Likewise, Everybody also thought that’s the one Anybody could do. So Everybody asked “Is there Anybody to do this job?”, Nobody says “Yes”. In the end, Nobody did that job. Then, Everybody blamed on Somebody because that thing could be done by Anybody but for Nobody did it.

( : )

Thursday, May 21, 2009

တကယ်လို့သာ ကောင်းမှုလုပ်ဖို့ ကြောက်ရွံ့ခဲ့ရင်

နေ၀င်ပြီးဖြစ်တဲ့ ညနေစောင်းတစ်ခုမှာ မီးတိုင်မှိန်မှိန်လေး လင်းနေတဲ့ လမ်းလေးထဲ လမ်းလျှောက် ထွက်လာခဲ့တယ်။ ဒီလိုနဲ့ ခြုံပုပ်တစ်ခုနားအရောက် ကွဲအက်တဲ့စကားပြောသံတွေကြောင့် နည်းနည်း သတိချပ်လိုက်မိတယ်။ ဒါနဲ့ ခြေသံလုံအောင်လျှောက်ပြီး သေချာနားထောင်လိုက်တော့  ခေါင်းတွေပူထူသွားတယ်။ ဘာလို့လည်းဆိုတော့ ဘယ်လိုမှမမှားနိုင်တဲ့ အသက်ရှုသံပြင်းပြင်းတွေ ဒေါသတကြီးတွန်းထိုးနေတဲ့အသံတွေ အမှောင်ထဲမှာကြားနေရတယ်။ အိုး... မိန်းကလေးတစ်ယောက် အနှောင့်ယှက်ခံနေရတာပါလား...။

ငါ...ဘာလုပ်သင့်သလဲ....။ အမည်မသိမိန်းကလေးကို ၀င်ကယ်သင့်သလား...။ ဒါပေမယ့် ငါလည်း ကိုယ့်လုံခြုံရေးအတွက်တောင် ကြောက်နေပြီ။ ဒီလောက်မှောင်မဲတဲ့လမ်းသစ်ကို ဘာကြောင့်ရွေးလိုက်မိတာလဲ လို့ကိုယ့်ဘာသာ ပြန်ကျိန်ဆဲနေမိတယ်။ ငါကနောက်ထပ် အပြုခံတစ်ယောက် ဖြစ်ရင်ဘယ်လိုလုပ်မလဲ.... ဒါမှမဟုတ်လည်း နီးရာဖုန်းရုံသွားပြီး ရဲကိုခေါ်လိုက်ရင်ကောင်းမယ်ထင်တယ်.....

စဉ်းစားရင်း စဉ်းစားရင်း မိန်းကလေးအသံကလည်း  ဖျော့သည်ထက်ဖျော့လာပြီ။ ငါအမြန်ဆုံးဖြတ်ချက်ချပြီး လုပ်ရတော့မယ်... ဒါပေမယ့် ငါဘယ်လိုလုပ် ဒီအတိုင်း ပြန်သွားလို့ဖြစ်ပါမလဲ။ ကောင်းပြီ.. ငါ့အသက်ထိခိုက်မယ် ဆိုရင်တောင် ဒီမိန်းကလေးဖြစ်ရပ်ဆိုးအတွက် ငါကျောခိုင်းမသွားဘူး...

ဒီလိုသတ္တိတွေ ဘယ်ကရလာသလဲဆိုတာတော့ အံ့သြစရာပဲ... ရဲရင့်တဲ့လူတစ်ယောက်လည်းမဟုတ်ခဲ့ဘူး... ကြံ့ခိုင်တဲ့အားကစားသမား တစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး... ဒါပေမယ့် ကယ်မယ်လို့ ဆုံးဖြတ်ချက် ချပြီးတာနဲ့ တစ်ခြားလူတစ်ယောက် ဖြစ်သွားသလိုပါပဲလား.... ဒါနဲ့သူစိမ်းရှိရာ တရှိန်ထိုးပြေး၊ ဆွဲလှဲချပြီး တော်တော်ကြာကြာလေး နပန်းလုံးလိုက်ကြတာ အတန်ကြာတော့ အဲဒီ့လူထွက်ပြေးသွားခဲ့တယ်။ ဒီတော့မှ မတ်မတ်ခိုင်အောင်ရပ်၊ ပင့်သက်ရှုပြီး မိန်းကလေးကို အကြောက်ပြေအောင်နှစ်သိမ့်ပေးလိုက်တယ်။ သူမကတော့ တုန်တုန်ရင်ရင်ပေါ့.. “အခု ဟိုလူထွက်ပြေးသွားပါပြီ မိန်းကလေး.. မကြောက်ပါနဲ့တော့...” ဆိုတော့ တော်တော်ကြာကြာသူမစကား မပြောနိုင်ဘူး၊ နောက်မှကြောက်ကြောက် လန့်လန့်နဲ့  အံ့သြတစ်ကြီး လှမ်းမေးလိုက်တယ် “အဖေမဟုတ်လားဟင်....” နောက်မှ သစ်ပင်နောက်မှာ သေချာကြည့်လိုက်တော့ အို.. ငါ့သမီး ကက်သရင်းပါလား................

ဂရက်ဂ် အိုလာရီ

Saturday, May 16, 2009

လိုအင်ဆန္ဒလား လိုအပ်ချက်လား

မေလ တစ်ဆယ့်ခြောက်ရက်၊ နှစ်ထောင့်ကိုးခုနှစ်

ကျွန်တော်ငယ်ငယ်တုန်းက သူများတွေဘွတ်ဖိနပ်လှလှလေးတွေ စီးတာတွေ့ရင်လိုချင်ခဲ့တယ်။ ငါလည်း ဒါမျိုးလိုအပ်တယ်ပေါ့။ ဒါနဲ့ အဖေက နိုင်ငံခြားဖြစ်လေးဝယ်ပေးလိုက်တယ်။ ထူးဆန်းစွာပဲ လိုချင်ခဲ့တာ တစ်ကယ်ရလာတော့ သိခဲ့ရတာက ကျွန်တော်ဘွတ်ဖိနပ်စီးရတာ မကြိုက်ဘူးဆိုတာပဲ။ စီးရင်ပူမယ် အိုက်မယ်ဆိုတာ သိရက်နဲ့လိုချင်ခဲ့တယ် (လိုအပ်တယ်လို့အပြောနဲ့ပေါ့)။ အခုနောက်ပိုင်းတော့ လိုအင်ဆန္ဒနဲ့ လိုအပ်ချက်ကို အမှား နည်းအောင် ခွဲခြားတတ်လာတယ်။ (ကပ်စေးနဲတယ်ဆိုတဲ့ နာမည်တော့ ရလာတော့တာပေါ့)။ အဓိပါယ်ကြိုက်သလို ဖွင့်ကြပါစေ ကိုယ့်အဓိပါယ်သတ်မှတ်ချက်က ကိုယ်နဲ့ကိုက်ညီနေတာပဲ၊ ဒီလိုပဲ ဆက်သွားတာပေါ့။ နောက်ပိုင်းဒီဖွင့်ဆိုချက် အိုဟောင်းပြီးသုံးမရတော့တဲ့အထိ။

လိုအင်ဆန္ဒနှင့် လိုအပ်ချက် မတူပါ၊ ကွဲပြားခြားနားပါသည်။ လိုအပ်ချက်မှာမူ မဖူလုံ မလုံလောက်သည့်ဒေသမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လိုအင်ဆန္ဒများမှာမူ ပြည့်စုံဖူလုံသောဒေသမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကျွန်တော်တို့ တစ်စုံတစ်ခု လိုအပ်နေပြီဆိုလျှင် သိသာထင်ရှားသော မရှိခြင်းတစ်ခု ပေါ်ပေါက်နေပေလိမ့်မည်။ တစ်ဖက်တွင် တစ်စုံတစ်ခုကို လိုချင်ပြီဆိုက ကျွန်တော်တို့တွင် ရှိပြီးသားတစ်ခုခုကို တိုးပွားစေလိုသောကြောင့် သို့မဟုတ် ပြည့်စုံစေလိုသောကြောင့် ဖြစ်ပေသည်။

လိုအပ်ချက်များကိုမူ ဦးစားပေးဖြည့်တင်းကြရပါမည်၊ ကျွန်တော်တို့ ရပ်တည်ရှင်သန်နိုင်ရေးအတွက်ဖြစ်၏။ ထိုသို့ဆိုလျှင် လိုအင်ဆန္ဒများကိုကော... သင့်တင့်လျောက်ပတ်သလို ဖြည့်တင်းကြရပါမည်၊ စိတ်ချမ်းသာပျော်ရွှင်မှုအတွက် ဖြစ်ပါသည်။

သို့သော် လိုအင်ဆန္ဒ၏ ဒုက္ခပေးနိုင်မှုကိုတော့ အပေါ်ယံသုံးသပ်ရုံနှင့် မသိနိုင်ပေ။ (ဥပမာ ကောင်းတာ လိုချင်တာပဲ ကောင်းတာရမှာပေါ့ ဆိုတာမျိုး.....) သေချာစဉ်းစားကြည့်ရင်တော့ အဖြေရတန်ကောင်းပါရဲ့... မရရင်တော့.............. [ရိုးရိုးတုပ်ကွေးကနေ ၀က်တုပ်ကွေး ဖြစ်ပေါ်လာသလိုပေါ့.... အဆင့်တွေအများကြီးပါ စဉ်းစားဖို့လိုပါလိမ့်မယ်]

မကြာသေးခင်က တင်ထားတဲ့ပိုစ်တ် မှာအဖြေကိုရှာကြည့်နိုင်ပါတယ်။ ဆွေးနွေးလိုသူများကိုလည်း ကြိုဆိုပါ၏။

100 years - Five for Fighting

I'm 15 for a moment
Caught in between 10 and 20
And I'm just dreaming Counting the ways to where you are
I'm 22 for a moment
She feels better than ever
And we're on fire
Making our way back from Mars
15 there's still time for you
Time to buy and time to lose
15, there's never a wish better than this
When you only got 100 years to live
I'm 33 for a moment
Still the man, but you see I'm a they
A kid on the way
A family on my mind
I'm 45 for a moment
The sea is high
And I'm heading into a crisis
Chasing the years of my life
15 there's still time for you
Time to buy, Time to lose yourself
Within a morning star
15 I'm all right with you
15, there's never a wish better than this
When you only got 100 years to live
Half time goes by
Suddenly you're wise
Another blink of an eye
67 is gone
The sun is getting high
We're moving on...
I'm 99 for a moment
Dying for just another moment
And I'm just dreaming
Counting the ways to where you are
15 there's still time for you
22 I feel her too
33 you're on your way
Every day's a new day...
15 there's still time for you
Time to buy and time to choose
Hey 15, there's never a wish better than this
When you only got 100 years to live

Friday, May 15, 2009

သံသရာစက်ဝိုင်းကို ရပ်ဖို့ရာဝယ်

တဏှာနိရောဓာ - ဥပါဒါန်နိရောဓေါ။ ဥပါဒါနနိရောဓာ - ဘ၀နိရောဓော။ ဘ၀နိရောဓာ - ဇာတိနိရောဓော။ ဇာတိနိရောဓာ - ဇရာ မရဏ သောက ပဋိဒေ၀ ဒုက္ခ ဒေါမနသ ပါသာရာ နုရုဇ္ဈန်တိ။

If you stop your Wants, it will prevent your greed from breeding the Extreme Want.

If the Extreme Want does not in place, there won't be Doing.

If there is no Doing, there will not be New Life.

If there is no New Life,
Aging (Za Rar),
Death (Ma Ra Na),
Cry for spilled milk/Regret/Don't feel well for getting the dislike or not getting the
like (Thaw Ka),
Ultimate feeling of regret or remorse (Pa Ti Day Va), Getting Bad or not getting good
(Dote Kha),
Not being peaceful (Daw Ma Nat Tha),
Breaking Down in great sorrow (Par Thar Rar),
all those bad things will be terminated.

That is the Noble way to end all the things that lead to Nibbana where there is no good or bad things.

Tuesday, May 5, 2009

Decaying

The world is in danger,
because the people get greedier.

Sorry

I am sorry for no post for so long. i was out of connection :)
I will try to give more.