ရုံးသွားတဲ့အခါ ခါတိုင်းနံနက်စာ အစုံလိုက်ဆို ၂ကျပ်ကျမှာ၊ လမ်းဘေးကဆိုင်မှာစားရမှာလေ။ မက်ဒေါ်နယ်ဆိုလည်း ချိစ်နှစ်ထပ်ဘာဂါဆို ၂ကျပ်ပဲဆိုတော့ ဆိုင်ပဲသွားလိုက်တာပေါ့။ နောက်အဲဒါမရှိဘူး နေ့ခင်းမှရမှာတဲ့။ ဒါနဲ့ တွေ့တာတစ်ခု နဲ့ ကော်ဖီ မှာလိုက်တယ်။ ၅ ကျပ် ၆၅ ပြားတဲ့... ဒုက္ခော... အင်း.. စားလို့တော့ကောင်းသား (မကောင်းရင် ညံ့ပြီး ညှဉ်းဆဲသလိုဖြစ်မှာကိုး)။ ရုံးမှာကတော့ စာဖတ်လို့ကောင်းသလားမပြောနဲ့။ တန်းတူတွေမကိုင်ရဲတဲ့ ကွန်ဖိဒန်ရှယ် တွေချည်းကိုင်ရတာကိုး။ ကျန်တာ တော့ အရင်နေ့က ဟာဖြတ်ညှပ်ကပ်ပြီးထပ်ရေးလိုက်ရင် ရပြီ၊ အကုန်အတူတူပဲ။
ကျွန်တော် လေးတန်းပြီးသွားတော့ ငါးတန်းရောက်တဲ့အခါ ကျွန်းတောလမ်းပေါ်က အ.လ.က (၃) လို့ခေါ်တဲ့ နှစ်ထပ်ကျောင်းဆောင်လေးကိုပြောင်းတက်ရတယ်။ ဖေကြီးက အဲဒီကျောင်းက ကျောင်းသားဟောင်းကိုး။ အရင်တုန်းကတော့ အဲဒီကျောင်းကို အလကား ၃ လို့ခေါ်ကြတဲ့အထိ နာမည်ဆိုးခဲ့တဲ့ကျောင်းလေးပေါ့။ ကျွန်တော် မတက်ရခင် နှစ်အနည်းငယ်ကမှ နာမည်ပြန်ကောင်းလာလို့ အဲဒီကျောင်းကို ဖေကြီးက ပို့လိုက်တယ်။ ကျောင်းတက်တဲ့အချိန် နှစ်တိုင်းထူးခြားတာတစ်ခုရှိတယ်။ စတက်တဲ့နေ့တိုင်း မိုးရွာတာပဲ။ ကျောင်းစတက်တဲ့နေ့ စာစီစာကုံးရေးမယ်ဆို ကျွန်တော့်စာပိုဒ်တွေမှာ စိုရွှဲလို့။ မိုးနံ့တောင် သင်းနေရော။ ပြောင်လက်နေတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီ အစိမ်းရောင် တောက်တောက်လေးတွေ ကလည်း မိုးစက်လေးတွေနဲ့ ပဏံသင့်လို့။ နောက်မိုးကာအကြည်လေးတွေ၊ အရောင်လေးစုံလေးတွေ ကိုယ်စီနဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ မိဘတွေနဲ့ အတူ အားလုံး ကျောင်းတံခါးကြီး ဖွင့်ချိန်ကို မျှော်တလင့်လင့်နဲ့ စောင့်နေလေရဲ့။ `ကလောင်´ ..... `ကလောင်´ ...... `ကလောင်´ ကျောင်းခေါင်းလောင်းထိုးပြီ။ အေးစက်နေတဲ့ ခေါင်းလေးတွေ ထောင်သွားတယ်။ ဗွက်တွေဆော့ ထားတဲ့ ခြေထောက်လေးတွေ လှုပ်ရှားလာတယ်။ ဟော... ဆီမထည့်ရသေးတဲ့ ကျောင်းတံခါးကြီး တစ...
Comments