Skip to main content

Posts

Showing posts from December, 2009

ပိုးဟပ်နဲ့ အိမ်မြှောင် ဘာကွာလဲ

ဒီနေ့ ထူးဆန်းတဲ့နေ့၊ ကြက်သီးထလောက်အောင် ထူးဆန်းတယ်။ ဘာလို့ဆို မနက် ရေချိုးသန့်စင်ပြီး အလုပ်သွားမယ် ဆိုပြီး ဖိနပ်စီးလိုက်တယ်။ ``ဖိနပ်ထဲမှာ ခုလုခုလုနဲ့ ဘာပါလိမ့်။´´ ပြန်ချွတ်ပြီး ကြည့်တယ်။ ``ခြေအိတ်ကလည်း မဟုတ်ပါဘူး။´´ နောက်ပြန်ဝတ်ကြည့်တယ်။ ``တစ်ခုခု ရှိနေတုန်းပဲ´´ ဆိုပြီး ချွတ်ပြီး လက်နဲ့ စမ်းကြည့်လိုက်တယ်။ ``အလုံးလေးပါလား´´ လက်နဲ့စမ်းကြည့်လိုက်တော့..... ``အိုးး ပိုးဟပ် မကြီးမငယ်ကြီးပါလား..´´ လန့်သွားတယ်.. ကြက်သီးတွေထလို့ပေါ့။ `` တက်နင်းမိတာ သေပြီလားမသိဘူး... ´´ ကံကောင်းချင်တော့ မသေဘူး။ ဒီအတိုင်း ထားခဲ့လိုက်တယ်။ ကျွန်တော်မှားသွားခဲ့ပြီ။ ဘာလို့ဆို ခဏနေ ဒီကောင်လေး သေမယ်မသေဘူးဆိုတာ နောက်ထွက်တဲ့ တစ်ယောက်ပေါ်မူတည်သွားတာကိုး။ စိတ်တော့မကောင်းဘူး။ တစ်ခါတည်း အပြင်ထုတ်လိုက်သင့်တယ်။ လန့်သွားတာနဲ့ မလုပ်မိတော့ဘူး။ ဒါလည်း အကြောင်းပြချက်ပါပဲ။ နောက်တစ်ခေါက်တော့ မဖြစ်အောင် သတိထားရမယ်။ ဒီလိုနဲ့ ရုံးရောက် အလုပ်တွေ လုပ်။ ထမင်းစားချိန် စားပြီး စာလေးဖတ်။ နောက်ရုံးခန်းထဲပြန်ဝင်။ အလုပ်ဆင်းခါနီး ငါးနာရီကျော်တော့ ဗိုက်ဆာတာနဲ့ ကော်ဖီဖျော်ပြီး ဟိုနေ့က ယူလာတဲ့ ခရင်မ် ခရက်ကာကို စားနေလိုက်တယ်။ အလုပ်ကိုလုပ်လိုက် စားပွဲ

ပဟေဠိ (မှန်တဲ့သူကို ကေအက်ဖ်စီမှာ အဝကျွေးမယ်) တန်း အန် ကွန်ဒီရှန် အပလိုင်း

တစ်နှစ်တစ်ခါပေါ်လို့လာ ငါသာမင်းလောင်း ထီးဖြူဆောင်း။ အဲဒါဘာလဲ။ ဖြေပါ။ မှန်ရင် အပေါ်ကပြောတဲ့အတိုင်းပဲ။ (မှန်တဲ့သူကို ကေအက်ဖ်စီမှာ အဝကျွေးမယ်)  တန်း အန် ကွန်ဒီရှန်  1. သိသူများ တိတ်တိတ်လေး နေပါ။ မနေဘဲ ဖြေပါက (က) ကို သွားပါ။  2. မသိသူများသာ ဖြေပါ။ မှားဖြေရင် (က) ကိုသွားပါ။  3. ဝင်ကြည့်ပြီး မဖြေရင် (က) ကိုသွားပါ။၊  (က) သီတင်းပတ်ကုန်မှာ မေးခွန်းထုတ်သူကို မုန့်ဝယ်ကျွေးရပါမယ်။