Skip to main content

Posts

Showing posts from November, 2009

Playing Card (SG trip)

ရုံးဆင်းတာနဲ့ အိမ်ပြန်ပြီး ရေချိုး သန့်စင်ပြီး ကလမ်မန်တီ ကိုသွားခဲ့တယ်။ ဖေကြီးနဲ့မေကြီး တို့ဆီကိုပေါ့။ နောက် ကေအက်ဖ်စီ ၀ယ်သွားပြီး မေကြီးချက်ထားတဲ့ ငါးဖယ်ဟင်း နဲ့ လေးယောက်သား စားလိုက်ကြတယ်။ နောက် ကွန်ပျူတာသုံး၊ သီးချင်းနားထောင်ကြ။ အစ်မကတော့ ခေါင်းမူးလို့ဆိုပြီး အပျင်းထူ မှေးနေလေရဲ့။ အပင်ထစိုက်လိုက် ပြန်မှေးလိုက်နဲ့ ဇိမ်ကျနေတယ်။ ၁၀ နာရီလောက်ရောက်တော့ ဖဲရိုက်မယ်လုပ်ကြတယ်။ ခုနက မှေးနေတဲ့ အစ်မ ငေါက်ကနဲ ထထိုင်ပါလေရော။း) (လူစုံတုန်းလေးမို့လို့ သူလည်းဒီစာဖတ်တာမှ မဟုတ်ဘဲ)း) ဒါနဲ့ ပိုကာဒေါင်း လိုက်ကြတယ်။ ဒေါင်းရင် ပြားငါးဆယ်၊ ပိုက်ဆံဖဲ တစ်လုံးကို ဆယ်ပြားနှုန်းနဲ့။ ဆယ်ပြားပဲထုတ်ပြီးဆော့တာ ပွဲတစ်ဝက်ကျိုးတော့ ငါးကျပ် ကျော်လောက်ရနေပြီ။ ပြီးခါနီးကျတော့မှ ဖေကြီးက ပြန်နိုင်သွားတယ်။း) ၁၁ နာရီ ရောက်တော့ သိမ်းပြီး ပြန်လာခဲ့တယ်။ 20 Nov 09

သူငယ်ဘ၀ ခရစ်တော်နှင့် သစ္စာဖောက်တပည့် ယုဒ

ခရစ်ယာန် ဘုန်းတော်ကြီးများ အစဉ်အဆက် ပြောကြားလေ့ရှိခဲ့သည့် ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်တစ်ခုက ယခုလိုဆိုသည်။ တစ်ရံရောအခါက အီတလီပြည် စီစလီကျွန်ပေါ်ရှိမြို့တစ်မြို့တွင် ပန်းချီကျော်တစ်ဦးသည် ဘုရားရှိခိုးကျောင်းကြီးတစ်ခု၏ အတွင်းနံရံ၌ ခရစ်ဝင် ပန်းချီကားတွဲကြီးတစ်ခု ရေးဆွဲလျက်ရှိသည်။ ခရစ်တော်၏ ဘဝဖြစ်စဉ်ကို ဖော်ကျူးသည့် ယင်းပန်းချီကားများ ရေးဆွဲရာ၌ သရုပ်ပီပြင်စေရန်အတွက် ယေရှုခရစ်နှင့်တကွ ခမည်းတော်၊ မယ်တော်၊ နောက်ပါ တပည့်သာဝက အစရှိသူတို့၏ ရုပ်ပုံများအဖြစ် အပြင်လေကတွင် သက်ရှိထင်ရှား ရှိနေသူများထံမှ စရိုက်လက္ခဏာချင်း နီးစပ်ဆင်တူသူ အသီးသီးတို့ကို စံပြထားကာ ပုံတူ ရေးဆွဲယူခဲ့သည်။ နှစ်အတန်ကြာ ရေးဆွဲပြီးသည့်အခါ အရေးကြီးသော ရုပ်ပုံနှစ်ခုမှအပ ပုံအားလုံး ရေးဆွဲပြီးစီးလေသည်။ ကျန်ရှိနေသော ရုပ်ပုံနှစ်ခုကား ယေရှုခရစ်၏ သူငယ်ဘဝပုံတော်နှင့် ယေရှုခရစ်တော်အား သစ္စာဖောက်ဖျက်ခဲ့သည့် သာဝကဟောင်း ယုဒ ရှကာရုတ်၏ ပုံတို့ဖြစ်သည်။ ပန်ချီကျော်သည် ၎င်းရုပ်ပုံနှစ်ခုအတွက် ပုံတူရေးကူးနိုင်ရန် သင့်တော်မည့် စံပြပုဂ္ဂိုလ်နှစ်ဦးကို လိုက်လံရှာဖွေသော်လည်း တော်တော်နှင့် မတွေ့ရပေ။ တစ်နေ့၌မူ သူသည် လမ်းမပေါ်တွင် ဆော့ကစားနေသည့် ကလေးတစ်သိုက်ထဲမ