Skip to main content

Posts

Showing posts from September, 2009

သူတို့ကြောင့် (နှလုံးသွင်းမှန်ကြပါစေ)

ဘုန်းတော်၊ ဉာဏ်တော်ကြီးမားတော်မူသော မြတ်စွားဘုရားကို ရှိခိုးပူဇော်ပါ၏။ ၂၆ ရက်၊ စက်တင်ဘာလ၊ ၂၀၀၉ ခုနှစ် (စနေနေ့) မနေ့က တိုပါးရိုးဘုန်းကြီးကျောင်းကိုသွားတော့ တရားပွဲမှီလိုက်တယ်။ တရားက ဘာလဲဆို လူတွေ စိတ်ချမ်းသာချင် ကြတယ်။ ဒါပေမယ့် စိတ်မချမ်းသာကြရဘူး။ မိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်ကြတယ်။ ဒါပေမယ့် မပျော်ကြရပြန်ဘူး။ ဘာလို့ပါလဲတဲ့။ မနာလိုခြင်း နဲ့ ဝန်တိုခြင်းကြောင့်ပါတဲ့။ မနာလိုခြင်းဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ကောင်းစားသွားတာ၊ အဆင်ပြေသွားမှာ ကြည့်လို့မရ၊ မခံနိုင်ကြတာဖြစ်ပါတယ်။ များသောအားဖြင့် ရုပ်ဝတ္ထု ပစ္စည်းတွေကြောင့် သံယောဇဉ်တွေ ကြောင့်ဖြစ်ပါတယ်။ (လူမျိုးတူချင်းတွေ တစ်ယောက်နဲ့တစ်ယောက် အောင်မြင်သွားမှာ မဖြစ်စေလိုဘူးဆိုတော့ အဲဒီလူမျိုး အောင်မြင်ဖို့ ဘယ်တော့မှ မဖြစ်နိုင်ဘူးမြင်ပါတယ်။) တစ်ယောက်နဲ့ တစ်ယောက် လုပ်ဖော်ကိုင်ဖက်တွေ သူငယ်ချင်းတွေ တွန်းလိုက်တိုက်လိုက် ဘာကြောင့်လုပ်လဲဆို အဲဒီ့ မနာလိုခြင်းကြောင့်ဖြစ်ပါတယ်တဲ့။ (မှန်ပါတယ်၊ တရားတွေ မေ့ ပစ်လိုက်ကြတဲ့ သေးသိမ်တဲ့ သူတွေလို့ပဲပြောချင်ပါတယ်။) နောက်တစ်ခုဖြစ်တဲ့ ဝန်တိုခြင်းကတော့ ကိုယ့်ထက်သာသွားမှာစိုးပြီး ကိုယ့်မှာရှိတာကို မဝေမျှချင်တာပါ။

ပေဟဠိ

စားလို့ရတဲ့မုန့်ထဲမှာ မွေးကတည်းက ချို့ယွင်းချက်နဲ့ မွေးလာတဲ့ မုန့်။ ဘာမုန့်ပါလဲ။း) ခြွင်းချက်။  ။ တစ်ခုထက်ပို ရှိနိုင်ပါတယ်။

ဆေးလိပ်လက်ဆောင်

မဝယ်ဘူး မယ်ခူးတဲ့ ဖက်စို၊ မီးမကူ နေပူမှာ မကင်အားလို့၊ ထားရတယ် အိပ်ရာအောက်မှာ၊ မင်းသောက်ဖို့ကို။ ညှာအနား ရှေ့သွားနှင့် ကိုက်လို့တို၊ မချိုတောင့်လိပ်ဆေး။ ပိုးမကူ ဝါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်။ ငယ်ချစ်မောင် ရွှေဝသွားကို၊ ပါးလိုက်ကဲ့လေး။ မယ်ခွေရဲ့ မာစတာ ပိစ်လေးပါ။ အရင်က ကဗျာလေးတွေ အရမ်းကြိုက်လို့ လိုက်ဖတ်ပြီးတင်နေပါတယ်။ စကားပြေရေးဖို့တော့ အိမ်စာပေးလိုက်မယ်နော်။ း) အဟွတ် အဟွတ်

ကဗျာ (Updated)

ကြုံစဖူး၊ မြင်ဖူးမှ ယုံစဖွယ်။ ဖြူနီပြာဝါတစ်စုနှင့် ခရုထွေလာဆန်း၊ ကမ်းကွေ့ပတ်လည်။ ရွှေမင်တံသံပခြုပ်နှင့် ဟန်ရုပ်ပြသွယ်သွယ်၊ နတ်မယ်လျ ဆံထိုး။ ဝင်ကစွပ်၊ မြင်ဆွတ်ကကြည်ဖို့ရာ၊ ဟိုသို့လာ၊ သည်သို့သွားနှင့်၊ အငှားခန္ဓာမြှောင်ရတယ်၊ ဆန်းခေါင်ထိမျိုး။ ဦးကြင်ဥ ရေးတဲ့ကဗျာပါ။ ဒီနေရာမှာ ဒီကဗျာလေးနဲ့ စပ်မိလို့ မရီတာရဲ့ ကိုရွာသား ဘာကြောင့် နိုင်ငံရပ်ခြားဆိုတဲ့ ပိုစ်ကို သတိရလို့ အတွေးလေးပေါ်လာတယ်။ ကိုယ်ဝတ်တဲ့ အင်္ကျီကို လှမလှ ဘေးက ဆုံးဖြတ်ပေးတာ ခံရတဲ့ အကောင်လေးတွေကိုတော့ စိတ်မကောင်းဘူး ဒါကြောင့် ကိုယ်နဲ့ လိုက်မယ့် အင်္ကျီလေးတွေကို ကိုယ့်ဘာသာ ရွေးချယ်ပြီး ဆုံးဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကျောင်းဖွင့်စနေ့

ကျွန်တော် လေးတန်းပြီးသွားတော့ ငါးတန်းရောက်တဲ့အခါ ကျွန်းတောလမ်းပေါ်က အ.လ.က (၃) လို့ခေါ်တဲ့ နှစ်ထပ်ကျောင်းဆောင်လေးကိုပြောင်းတက်ရတယ်။ ဖေကြီးက အဲဒီကျောင်းက ကျောင်းသားဟောင်းကိုး။ အရင်တုန်းကတော့ အဲဒီကျောင်းကို အလကား ၃ လို့ခေါ်ကြတဲ့အထိ နာမည်ဆိုးခဲ့တဲ့ကျောင်းလေးပေါ့။ ကျွန်တော် မတက်ရခင် နှစ်အနည်းငယ်ကမှ နာမည်ပြန်ကောင်းလာလို့ အဲဒီကျောင်းကို ဖေကြီးက ပို့လိုက်တယ်။ ကျောင်းတက်တဲ့အချိန် နှစ်တိုင်းထူးခြားတာတစ်ခုရှိတယ်။ စတက်တဲ့နေ့တိုင်း မိုးရွာတာပဲ။ ကျောင်းစတက်တဲ့နေ့ စာစီစာကုံးရေးမယ်ဆို ကျွန်တော့်စာပိုဒ်တွေမှာ စိုရွှဲလို့။ မိုးနံ့တောင် သင်းနေရော။ ပြောင်လက်နေတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီ အစိမ်းရောင် တောက်တောက်လေးတွေ ကလည်း မိုးစက်လေးတွေနဲ့ ပဏံသင့်လို့။ နောက်မိုးကာအကြည်လေးတွေ၊ အရောင်လေးစုံလေးတွေ ကိုယ်စီနဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ မိဘတွေနဲ့ အတူ အားလုံး ကျောင်းတံခါးကြီး ဖွင့်ချိန်ကို မျှော်တလင့်လင့်နဲ့ စောင့်နေလေရဲ့။ `ကလောင်´ ..... `ကလောင်´ ...... `ကလောင်´ ကျောင်းခေါင်းလောင်းထိုးပြီ။ အေးစက်နေတဲ့ ခေါင်းလေးတွေ ထောင်သွားတယ်။ ဗွက်တွေဆော့ ထားတဲ့ ခြေထောက်လေးတွေ လှုပ်ရှားလာတယ်။ ဟော... ဆီမထည့်ရသေးတဲ့ ကျောင်းတံခါးကြီး တစ

Solve the Problem

The price of 10 pounds of apples is d dollars. If the apples weigh an average of 1 pound for every 6 apples, which of the following is the average price, in cents, of a dozen such apples? A. 20d B. 50d over 3 (50d/3) C. 5d D. 5d over 3 (5d/3) E. d over 20 (d/20) If it is now 4:00 p.m. Saturday, in 253 hours from now, what time and day will it be? (Assume no daylight saving time changes in the period.) A. 5:00 a.m. Saturday B. 1:00 a.m. Sunday C. 5:00 p.m. Tuesday D. 1:00 a.m. Wednesday E. 5:00 a.m. Wednesday

အမှတ်တရ ပန်းပွင့်လေး

တစ်ခုသောကောင်းကင်ပြာအောက်က တစ်နေ့သော ရက်မြတ်လေးထဲမှာ ရင်ဆိုင်ဆုံတွေ့ခဲ့တယ်။ မြင်လိုက်ရရုံခဏလေးနဲ့ ကိုယ့်နှလုံးသွေးများ ရပ်တန့်အောင် သိပ်လှနေတဲ့ အချစ်ရယ်။ ဆံစကနေ ခြေဖျားထိ အပြစ်ကင်းလွန်းတဲ့ မိန်းကလေးရယ်။ အသဲနင့်အောင် ချစ်မိတယ်။ အဲဒီ့သီချင်းလေး အတိုင်းပဲပေါ့။ မသွားဖူးသေးတဲ့ နေရာတစ်ခုကို သွားရင်းနဲ့ အဲဒီ့ပန်းကလေးကို စတွေ့ခဲ့ရတယ်။ စတွေ့ခါစမှာတော့ တစ်မျိုးဖြစ်သွားတယ်။ ဘာဖြစ်သွားလဲတော့ မပြောပြတတ်။ ပန်းကလေးကို ကြည့်ရတာ လန်းဆန်းလို့ ကြည်နူးစရာပေပဲ။ ပတ်ဝန်းကျင်တွေ ကလည်း အရမ်းကြည့်လို့ကောင်းနေလေရဲ့။ ဆူညံသံတွေလည်း မကြားရလောက်အောင်ပဲ။ ထူးဆန်းပါပေ့။ ဒီလိုနဲ့ တစ်နေကုန်သွား၊ တစ်လ ထွက်လာပြန်ပေါ့။ တစ်ခါတစ်ခါ ကြုံရင်ကြုံသလို သွားကြည့်ဖြစ်တယ်။ ဒီလိုနဲ့ သူ့ကို ပေါင်းသင်ရေလောင်း ပေးချင်စိတ်ဖြစ်လာခဲ့တယ်၊ အို.. ဒီနေ့ ပန်းကလေး သိပ်မလန်းဆန်းသလိုပါလား။ (တော်တော် လိမ္မာတဲ့ပန်းလေးပဲ)။ ဒီလိုနဲ့ အတွေးတစ်ခု ပေါ်လာတယ်။ ကိုယ့်နေရာ မဟုတ်ဘဲ တခြားနယ်ဆိုတော့ ဒီပန်းလေးကို ပြုစု ပျိုးထောင်ပေးတဲ့သူ၊ ခူးပြီးစိုက်ပျိုးထားတဲ့သူ တွေများ ရှိလေမလား....... အခုထိ ဘယ်သူမှတော့ သူ့အနားမှာ မတွေ့ရသေးဘူး။ ဒါပေမယ့် ဒီလို ခက်ခဲကြမ်းတမ်းတဲ့န