Skip to main content

Posts

Showing posts from February, 2009

ပျဉ်းမငုတ်တို

ဖုထစ်ရွတ်တွ ငှက်ဠင်းတသို့ ပျဉ်းမငုတ်တို သက်ကြားအိုသည် ကုန်းမို့ထက်တွင် တစ်ပင်တည်း ခွဆုံအကွေး သစ်ကိုင်းဆွေးလည်း အဖေးတက်လာ အိုင်းအမာသို့ ကျယ်စွာဟက်ပက် ခြအိမ်ပျက် ကုန်းမိုးကမ်းပါး မြေပက်ကြားတွင် စစ်သားခမောက် ပိန်ခြောက်ခြောက်လည်း စစ်ရောက်စခန်း လက်ပြညွှန်း ထိုပင်ငုတ်တို ပျဉ်းမအိုသည် စစ်ကိုလည်းကြုံ ခြအုံလည်းဖြစ် ဓါးထစ်လည်းခံ နေလျှံလည်းတိုက် လေပြင်းခိုက်လျက် မငိုက်ဦးခေါင်း နွေသစ်လောင်းသော် ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ၍ လေပြည်ထဲတွင် ငယ်ရုပ်ဆင်သည် အသင်ယောက်ျားကောင်းတစ်ကား။    ။ ဆရာကြီးမင်းသုဝဏ်

သူငယ်ချင်း (၁)

တစ်ခါက အရမ်းချစ်ကြတဲ့ သူငယ်ချင်း နှစ်ယောက်ရှိသတဲ့၊ တစ်ယောက်ကအရမ်းချမ်းသာပြီး နောက်တစ်ယောက်က ချို့တဲ့ရှာတယ်ပေါ့။ အပြင်ထွက်တဲ့အခါတိုင်း ချမ်းသာတဲ့သူငယ်ချင်းကပဲ အမြဲကျွေးသတဲ့၊ နည်းနည်းချို့တဲ့သူက တွေးတယ် “ ငါ့သူငယ်ချင်းကအရမ်း ချမ်းသာတော့ သူပဲကျွေးပေါ့ ”။ တစ်ကယ်လည်း အမြဲတမ်းကျွေးပါတယ်၊ ဒါပေမယ့် တစ်ခါ တစ်ခါတော့ စဉ်းစားမိတာပေါ့...တစ်ခါတစ်ရံ စဉ်းစားရင်း ဟိုတွေးဒီတွေး ပြဿနာလေးတွေလည်း ပေါ်တာပေါ့။ နောက်ဆုံးတော့ ဒီသူငယ်ချင်းနှစ်ယောက် ကွဲသွားခဲ့ပါတယ်။ အဲဒီ ချမ်းသာတဲ့ သူက နောက်တစ်ယောက်ကို ဘယ်လိုပြောပြလဲဆိုတော့ “သူကွာ ငါ့သူငယ်ချင်းဖြစ်တာ နှစ်(၂၀)ကျော် ကြာပြီ၊ ငါ့ကို တစ်ခေါက်တစ်လေ ဟမ်ဘာဂါလေး ရေလေးတစ်ဗူး တောင် ၀ယ်မကျွေး၊ ၀ယ်မတိုက်ဖူးဘူး၊ သူချို့တဲ့တယ်ဆိုပေမယ့် နည်းတာ များတာ ထားပါကွာ.. ငါက ငါချစ်တဲ့ သူငယ်ချင်းကျွေးတာ တစ်ခါတစ်လေတော့ စားချင်တာပေါ့” တဲ့။

နှင်းဆီပွင့်

လယ်တောက ပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင် ခူးကာပေး မနက်တုန်းဆီက ကျော့ဆုံးကို မောင်မြင်တော့ သူ့ဆံပင် နှင်းဆီပွင့်တွေနှင့် ဂုဏ်တင့်တယ်လေး.... ဆရာကြီးမင်းသုဝဏ် ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီ(၁၀) ရက်နေ့ ... နှစ်တစ်ရာပြည့်မွေးနေ့ အရမ်းကောင်းတဲ့ကဗျာတွေမှန်း အခုမှသိတယ်။

ဒါကတော့ လတ်တလော တွေ့နေရတဲ့ topic တစ်ခု

ဒါကတော့ လတ်တလော အီးမေးလ် ထဲမှာ တွေ့တွေ့နေရတဲ့ အကြောင်းအရာလေးတစ်ခု။ ကျွန်တော့်အမြင်ကိုလည်း ရေးထားပါတယ်။ ကျမလဲ ညထဲက နှင်းဆီပန်းတွေ အမြဲဝယ်ထားတယ်.....။ မနက်ဆို နှင်းဆီပန်းစီးကိုကိုင်ပြီး ဒီဇင်ဘာတစ်လလုံး ဘုရားတက်ခဲ့တာ ကျမပေါ့။ အဲဒါမနက်ပိုင်း..... ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျမတို့ ညီအမလေးယောက် ဒေါ်ကြီး ထမင်းတွေဟင်းတွေ လ္ဘက်သုတ်ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တတ် ချမ်းသာကြီးတန်ဆောင်းမှာ ပု တီးစိတ် စကားတွေပြောပြီး ....။ ခေါင်းလောင်းထိုး..လူနှင်တော့မှ မဆင်းချင်ဆင်ခြင်နဲ့ ကျမတို့  ဆင်းလာခဲ့ကြတယ်။ ကျမတို့ ညီအမ ဘုရားမနက်တက် ညနေတက်လို့ ဘုရားတရား သိပ်လုပ်တယ်လို့  တော့ မထင်စေချင်ဘူး ။ အကြောင်းအရာတစ်ခုစလိုက်ရင်တစ်ေ ယာက်တစ်ပေါက်မပြီးနိုင်မစီးနို င်ပြောတာတွေ..... ရင်ထဲမှာစုထားတဲ့  အကြောင်းအရာတွေ အကုန်ပြော.... ကြုံရင်ကြုံသလို နောက်တုန်း..။ ကျမကတော့ အကုန်စပ်စုတွေ့ သ မျှ အကုန် အဲလိုစပ်စုရင်းနဲ့ ရွှေတိဂုံဘုရားက အလှူခံပုံးတွေ အကြောင်း ကျမသိလာခဲ့ ရတယ်၊ ချမ်းသာကြီး တန်ဆောင်းမှာပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု ကောင်လေးတစ်ယောက် က သော့ခတ်ထားတဲ့ အလှူခံပုံးတွေကို လာလာထမ်းယူသွားတယ် ...။