Skip to main content

Posts

Showing posts from March, 2012

ကြံ့ခိုင်တဲ့ စိတ်ဓာတ်

လောကဓံ နဲ့ကြုံရင် စိတ်ဓာတ်ကြံ့ခိုင်သူတွေသာ အောင်မြင်နိုင်တယ် . လောကဓံဆိုတာ လောက ဓမ္မဘဲ . လောကဓမ္မဆိုတာကတော့ လောကကြီးမှာ သက်ရှိသက်မဲ့တိုင်း ကြုံရတဲ့ တရားသဘောတွေပဲပေါ့ . အဲဒီတရားတွေကိုဆင်ခြင်ကြည့်ရင် အရင်းအနေနဲ့ သုခနဲ့ ဒုက္ခဆိုတာ တွေ့ရမယ် . လူတွေဟာ ဒုက္ခကိုဘဲ လောကဓံလို့ အမှတ်မှားနေကြတယ် . အကြောင်းက ထင်သာမြင်သာရှိပြီး ကြမ်းကြမ်းတမ်းတမ်း ခံစားရတာကိုး . သုခကိုတော့ လောကဓံလို့ သဘောပေါက် နားလည်တဲ့သူတွေ နည်းတယ် . သူက နူးညံ့ပြီး သိမ်မွေ့တာကြောင့် အများက သဘောပေါက်လေ့ မရှိဘူး . ငါခံစားပိုင်ခွင့်ရှိလို့ အစချီတဲ့ သဘောတွေသာ နှလုံးသွင်းမိကြတယ် . အဲဒီတော့ ဘာဖြစ်သလဲဆို.. ကောင်းနေတုန်းတော့ ဟုတ်လို့ မကောင်းတော့တဲ့အခါကျတော့ ငါ့ကျမှဘာလို့ဖြစ်ရပါလိမ့်ဆိုတဲ့ အတွေးမှားတွေ တသီကြီး ဝင်လာမယ် . ကြာရင် စိတ်ကျရောဂါရ စိတ်တွေ ထိခိုက်လာမယ် . အမှန်ကို နားလည် သဘောမပေါက်ခြင်းရဲ့ ရလဒ် ဘယ်လောက် ဆိုးလိုက်သလဲ.... ဒါကြောင့် ကောင်းတာနဲ့တွေ့တွေ့ မကောင်းတာနဲ့တွေ့တွေ့ ကျောက်ဆောင်သဖွယ် တောင်ကြီးသဖွယ် တည်တည်တံ့တံ့ နေရမယ် .  ဒီစာထဲမှာ သိတယ်လို့မသုံးဘဲ သဘောပေါက်နားလည်တယ်လို့သုံးထားတာ အဲဒီစာလုံးတွေရဲ့ အဓိပ္ပါယ်ကွာခြားတယ်ဆိုတာကို သတိထာ