Skip to main content

Posts

Showing posts from March, 2011

ရောင့်ရဲခြင်း၊ ပျင်းရိခြင်း နှင့် ပြုရမည့်လုံ့လ

ရောင့်ရဲခြင်း ရောင့်ရဲခြင်းနဲ့ ပျင်းရိခြင်းဆိုတာ ရောထွေးနေတတ်ကြတဲ့ တရားနှစ်ခုပါပဲ။ ဥပမာ - ရောင့်ရဲခြင်းဆိုတာ ဈေးကြီးပြီး လုပ်ဆောင်ချက်ကောင်းတဲ့ ကွန်ပျူတာ မဝယ်နိုင်သေးတဲ့အချိန်မှာ ရှိပြီးသား ၄ နှစ် ၅ နှစ်သက်တမ်းရှိတဲ့ ကွန်ပျူတာအဟောင်းလေးနဲ့ သုံးနေပြီး ဝယ်ချင်တာလေး ဝယ်နိုင်ဖို့ စုစုဆောင်းဆောင်းလေးနဲ့ ချင့်ချိန်သုံးစွဲနေခြင်းဖြစ်ပြီး ပျင်းရိခြင်းကတော့ လိုချင်ပေမယ့် ရအောင်လုပ်ဆောင်မှုမရှိဘဲ ဆင်ခြေတွေပေးနေခြင်း ဖြစ်ပါတယ်။ ရအောင်လုပ်ဆောင်ခြင်း မရှိခြင်းကြောင့် ရဖို့ရာ အခွင့်အလမ်းက သုညပေါ့။ အဆုံးမှာတော့ အဲဒီ ပျင်းရိခြင်းကို ပျင်းရိသူတွေက ရောင့်ရဲတယ်လို့ မှားယွင်းစွာ နာမည်တတ်လိုက်ကြတယ်။ ဒါကိုလည်း စဉ်းစားဆင်ခြင်မှု မရှိသူ/မပြုသူတွေက ဒါဟာ ရောင့်ရဲခြင်းဘဲလို့ အမှားကို အမှန် ထင်တတ်ကြတယ်။ အလားတူစွာပဲ ရောင့်ရဲခြင်းနဲ့ ရှာဖွေလိုစိတ်မရှိခြင်းစတဲ့ သီးခြားစီရှိနေတဲ့ တရားနှစ်ခုကိုကိုလည်း ရောထွေးနေတတ်ကြပါတယ်။ လူအများကို ကူညီချင်လို့ဖြစ်စေ၊ မိမိကိုယ်ကို ကူညီချင်လို့ဖြစ်စေ စီးပွားဥစ္စာ၊ ပညာတွေကို ရှာဖွေခြင်းအမှုကို ပြုနေကြရပါတယ်။ အဲဒီအခါမှာ အားကြိုးမာန်တက် ရှာဖွေလိုတဲ့သူနဲ့ သက်သက်သာသာ ရှာဖွေလိုသူရယ်လို့ ကွ

ငါးမိနစ်လောက်

ပန်းခြံတခုက ထိုင်ခုံလေးမှာ အမျိုးသမီးတယောက် နဲ့ အမျိုးသားတယောက် အတူထိုင်လို့နေတယ်။ သူတို့ထိုင်နေတဲ့ ပန်းခြံရဲ့ ဘေးနားလေးမှာတော့ ကလေးကစားကွင်းလေးတခု။ "အဲဒါ ကျွန်မရဲ့ သားလေးပေါ့" အနီရောင် ဆွယ်တာလေးဝတ်ထားပြီး လျှောပေါ်က ဆင်းချလိုက်တဲ့ ကောင်လေးကို လက်ညှိုးညွှန်ပြပြီး အမျိုးသမီးက စကားစလိုက်တယ်။ "ကြည့်ကောင်းတဲ့ ချစ်စရာကောင်လေးပဲ။ ကျွန်တော့်သမီးလေးကတော့ ဟောဟိုက အကျီအဖြူနဲ့ စက်ဘီးစီးနေလေရဲ့။" အမျိုးသားက ပြန်နှုတ်ဆက်လိုက်တယ်။ နောက်တော့ သူက နာရီကိုကြည့်လိုက်ပြီး သမီးဖြစ်သူကို လှမ်းခေါ်ကြည့်လိုက်တယ်၊ "မယ်လစ်ဆာရေ၊ အချိန်ပြည့်ပြီ သွားကြမလား" " ကျေးဇူးပြုပြီး၊ ငါးမိနစ်လောက် နေလို့ရသေးလား ဖေဖေ၊ ငါးမိနစ်ထဲပါနော်" မယ်လစ်ဆာလေးက တောင်းပန်၊ ခွင့်တောင်းလိုက်တယ်။ သူက သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တော့ မယ်လစ်ဆာလေးက ပျော်ရွှင်စွာပဲ စက်ဘီးလေးကို ဆက်စီးနေလေတယ်။ နောက် အချိန်ပြည့်သွားတဲ့ အခါ သမီးကို လှမ်းပြီး သတိပေးလိုက်တယ်။ "မယ်လစ်ဆာရေ သွားဖို့အချိန်ရောက်ပြီ။" သမီးလေးက ထပ်ခွင့်တောင်းလိုက်တယ်။ "နောက်ထပ် ငါးမိနစ်လောက် ဖေဖေ။ နောက်ထပ် ငါးမိနစ်" သူက ပြုံး

Sensible or Sensitive

My friend and I are discussing about a few commonly confused words. We have got two words could not get satisfied with the answer and explanation.  Those are Sensible and Sensitive. We need to answer the two questions with the appropriate word. The questions are: a) Be careful when you comment about his fashion sense, he is very __________. (Sensible / Sensitive) b) It is _________ to keep note of your passport number. (Sensible / Sensitive)   Could anyone of you help us explaining that which word will be the best choice for each question and why? Please kindly explain another question too: why the other word cannot be used in place of the correct answer you have chosen.   Lots of Thanks, TNT

ဝိပဿနာတရား

ဝိပဿနာတရားဆိုတာကို- ကျွန်တော် အရင်ကတော့ တရားထူးတရားမြတ်ဆိုတာ လူဝတ်စွန့် ရဟန်းဝတ် တောထွက်ပြီးမှ ကျင့်ကြံရတဲ့ သာမာန်လူဝတ်နဲ့ ကျင့်ကြံလို့ လက်လှမ်းမီနိုင်တဲ့ တရားတွေ မဟုတ်ဘူးလို့ အထင်မှားခဲ့ပါတယ်။ ပြီးခဲ့တဲ့လ တရုတ်နှစ်ကူးပိတ်ရက်မှာ အကောင်းဆုံး သူငယ်ချင်းတွေရဲ့ တိုက်တွန်းမှုနဲ့ သူတို့နဲ့လိုက် တရားဝင်ခဲ့ပါတယ်။ အဲဒီမှာပဲ အစောက အမြင်အမှားကို မှားမှန်းသိခဲ့လိုက်ရလို့ အရမ်းဝမ်းသာခဲ့ရပါတယ်။ အဲဒီ အဖြစ် အတွေ့အကြုံတွေကိုတော့ အကြောင်းတိုက်ဆိုင်တော့မှဘဲ အသေးစိတ်ရေးပါ့မယ်။ ခုတော့ အတိုချုံးပြီး ရေးလိုက်ပါရစေ- Right click နှိပ် Save link as / Save target as နှိပ် ဒေါင်းလုပ်ချပြီး နာကြား ကျင့်ကြံကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ၁၀။ ဝိပဿနာအခြေခံတရားတော် (၁) http://dhammadownload.com/MP3Library/MahasiSayadawUSobhanaMahathera/MP3Disc01/010%20MahasiSayadaw%20VipasanaAhChayKhanTaYarTaw01.mp3 ၁၁။ ဝိပဿနာအခြေခံတရားတော် (၂) http://dhammadownload.com/MP3Library/MahasiSayadawUSobhanaMahathera/MP3Disc01/011%20MahasiSayadaw%20VipasanaAhChayKhanTaYarTaw02.mp3 ၁၂။ ဝိပဿနာအခြေခံတရားတော် (၃) http://dhammadownload.com/MP3Lib