Skip to main content

Posts

Showing posts from April, 2010

When?

ဘယ်လိုအချိန် ဘယ်လိုအခြေအနေမှာ လူတစ်ယောက်ဟာ တစ်စုံတစ်ခု (သို့) တစ်ခြားသူတစ်ယောက်ကို အကြွင်းမဲ့ ယုံကြည်တတ်ပါသလဲ။

လူတယောက် နှစ်ဘဝ

ခရစ်ယာန် ဘုန်းတော်ကြီးများ အစဉ်အဆက် ပြောကြားလေ့ရှိခဲ့သည့် ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်တစ်ခုက ယခုလိုဆိုသည်။ တစ်ရံရောအခါက အီတလီပြည် စီစလီကျွန်ပေါ်ရှိမြို့တစ်မြို့တွင် ပန်းချီကျော်တစ်ဦးသည် ဘုရားရှိခိုးကျောင်းကြီးတစ်ခု၏ အတွင်းနံရံ၌ ခရစ်ဝင် ပန်းချီကားတွဲကြီးတစ်ခု ရေးဆွဲလျက်ရှိသည်။ ခရစ်တော်၏ ဘဝဖြစ်စဉ်ကို ဖော်ကျူးသည့် ယင်းပန်းချီကားများ ရေးဆွဲရာ၌ သရုပ်ပီပြင်စေရန်အတွက် ယေရှုခရစ်နှင့်တကွ ခမည်းတော်၊ မယ်တော်၊ နောက်ပါ တပည့်သာဝက အစရှိသူတို့၏ ရုပ်ပုံများအဖြစ် အပြင်လေကတွင် သက်ရှိထင်ရှား ရှိနေသူများထံမှ စရိုက်လက္ခဏာချင်း နီးစပ်ဆင်တူသူ အသီးသီးတို့ကို စံပြထားကာ ပုံတူ ရေးဆွဲယူခဲ့သည်။ နှစ်အတန်ကြာ ရေးဆွဲပြီးသည့်အခါ အရေးကြီးသော ရုပ်ပုံနှစ်ခုမှအပ ပုံအားလုံး ရေးဆွဲပြီးစီးလေသည်။ ကျန်ရှိနေသော ရုပ်ပုံနှစ်ခုကား ယေရှုခရစ်၏ သူငယ်ဘဝပုံတော်နှင့် ယေရှုခရစ်တော်အား သစ္စာဖောက်ဖျက်ခဲ့သည့် သာဝကဟောင်း ယုဒ ရှကာရုတ်၏ ပုံတို့ဖြစ်သည်။ ပန်ချီကျော်သည် ၎င်းရုပ်ပုံနှစ်ခုအတွက် ပုံတူရေးကူးနိုင်ရန် သင့်တော်မည့် စံပြပုဂ္ဂိုလ်နှစ်ဦးကို လိုက်လံရှာဖွေသော်လည်း တော်တော်နှင့် မတွေ့ရပေ။ တစ်နေ့၌မူ သူသည် လမ်းမပေါ်တွင် ဆော့ကစားနေသည့် ကလေးတစ်သိုက်ထဲမ

ထမင်းအရသာအပြည့် သင်္ကြန်ထမင်း ပြုလုပ်နည်း

သင်္ကြန်ထမင်းလုပ်နည်း----- လိုအပ်သည်များ-- ထမင်း၊ ရေပြွတ်၊ ရေဖလား၊ အိုးမဲ၊ ထမင်းကို အရင်ဆုံးတည်လိုက်ပါ။ ထမင်းကျက်သွားပါက ပန်းကန်အနေတော်နှင့်ထည့်။ ပြီးနောက် ရေပြွတ်ကို ရေဖြည့်ကာ ပြွတ်နှင့်ထိုးပါ။ အားရသွားပါက ရေဖလားနှင့် လောင်းပါ။ (ယဉ်ကျေးမှုနှင့် မညီညွတ်သောကြောင့် ခွက်စောင်းမခုတ်ပါနှင့်၊ ယင်းဥပဒေကို မလိုက်နာပါက ပျံ့ကျဲသွားသော ထမင်းစေ့များကို လိုက်လံသိမ်းဆည်းရပါလိမ့်မည်။) အိုးမဲကိုတော့ ကြိုက်ရင် သုတ်နိုင်ပါသည်။ အခုဆိုရင်တော့ အရသာရှိမရှိ မသိပေမယ့် သင်္ကြန်ထမင်းကို ရပြီဖြစ်သောကြောင့် ချစ်ရသော သူငယ်ချင်းများနှင့် အိမ်နီးနားချင်းများကို မျက်နှာလုပ် ကျွေးမွေးနိုင်ပါပြီ။ သရုပ်ပြကာ သူငယ်ချင်းများကို ဒါနပြုရန် မျှော်လင့်နေသော TNT --- ခက်ဆစ်- ရေပြွတ် - ပြွန်တစ်ခုမှ ရေလွှတ်စေသောကြောင့် စာလုံးနှစ်ခု ပေါင်းကာ ရေပြွတ်ဟုခေါ်ပါသည်။ ခွက်စောင်းခုတ် - ရေထည့်ထားသောခွက်နှင့် ကိုယ်ကို စောင်းစောင်းလေး ထားကာ ခွက်ဖြင့် ပစ်ပေါက်၍ ဆောရီးဟု တောင်းပန်ခြင်း