Skip to main content

Let's go together to a better place

စလုံးအစိုးရက သူတို့ နိုင်ငံသားအများစု အင်္ဂလိပ်စာအားနည်းမှန်းသိတယ် လက်လည်းလက်ခံတယ်။ အဲဒါကြောင့် အင်္ဂလိပ်စာ စနစ်တကျ သင်ယူဖို့ ကမ်ပိန်းတွေ လုပ်တယ်၊ ဗော်လန်တီယားတွေ အားကိုးနဲ့ပေါ့။ ကျောင်းတွေမှာ အိမ်တွေမှာလည်း စနစ်တကျပြောဖို့ အားပေးတယ်။

တက္ကသိုလ်အဆင့် မရောက်သေးတဲ့ ကျောင်းတွေကို တက္ကသိုလ် အဆင့်မြှင့်နေပြီ။ နောက်သူတို့ နိုင်ငံသားတွေကို စီမံခန့်ခွဲရေးနေရာတွေကို ပိုချပေးစေတယ်။ အဲဒီပညာရပ်တွေကိုလည်း ဆည်းပူးဖို့ ထောက်ပံ့အားပေးတယ်။

မကြာသေးခင်က အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ မြန်မာနဲ့ သူတို့ စလုံးတွေ နည်းနည်းရှုပ်သွားသေးတယ် (အွန်လိုင်းမှာပေါ့)။ မြန်မာတွေ နိုင်သွားခဲ့တယ်။ နိုင်တာက သူတို့ စ ကောက်ချက်ချမှားလို့ သူတို့ ဘာမှ ပြောလို့ သိပ်မရခဲ့တာ။ ဒါပေမယ့် အဲဒီ့ နိုင်တဲ့ အပေါ်မှာ မူးယစ်အထင်ကြီးနေပြီး ကိုယ်တိုင် အင်္ဂလိပ်စာ အစ အသက်မွေးမှု ပညာ၊ အဆင့်မြင့်ပညာတွေ ဆက်မလေ့လာဘဲ နေမယ်ဆိုရင် နောက် လေး ငါး နှစ်မှာ အဘက်ဘက်က ထိုးနှက်မှုတွေကို ခံရလိမ့်မယ်လို့ဆိုချင်တာ။

ရှင်းရှင်းပြောရင် လိုတုန်းတော့ ဈေးနည်းနည်း နဲ့ မတရား လုပ်ခိုင်းပြီး မလိုမှ ကန်ထုတ်တာကြီးကို စာနာစိတ်မရှိလို့ ဘယ်လိုမှ မကြိုက်ဘူး၊ ဒါပေမယ့် လက်မခံလို့လည်း မရဘူး။ ကိုယ့်ဘက်က မပြည့်စုံတောင် ကောင်းနေရင် သူတို့ လုပ်လို့ မရဘူးပေါ့။ သူတို့လည်း ပြောပါတယ်၊ တော်တဲ့သူ ကောင်းတဲ့သူဆိုရင်တော့ ကြိုဆိုပါတယ်တဲ့။ အဲဒီတော့ ပြောဖို့မလိုတော့ဘူး၊ လုပ်ရတော့မှာပေါ့။

Comments

အင်း
ဟုတ်တာပေါ့
ငါတော့ အီး ညံ့သေးတယ်
တော်တော်ကိုညံ့တာ
(ဘယ်သူမှ ရိုက်မစစ်ပဲ ပြောသွားသည် .. :P)
chocothazin said…
ဈေးနည်းနည်းနဲ့ မတရားလုပ်ခိုင်းတယ်ဆိုတာကို နည်းနည်းဆွေးနွေးကြည့်ချင်တယ်။

ဈေးနည်းတယ်ဆိုတဲ့နေရာမှာ သူတို့ လူမျိုး၊ သူတို့ နိုင်ငံသားတွေနဲ့ ယှဉ်တဲ့အခါ အမြဲတမ်းလိုလိုနည်းနေတတ်တာမျိုး။ ဒါကိုလက်ခံတယ်။
ကိုယ်လိုပဲ နိုင်ငံခြားသားတွေ အနေနဲ့ ကိုယ်နဲ့ တန်းတူရနေသလား။ ဒါကိုတော့ ငါ သေချာမသိဘူး။(ငါတို့ ရုံးမှာ ငါတစ်ယောက်ပဲ နိုင်ငံခြားသားရှိတယ် ကျန်တာ စ လုံးတွေပဲ)။

နောက်ထပ်တစ်ခုက ငါ့အနေနဲ့ပညာအပြည့်သယ်လာတယ် ဆိုပါတော့။ ဒါပေမယ့် တစ်ချို့ အပိုင်းတွေမှာ ငါဟာ သူတို့ တွေ လုပ်ငန်းအပေါ်နားလည်သလောက် ငါနားမလည်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် အစပိုင်းမှာ သူတို့ လခယူပြီး သူတို့ ဆီကပညာသင်သလိုတောင်ဖြစ်ခဲ့တယ်။ (as for me နော်)ဒါအမှန်ပဲ။
ဒါဟာ လုပ်သက်အနုအရင့်နဲ့လည်း ဆိုင်လိမ့်မယ်။

မလိုမှ ကန်ထုတ်တာမျိုး ဆိုတဲ့နေရာမှာ အလုပ်ရှင်ပေါ်မှာ မူတည်မယ်၊ နောက် ကိုယ့်ရဲ့ အရည်အသွေး (performance) ပေါ်မှာ မူတည်မယ်။

သူက နိုင်ငံခြားသားကို ဖြုတ်မယ်ဆိုတဲ့အတွေးထက် သူ့ လုပ်ငန်းကို အကျိုးပြုမှုပေါ်မှာ နှိုင်းယှဉ်မယ်ထင်တယ် (အထင်သက်သက်ပါ)။ ဘာကြောင့်လဲဆို သူဟာ စီးပွားရေးသမားတစ်ယောက်ဖြစ်နေတယ်လေ။ သူဈေးတွက်တွက်မှာပဲ။

ငါထင်တာတွေ မှားချင်လည်း မှားမယ်။ ငါ့လုပ်ငန်းက သေးပြီး ငါ့အဝန်းကျဉ်းနေတာလည်း ဖြစ်နိုင်တယ်။

ကိုယ့်ဘက်က ပိုင်ပြီဆိုရင်တော့ အောက်ကျခံလို့ တော့မဖြစ်ဘူးပေါ့။ မာနိုင်အောင်လည်း လုပ်ရမယ်။

စာကြွင်း - ကိုယ့်နိုင်ငံသားကို အလေးသာပေးထားတဲ့ နိုင်ငံသားစိတ်ဓါတ်ကိုတော့ ကြိုက်တယ်။
Angel Shaper said…
မှန်လိုက်တာ... ကိုဇော်ကြီးရ...
ဟုတ်တယ်....လက်မခံချင်ပဲ လက်ခံနေရတဲ့ အခြေအနေကြားကနေ ကြိုးစားအားထုတ်မှုပြုပြီး ထိုးနှက်ချက်အားလုံးကို အောင်မြင်နိုင်ဖို့၊ မြန်မာဆိုရင် အထင်သေးမခံရဖို့ အတတ်နိုင်ဆုံးကြိုးစားသင့်တာပေါ့။
အင်္ဂလိပ်စာမှမဟုတ်ပါဘူး အစစ အရာရာမှာပေါ့နော်။
ပိုစ့်လေးအတွက် ကျေးကျေးစ် ကိုဇော်ရေ..
Libratun said…
:) ငါတစ်ခုမေးမယ်။ အခုတစ်လော Marina Bay Sands, Sentosa World of Resorts တွေဖွင့်ပြီး လုပ်ခနည်း၊ အလုပ်ချိန်များ နိုင်ငံခြားသားတွေကို ပြည်တော်ပြန်ပို့တဲ့ ကိစ္စ ဘာလို့လဲ။ ငါပြောတဲ့ အချက်အလက်တွေက အဆင့်မြင့် ပညာတွေ နဲ့လုပ်ကိုင်တဲ့ သူတွေ နဲ့ သိပ်မဆိုင်ဘူး။ သူတို့မှာ အနိမ့်ပိုင်းက လူတွေနဲ့ ယှဉ်ရင် ပြဿနာ နည်းတယ်။ အောက်ကလူတွေက ၅၀၀ - ၇၀၀ ရနိုင်ပေမယ့် ၃၀၀ - ၄၀၀ နဲ့ လုပ်နေကြရတယ်။ အလုပ်ရှင်တွေ အတွက် ၁၀၀ - ၂၀၀ ဆိုတာ ဘာမှ မပြောပလောက်ဘူး။ဒါပေမယ့် ခံရတဲ့သူရဲ့ အားနည်းချက်တွေကို နင်းပြီး ထပ်ဖိနှိပ်တယ်။ အဲဒါကြောင့် ဒီလိုနိုင်ငံမှာ ရတဲ့လခ သုံးဖြုန်းပြီး မနေသင့်တော့ဘူး။ ငါ့နိုင်ငံသားဘက် ဘက်လိုက်တာတော့ မဟုတ်ပါဘူး။ မမျှတမှုမှာ အားနည်းတဲ့ဘက်ကနေတာပါ။ အမျိုးဖြစ်နေရင်တောင် မမျှမတလုပ်ရင် ငါဝေးဝေးမှာ နေမှာ။
kh thura said…
ကောင်းပါတယ် ဆက်လုပ်
Unknown said…
This comment has been removed by the author.

Popular posts from this blog

ကျောင်းဖွင့်စနေ့

ကျွန်တော် လေးတန်းပြီးသွားတော့ ငါးတန်းရောက်တဲ့အခါ ကျွန်းတောလမ်းပေါ်က အ.လ.က (၃) လို့ခေါ်တဲ့ နှစ်ထပ်ကျောင်းဆောင်လေးကိုပြောင်းတက်ရတယ်။ ဖေကြီးက အဲဒီကျောင်းက ကျောင်းသားဟောင်းကိုး။ အရင်တုန်းကတော့ အဲဒီကျောင်းကို အလကား ၃ လို့ခေါ်ကြတဲ့အထိ နာမည်ဆိုးခဲ့တဲ့ကျောင်းလေးပေါ့။ ကျွန်တော် မတက်ရခင် နှစ်အနည်းငယ်ကမှ နာမည်ပြန်ကောင်းလာလို့ အဲဒီကျောင်းကို ဖေကြီးက ပို့လိုက်တယ်။ ကျောင်းတက်တဲ့အချိန် နှစ်တိုင်းထူးခြားတာတစ်ခုရှိတယ်။ စတက်တဲ့နေ့တိုင်း မိုးရွာတာပဲ။ ကျောင်းစတက်တဲ့နေ့ စာစီစာကုံးရေးမယ်ဆို ကျွန်တော့်စာပိုဒ်တွေမှာ စိုရွှဲလို့။ မိုးနံ့တောင် သင်းနေရော။ ပြောင်လက်နေတဲ့ အင်္ကျီအဖြူ၊ ဘောင်းဘီ အစိမ်းရောင် တောက်တောက်လေးတွေ ကလည်း မိုးစက်လေးတွေနဲ့ ပဏံသင့်လို့။ နောက်မိုးကာအကြည်လေးတွေ၊ အရောင်လေးစုံလေးတွေ ကိုယ်စီနဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ မိဘတွေနဲ့ အတူ အားလုံး ကျောင်းတံခါးကြီး ဖွင့်ချိန်ကို မျှော်တလင့်လင့်နဲ့ စောင့်နေလေရဲ့။ `ကလောင်´ ..... `ကလောင်´ ...... `ကလောင်´ ကျောင်းခေါင်းလောင်းထိုးပြီ။ အေးစက်နေတဲ့ ခေါင်းလေးတွေ ထောင်သွားတယ်။ ဗွက်တွေဆော့ ထားတဲ့ ခြေထောက်လေးတွေ လှုပ်ရှားလာတယ်။ ဟော... ဆီမထည့်ရသေးတဲ့ ကျောင်းတံခါးကြီး တစ

A leaf

ခုတလော ဓာတ်ပုံတွေလိုက်ရိုက်နေတယ်။ ဖေ့ဘွတ်လည်း သိပ်မတက်ချင်၊ ဂူဂဲလ်ပလပ်စ်တော့ သုံးပေမယ့် သူငယ်ချင်းတွေက ဖဘမှာချည်းဆိုတော့ မဖြစ်ပြန်။ ဟိုရောက်ဒီရောက်ပေါ့။ ဒီလိုနဲ့ပဲ ဘလော့ဒေးနေ့က မဇွန်ရဲ့စာတို့ တခြားစာတွေ ဖတ်ဖြစ်တော့လည်း ဘလော့ကို ပြန်လာချင်လာပြန်ရော။ ဒါနဲ့ စည်စည်ကားကားလေးဖြစ်အောင်လို့ နီးစပ်ရာကို ပုံလေးတပုံပေးပြီး အက်ဆေး ဒါမှမဟုတ် ကဗျာလေး ဇွတ်ရေးခိုင်းလိုက်တယ်။ တော်တော်များများ ရေးပေးကြပါတယ်။း) သူတို့နဲ့ ကျွန်တော့်ကဗျာလေးကို ဒီမှာ တင်ဖြစ်သွားတယ်။ ကဗျာလေးကတော့- A Leaf Being grateful to meet with a droplet,  Life's not simple and easy all the time though. Fortifying and surviving from the teases  Of people and insects. With the help of the droplets and the mother soil,  To its best, A Leaf is giving the beauty to the Earth. သစ်ရွက်ကလေး ရေစက်လေးနဲ့ တွေ့နေရရင် ဘ၀ကြီးကအဆင်ပြေနေပြီ။ ကြာကြာနေရလောက်အောင်တော့လည်း ဘ၀ကြီးက လွယ်ကူ ရိုးရှင်းခြင်းမရှိခဲ့ဘူး။ တုတ်တွေ လက်တွေရဲ့ တွန်းထိုးဝှေ့ခြင်း ပိုးကောင်တွေရဲ့ ထိုးဖောက်လှိုက်စားခြင်းတွေအောက် လူးလှိမ့် တွ

ဆေးလိပ်လက်ဆောင်

မဝယ်ဘူး မယ်ခူးတဲ့ ဖက်စို၊ မီးမကူ နေပူမှာ မကင်အားလို့၊ ထားရတယ် အိပ်ရာအောက်မှာ၊ မင်းသောက်ဖို့ကို။ ညှာအနား ရှေ့သွားနှင့် ကိုက်လို့တို၊ မချိုတောင့်လိပ်ဆေး။ ပိုးမကူ ဝါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်။ ငယ်ချစ်မောင် ရွှေဝသွားကို၊ ပါးလိုက်ကဲ့လေး။ မယ်ခွေရဲ့ မာစတာ ပိစ်လေးပါ။ အရင်က ကဗျာလေးတွေ အရမ်းကြိုက်လို့ လိုက်ဖတ်ပြီးတင်နေပါတယ်။ စကားပြေရေးဖို့တော့ အိမ်စာပေးလိုက်မယ်နော်။ း) အဟွတ် အဟွတ်